Thursday, April 28, 2011

ဘေးထွက်ဆိုးကျိုး

Forward message.....

သူငယ်ချင်းများမိန်းကလေးအတွက် အထူးသတိထားစရာ ....
တရုတ်ပြည်ကနေ မြန်မာပြည်ကိုရောက်နေတဲ့ SEX Coffee အချို့ကို အင်တာနက်ထဲမှ ရှာဖွေပြီး တင်ပေးလိုက်ပါတယ် ..။
မိန်းကလေးတွေကိုတိုက်တဲ့ ကော်ဖီမစ်ပုံက နက်စ် ကော်ဖီ အနီထုပ်ပုံစံတွေပါ ..။
အဲဒါတွေ က ရုတ်တရက်ကြည့်ရင် နက်စ်ကော်ဖီမစ်နဲ့ ပုံစံတူတဲ့အတွက် အသုံးများတယ်လို့သိရပါတယ် ..... သတိပြုစရာပါ

ယောကျာ်းလေးတွေကလည်း ကော်ဖီသောက်တိုင်းလန်းတယ် မဖြစ်ချင်ကြပါနဲ့ ...။
ကိုယ့်မှာလည်း ဇနီး၊ ရည်မှန်းထားတဲ့ ချစ်သူရည်စား၊ အမ၊ ညီမ၊ တူမ တွေရှိရင် ....
သူတို့ ရဲ့ချစ်သူ၊ ရည်းစား၊ ခင်ပွန်းမဟုတ်တဲ့ ခုမှသိတဲ့ တစိမ်းယောက်ျားတွေက တိုက်လိုက်မှာကို...ကိုယ်ချင်းစာကြပါ..။

ယောက်ျားလေးတွေအတွက် ဘေးထွက်ဆိုးကျိုးက .....
သုံးရင်းသုံးရင်းနဲ့ တစ်သက်လုံး အဲဒါမသုံးရင် ယောက်ျားမပီသတော့သလိုဖြစ်ပြီး ဖြတ်လိုက်ရင် လုံးဝ ယောက်ျားဘ၀ ရှုံးမှာပါ ..။
အများဆုံး အထုပ် ၃၀ အတွင်းမှာ ယောက်ျားတွေအတွက် အဲဒီလိုဆိုးကျိုးရှိတယ်လို့ စာတွေထဲမှာ ဖတ်လိုက်ရပါတယ် ..။
ဘယ်ဆေးကုမဏီကမှ တင်သွင်းဖြန့်ဖြုးတာမဟုတ်၊ ဘယ်လို ကျန်းမာရေးစစ်ဆေးခွင့်ပြုချက်နဲ့မှ ထုတ်လုပ်တာမဟုတ်တဲ့အတွက်....
ဟော်မုန်ုးဆေးတွေ၊ တားဆေးတွေလိုမဟုတ်ပဲ ဘေးထွက်ဆိုးကျိုးက ပိုများပါတယ် ..။ မူးယစ်ဆေးဝါးပါပဲ ..။
မိန်းကလေးတွေ စိတ်မပါရင် စိတ်ပါအောင်ဖန်တီး၊ ကိုယ်စိတ်မပါရင် စိတ်ပါအောင်ဖန်းတီးရင်းနဲ့ ဒီ ခဏတာသာယာမှုအတွက် ဘ၀ပါ တုံးမှာပါ ..။

