Friday, May 20, 2011

လွမ်းနေဆဲ


ချစ်သူ
   နင်ကတော့  ချစ်တယ်ပြောရုံပဲ
  ငါက တော့ နှလုံးသား တစ်ခုလုံး ပေးထားရတာ။။။။။
ချစ်သူ
  နင်ကတော့ လွမ်းတယ်ဆို ရုံပဲ
  ငါကတော့ မျက်ရည်နဲ့ လမ်းခင်းခဲ့ရတာ။။။။
ချစ်သူ
  နင်ကတော့ မေ့လိုက်ကြစို့ ဆိုရုံပဲ
   ငါကတော့နှလုံးသား တစ်ခုလုံး 
  မိုဲးပြိုမတတ် စတေးခဲ့ရတာ
  ငိုကျွေးဖို့ တောင်
  အင်အားမ၇ှိ လောက်အောင်ပါပဲ။။။။။

ချစ်သူ 
 နင်ကတော့ နားလည် ပေးပါ ဆိုရုံပဲ
  ငါကတော့ကျိန်စာသင့်နေတဲ့ ငှက်ငယ်လို
   မပျံသန်းနိုင်တော့ပဲ နေရာမှာတင်
   ခြေစုံ ရပ်နေမိဆဲ။။။။။။
ချစ်သူ
  နင်က မေ့လိုက်ပြီ  ဆိုပေမဲ့
  ငါကတော့ ဘာမှမရှိတော့ တဲ့ ဘလာအတိ
  နှလုံးသားနဲ့  လွမ်းနေမိဆဲပေါ့ဟာ............................။။။။။