မြင်ဖူးအောင်အောက်မှာပုံတွေပါ။

imagebam.com imagebam.com imagebam.com imagebam.com


အလင်းစေတမန်မှဖြစ်ပါသည်။

Sunday, April 24, 2011

ကမ္ဘာပျက်တဲ့ည

ဒီနေ့ ၁၅ နာ၇ီတောင် အလုပ်လုပ်လိုက်၇တော့ လူက ဖတ်ဖတ်ကိုမောပီ တကိုယ်လုံးကလဲ ကိုက်ခဲနေတာ ....... အိမ်ပြန်ေ၇ာက်တာ ည ၁၂.. အိမ်ထဲဝင်တော့ အဖေ က ဘီယာသောက်နေတာကိုတွေလိုက် သမီးပြန်လာပီလားတဲ့ ဟုတ်လို့ ... အဖေနဲ့ ထမင်းအတူတူစား၇အောင်လေး ... သိလိုက်ပီ ငါကို ၇စ်တော့မယ် ဆိုပီ .. မစားတော့ဘူး  အဖေ သမီးပင်ပန်းလို့ အိပ်တော့မယ်လို အပေါ်ကို တက်လာတယ် အမေလဲ အိပ်ဖို့ လုပ်နေတယ် ခနနေ ကိုယ်လက်သန့်၇ှင်းေ၇းလုပ်ပီ အိပ်ဖို့ လုပ်တုန်း ..အမေနဲ့အဖေ စကားများတာ ကြားတော့ ပြေးဆင်းမိတယ် အဖေ၇ယ် ဘာဖြစ်တာလဲ မိုးချုပ်နေပီကို ဘာဖြစ်ကြပြန်ပီလဲ .. စိတ်ညစ်တယ်တကယ်ပါဘဲ .. ပြသာနာ အဘွားကို မကန့်တော့လို့သင်္ကြန်တွင်းမှာ .. ကန့်တော့စ၇ာလား အဖေ၇ယ် အဘွားတာ သမီးတို့လို့ အဘွား၇ဲ့ သွေးအဖြစ်မှ မသတ်မှတ်ထားတာ ကလေ့ကချေလိုပြောထားတယ်လေ သူသွေးမဟုတ်ဘူးသူပြောထားတာကို သမီးတို့ကသွား ကန်တော့စ၇ာလား အမေက လဲ သူကို တခြားအိမ်မှာပို့ဆိုတာကြီးဘဲ .. စိတ်ထဲမှာတော့ ဒီစောက်မျိုးတွေ ကိုယ်ထမင်းကိုယ်စားပီ ကောင်းကောင်းမနေကြဘူး .. လူများအိမ်တွင်းကို တော်တော်ဝင်၇ှုပ်တယ် သေလဲမသေနိုင်ကြတော့ဘူး .. စိတ်ထဲကနေပြောမိတယ် အဖေက သူအမေကိုထိတော့ . စပ်စပ်နာတာပေါ့ ... အ၇က်သောက်ပီ ငါကိုလာပြောတာ သောက်စိတ်မှတ်မ၇ှိသေးဘူးထင်တယ် ..ပြန်ပီပြောပြတာတောင် ဆ၇ာလုပ်တယ်တဲ့ ဘာဆ၇ာမှလဲ မလုပ်၇သေးဘူး.. အဖေကို မချစ်၇င် သမီး အလုပ်ထွက်မလုပ်ဘူး အဖေ .. လူများတွေက သမီးတို့မိသားစု ပြိုကွဲတာကို လိုချင်နေကြတာလေ .. မေမေကတော့ ခွဲမယ် မပေါင်းဘူး .. အဖေက လဲ မပေါင်းဘူး အိမ်ဖိုးအားလုံးသူတာဝန်ယူမယ် 911 ကိုခေါ်တဲ့.. စိတ်ထဲကတော့ အော် ခေါ်တိုင်းအဆင်ပြေမယ်တဲ့လား ဒီအချိန်ကြီးမှာ ငါလဲ ဘီယာ ၂ဗူးလောက်မော့ပီ ပြန်ပြောလိုက်၇င်တော့ ပွဲကောင်းအုန်းမယ်.. စိတ်ကိုပြန်လျော့ ပြန်လျော့ .ဖြစ်နိုင်၇င် ချက်ချင်းတောင် ပေးခွဲလိုက်ချင်တယ် မေမေ စိတ်ဆင်း၇ဲတာကို မမြင်ချင်တာ အဆုံးဘဲ ... မသေခင်တုန်း လုပ်ထားကြပေါ့ စနေနေ့နဲ့ တနင်္ဂနွေနေ့ကို မုန်းတယ် အဖေ အ၇မ်း၇စ်ပီ သောက်ပြသာနာတွေ ၇ှာတဲ့နေ့ ..စိတ်တွေထိန်းထားတာတွေ ပေါက်ကွဲချင်နေတာလဲ အသေဘဲ .. အဖေ ပြသာနာတွေ၇ှင်းချင်၇င် မနက်ဖြန် မှ အ၇က်မသောက်ဘဲ၇ှင်းတာ ပိုကောင်းမယ်ထင်တယ်နော် ဆိုပီ လှေကားဘေးမှာထိုင်ချပီ ဖုန်းမှာ record ဖမ်းဖို့ ၇ှာနေတုန်းမှာ ဖမ်းပီတာတွေ အားလုံးပျက်ပါလေေ၇ာ.. ငါနှယ် အ၇င်ဘ၀ကများ ဘာများလုပ်မိလို့ ဒီဘ၀မှာ ဒီလို လာကြုံနေ၇ပါလိမ်နော့်... ဒင်းတို့သာ ၇န်ကုန်မှာဆို၇င် ငါလက်ချက်နဲ့ သေလောက်ပီ သေမျိုးတွေ ဒါကြောင့် ဒင်းတို့က လူစဉ်မမှီဖြစ်နေတာကို ... လူတောတောင် ဒင်းလို့မတိုးနိုင်ဘူးမလား .. ဆုတခုတာတောင်းလို့၇၇င် ဒင်းတို့နဲ ဝေးဝေးနေနိုင်ပါစေ .. အဖေကို နားမထိုးပါကြပါနဲ့လိုတာ ဆုတောင်းချင်မိတယ် တကယ်ဘဲ...သမီးအမေ လမ်းခွဲချင်၇င် အဖေ ခွဲပေးမယ် အားလုံးကို တာဝန်ယူပေးမယ် အဖေလုပ်စားကို ယူစားကြပေါ့.. လမ်းခွဲချင်နေတာကို ဒါမှ မယားကြီးကို ပိုက်ဆံပေးလို၇မှာ.. မယားကြီးသမီးကို ပိုက်ဆံပို့ပေးချင်နေတာကို ... စော်ကား၇င် ငါဒုခေ၇ာက်မယ်ဆိုတာ ငါသိတာဘဲ ..ေ၇ာက်လဲေ၇ာက်ပါစေကွယ် ငါလဲ မြန်မြန်သေ အေးမှာ ဒါမှာ ဒီစောက်မျိုးနဲ့ မပတ်သက်၇မှာ ..ဒီညလဲငါကောင်းကောင်းအိပ်၇မှမဟုတ်ဘူး . ၀တ်မလဲကြစေနဲ့ စောက်မျိုးတို့ေ၇းးးးးးးး.

Saturday, April 23, 2011

ချစ်သူ သိစေချင်


ချစ်သူ
နင်ကို သတိရရင်
ငါမရေးတတ်တဲ့ကဗျာတွေကို ..
ငါရေးချင်မိတယ်.....

ချစ်သူ
နင်ကို ငါလွမ်းရင်
ငါမနားထောင်ဖူးတဲ့ အလွမ်းသီချင်းတွေကို ....
ငါနားထောင်ချင်ခဲ့တယ်....

ချစ်သူ
နင်ကြောင့် ငါပျော်ရွင်ခဲ့ရင်
ငါမခေါ်ဖူးတဲ့ နင်ဖုန်းနံပါတ်ကို....
ငါခေါ်ခဲ့တယ်.....

ချစ်သူ
နင် ငါကို ခေါ်ရင်
ယောကျာင်္းလေးတစ်ယောက်တည်းနဲ့အတူ မလျှောက်သွားဖူးတဲ့ နေရာကို...
ငါသွားရဲခဲ့တယ်.....

ချစ်သူ
နင်ကြောင့် ငါဟာ အရာရာတိုင်းကို ...
ငါစွန့်လွတ်ရဲခဲ့တယ်.....

ဒါဟာ နင်ကို ...
ငါကိုယ်တိုင်က ချစ်မိသွားပြီဆိုတာ
သိစေချင်တယ် ချစ်သူရယ်.....

အ၇မ်းနာသွားတဲ့မောင်လေး

 အိမ်ပြန်ေ၇ာက်တော့ ၇ိုက်ထားတာ

အိမ်မက်ကောင်းနေတုန်း မေမေကအောက်ကနေ အသံကျယ်ကျယ် အော်ခေါ်လိုက်တာ တချက်နဲ့တောင် လန့်နိုးသွားတယ် မောင်လေး ငိုတဲ့အသံက အ၇မ်းနာတဲ့အသံနဲ့အော်ပီ ငိုနေတော့ ဇင်လဲ မြန်မြန်အောက်ထပ်ကို ဆင်းခဲ့တယ် ဘာဖြစ်လဲ ဘာဖြစ်တာလဲ မောင်လေးရဲ့ နှုတ်ခမ်းက ဟက်သက်ကြီးကွဲနေတာတွေတော့ အ၇မ်းလန့်သွားတယ် သွေးတွေအများကြီးဘဲ မဖြစ်ဘူးဆေး၇ုံသွားမယ်ဆို ယူစ၇ာ၇ှိတာယူပီ ကားပေါ်တက်ပီ တခါထဲ ဆေး၇ုံကိုသွားတော့ မောင်လေးက ငိုတာက တော်တော်နဲ့မတိတ်ဘူး ဒီလောက် ဂ၇ုစိုက်နေတာကို ထိသွားသေးတယ် ခုံစောင်းနဲ့ စောက်မိမှာတော့ မကွဲဘဲနေတော့မလား အေးလေး ကလေးဘဲ ဘယ်နားလည်မလဲ .. မောင်လေးခမျာ နာလွန်းလို့ ပါးစပ်ကလေးကို ဟပီ ငိုနေတယ် ငိုတာများတော့ ခနလေ အိပ်ပျော်သွားတယ် ဆေး၇ုံေ၇ာက်တော့.. ပြောစ၇ာမေးစ၇ာဖြေစ၇ာလုပ်ပီတော့ နာ၇ီဝက်ကျော်တော့ စောင့်တော့ ဆ၇ာဝန်ကေ၇ာက်လာတယ် ဘယ်အချိန်ဖြစ်လဲပေါ့ ..ကလေး နှုတ်ခမ်းကိုလာကြည့်ပီ ၃ချက်လောက် ချုပ်၇မယ်တဲ့ ..ထုံဆေးနဲ့ ဆိုတော့ ချုပ်ပေါ့ ကြီးလာ၇င် အနာ၇ွတ်ကျန်ခဲ့မှာဆိုလို ထုံဆေးလဲထိုး ချုပ်လဲချုပ်တော့ ကလေးခမျာ မှာ ချုပ်ထားတော့ အော်ငိုတာပေါ့ သနားလိုက်တာ အ၇မ်းဘဲ ဖြစ်နိုင်၇င် မောင်လေးအစားတာ ခံပေးလိုက်ချင်တယ် ...၃ခါချုပ်ပီတော့ အငိုတိတ်သွားတယ် ၈ နာ၇ီကနေ သွားလိုက်တာ ၁၀ ကျော်မှာပြန်ေ၇ာက်ခဲ့တယ် ဒါက အမေ၇ိကန် emergency ကိုသွားတာ အဲကလိုကြာတာ... Emergency သွား၇၇င် အလွန်းဆုံးး၂နာ၇ီအချိန်ကုန်တာဘဲ ... ဘာဘဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်နဲ့ ပီသွားတော့လဲ စိတ်နဲနဲချမ်းသာတာပေါ့ .. ထုံဆေးပြဲ့သွား၇င် မောင်လေး ထပ်ငိုနေမှာဆိုတာ သိနေတော့ စိတ်မကောင်းဘူး..အိမ်ပြန်ေ၇ာက်တော့ .. သူအကိုတွေက ညီလေး နေကောင်းသွားပီလား ချုပ်ထားတယ် ငိုလား အမျိုးမျိုးမေးခွန်းပေါင်းသောင်းခြောက်ထောင်မက မေးတော့တာဘဲ .. ပါးစပ်က ချုပ်၇ာကိုတွေတော့ ညီလေးအ၇မ်းနာမှာပေါ့.. သနားနေကြတာ  
                                                 
      

Friday, April 22, 2011

Fajita Seasoning နဲ့ လိမော်သီးသုပ်














ဒီနေ့ကျောင်းပိတ်တော့ ပျင်းတာနဲ့ ဘာလုပ်၇င်ကောင်းမလဲလို စဥ်းစားမိတယ် ဇင်က ဟင်းမချက်တတ်ဘူး ချက်တတ်ကြော်တတ်တာတခုဘဲ၇ှိတယ် ထမင်းကြော်... ဇင် သာ ကျောင်းပိတ်၇င် ထမင်းကြော်ကျွေးတတ်တယ်.. ကြော်ပီ၇င်လဲ  တအိမ်ကလုံးက ခေါင်းမဖော်အောင်စားတာ အဲလောက် တော်တာ..ကျန်တာတော ဘာဆို ဘာမှချက်တတ်ဘူး .... ဥတောင် ဖြောင့်ဖြောင့် မကြော်တတ်ဘူး ဟီဟီ ... မေမေက ပြောတယ် အပျိုဖြစ်ပီ ဟင်းမချက်တတ်၇င် ဘယ်ယောကျားက ယူမှာလဲတဲ့... ဇင်လဲ ပြန်ပြောလေ့၇ှိတဲ့စကားကတော့ ဟင်းချက်တတ်တဲ့ ယောကျားကိုဘဲ ၇ှာယူမယ်လို ပြောတတ်တယ် ..ဟီဟီ ဒေါ်ငယ်က ဟင်းချက်တာ အ၇မ်းကိုကောင်းတော့ မေမေက ဒေါ်ငယ်လိုမျိုးချက်တတ်အောင် အတုယူခိုင်းတယ်လေ  မြန်မာဟင်းတွေက မချက်တတ်ဘူး ချက်၇င်လဲ ကြာတယ် မေမေက သင်ပေး၇င် သင်တာက နဲနဲ ဆူနေတာက များနေတယ်တော့ နားပူတယ်.. ဒါကြောင့် အားကျမခံဘဲ  ကျောင်းက class တခုသွားယူလိုက် ချက်ပြုတ်နည်းသင်ပေးတဲ့ class ပေါ့ .. ၁ပတ်တခါချက်တော့ မြန်လဲမြန် စားလို့လဲကောင်းပေါ့ .. အပေါ်က ပုံလေးကတော့ ၁၀မိနစ်နဲ့အပီ ကျက်တယ် .. ချက်လို့ပီေ၇ာ မောင်လေးေ၇ာ ကိုကို ပါ လာစားတာ မေမေဆို စားနေ၇င်နဲ့ နင်ချက်တာ ကျက်ေ၇ာ ကျက်၇ဲ့လားတဲ့ ... ချက်ပါတယ် ကျောင်းမှာသင်ပေးတုန်းက ၁၀မိနစ်နဲ့အပီ ကျက်တာ ဆိုပီပြန်ပြောတာ.. ဇင်က ကိုယ်ချက်ပီတာဟင်းကို ပြန်မစားဘူး အနံ၇တာနဲ့ မူးပီ ဗိုက်ဝသွားလို့ ဟီဟီ မြန်မာလိုဆို၇င်တော့ ကြက်သားကြော်လို့မျိုးပေါ့ ..ချက်နည်းက လွယ်ပါတယ် Fajita seasoningဆိုတဲ့ အမှု့န်တတုပ်ဝယ်ပီတော့ ကြက်သားကို ၅မိနစ် ကြော် ဆီနဲနဲဘဲထည့်ပီတော့...ပီ၇င် ငရုတ်သီးအပွတခြမ်း ...တလုံးထည့်ချင်လဲ ၇တယ် .ကြက်သွန်နီက တချမ်း အကြီးနော် အသေးဟုတ်ဘူး အားလုံးသေချာလှီးထား.. ပီ၇င် ကြက်သားကြော်တာ ၅မိနစ်ပြည့်၇င် Fajita အမှု့န်ကိုထည့် ပီ၇င် လှီးထားတဲ့ ငရုတ်သီးနဲ့ ကြက်သွန်နီကိုေ၇ာထည့်ေ၇ကို နဲနဲ လေးေ၇ာ သိပ်မများစေနဲ့.. ဘယ်လောက်ထည့်၇လဲဆိုတော့ မေ့သွားလို့ :D သိပ်မများစေနဲ့ပေါ့နော် ... အားလုံးထည့်လို့ပီ၇င် ၅မိနစ်လောက်ထား အချိန်ပြည့်၇င် စားလို့၇ပီ ..

ဒါကတော့ လိမော်သီးသုပ် 
ပျင်းစ၇ာကြီးအိမ်မှာနေ၇တော့ အလုပ်လဲမသွား၇င် အခန်းလဲမ၇ှင်းချင်တော့.. ဘာလုပ်၇မှန်းမသိတော့.. မျက်လုံးက စားပွဲပေါ်ေ၇ာက်ခဲ့တယ် အဲမှာစတွေတာဘဲ လိမော်သီး အပြည့်ဘဲခြင်းထဲမှာ.. ဒီအတိုင်းစား၇တာ ၇ိုးတယ်ဆိုပီ သုပ်စားမယ်လို မောင်လေးတွေအတွက်တော့ သကြားနဲ့ေ၇ာသုပ်ပီ ကျွေးလိုက်တယ် .. ဇင်အတွက်ကိုတော့ ငပိ၇ယ် င၇ုပ်သီးမှုန်၇ယ် အချိုမှုန့် ဆား ပီတော့ေ၇ာသမ မွေပီ သုပ်လိုက်တော့ .. ပုံထဲကအတိုင်းဖြစ်သွားတာပေါ့ ..င၇ုပ်သီးမှုန့်က သိပ်မထည့်၇ပါဘူး ၃ဇွန်းဘဲ ထည့်၇တာ .. ဘယ်သူမှကို မစားးကြတာ ဘယ်သူမှမစားတော့ လွှင့်ပစ်၇မှာ နမျောစ၇ာကြီးဆိုတော့ ကိုယ်ဖာတာ အတင်းထိုးထည့်ပီစားတာတော့. စားလိုကုန်တော့ ခေါင်းအ၇မ်းကိုက်လာခဲ့တယ် မ၇တော့ဘူး ခနအိပ်လိုက်တော့ နိုးလဲနိုးလာတော့ မျက်နာက ဖေါပီ အန်ချင်လာတာ... သွားအန့်ပစ်လိုက်တာ မနက်ကြတော့ အလုပ်မသွားနိုင်တဲ့အထိဘဲ နေမကောင်းဖြစ်သွားတာ . အစားတလုပ်နဲ့ အိပ်၇ာပေါ်မှာတောင် လဲနေ၇တဲ့အထိ လုပ်လိုက်တာ တသက်သာ မှတ်ကေ၇ာပေါ့ ..

အ၇မ်းတော်တဲ့ဆ၇ာဝန်


တော်တော်ဆိုးတဲ့ ငါရောဂါ
အသား(အမဲနဲ့ ကြက်သား) နဲ့ Seafood စားရင် အရေပြားယားတတ်တာ ငယ်ငယ်ကတည်းကပါ ...
ပျောက်ချင်လို့ မိသားစုဆရာဝန်ကိုပြောပါတယ်ဆိုနေ့မှ
သူပြောမှာဘဲ စိတ်ဓါတ်ပါကျတယ် ...
ပြောလိုက်တဲ့ ပုံက ..မစားပါနဲ့တဲ့ စားရင် ယားမှန်သိရင်ရှောင်တဲ့ ..
မရှောင်နိုင်လို့ ဆေးကုခွင့်တောင်းပါတယ်ဆိုနေမှာ လာရှောင်ခိုင်းနေတယ် .....
အော်အော် တော်တော်ကောင်းတဲ့ ဆရာဝန် ရှောင်ခိုင်းတဲ့ အစားကလဲ သိပ်သိပ်ကြိုက်တဲ့ အစားဖြစ်နေတယ် .....
မနေနိုင်ဘဲစားမိလို့ တခုဖြစ်ရင်emergency ခေါ်ပြီ ဆေးရုံကို သွားပြတဲ့ ..သူပြောမှာလား အဲဒါတော့သိတာပေါ့
တော်တော် ဦးနှောက်မရှိတဲ့ ဆရာဝန် ...

Thursday, April 21, 2011

ကမ္ဘာတဘက်ဆီမှာနေပေမဲ့












ကမ္ဘာတစ်ဘက်ဆီမှာနေ ပြီး
အချိန်တွေဘယ်လိုဘဲ နေ့ ညဖြစ်နေပါစေ
ကျမချစ်တဲ့ ကိုနဲ့  ပြန်ဆုံပါစေလို့ 
အမြဲတမ်းဆုတောင်းနေပါတယ် ကို .....
ကိုနဲ့  ပြန်ဆုံနိုင်ဖို့ ကြိုးစားနေပေ့မယ်
ကိုရဲ့ အချစ်ကို နောက်တစ်ယောက်ဆီမှာ
မဝေမျှပါနဲ့ ကို....
အလုပ်နဲ့  ကျောင်းအမြဲတမ်းအလုပ်ရှုပ်တဲ့ ကျမ
ကို နဲ့  တွေဖို့ ကျမ ကြိုးစားနေပါတယ် ကိုရယ် ...
ဘယ်လိုဘဲ ကျမပင်ပန်းပါစေ
ကိုကို့  ကျမ တွေ့ ရင် ကျမကျေနပ်ပါပြီ ကိုရယ်......


မောင်လေးအသစ်ကလေးအကြောင်းပေါ့


























ဇင်က တဦးတည်းသော သမီး..မြေး...တူမ အဖြစ် ၁၂ နှစ်အထိနေခဲ့ ၇တယ် ...သူများကလေးတွေကိုမြင်၇င်အ၇မ်းချစ်တတ်တာ .ဇင်က ငယ်ငယ်ကတည်းကမိဘနဲ့တူတူမနေခဲ့၇ဘူး... အဘွား..ဦးလေး..အဒေါ်တွေရဲ့ လက်ထဲက ကြီးလာတာလေး ...ဇင်မိဘတွေကနိုင်ငံရပ်ခြားမှာနေတာပေါ့....ဇင်က မိဘကို အဲလောက်လဲ မချစ်ပါဘူး ဇင်က ဇင်အဘွားနဲ့ ဦးလေး အဒေါ်ကိုအရမ်းချစ်တာ ...နောက် မေမေကမောင်နမထဲမှာအ၇င်အိမ်ထောင်ကျတော့..တဦးတည်းသောသမီး မြေး တူမဆိုတော့ ..ဖူးဖူးမှုတ်ထားကြတော့ ဇင်ကို အဘွားတို့က အ၇မ်းချစ်တော့ မေမေက ဇင်ကိုမေမေတို့နဲ့ နေဖို့ခေါ်၇င် အဘွားတို့က မထည့်ချင်လောက်အောင် ဇင်ကိုချစ်တာ ..အဲဒါမို့လို့ပေါ့ ဇင်ကအ၇မ်းဆိုးတာ ဒါပေမဲ့ ဇင်ဦးလေးကိုတော့ အ၇မ်းကြောက်တာ ....မေမေက ဇင်ကိုအ၇မ်းချစ်တော့ မောင်လေးမွေးပေးမယ်တဲ့ ကြီးလာ၇င်ဇင်ကိုပြန်ကြည့် လို့၇အောင်လို့တဲ့ .ဇင်က ကလေးတွေဆိုအ၇မ်းချစ်တာ ....မေမေက မောင်လေးကို ဇင်၁၃နှစ်မှာ မွေးပေးခဲ့တာ ....မောင်လေး မွေးပြီတော့ မေမေကဇင်နဲ့အတူ၇န်ကုန်မှာ ပြန်လာနေတယ် ၁နှစ်လောက် ...ဇင်မှာ မောင်လေးကို ချစ်လို့တောင်မ၀သေးဘူး မေမေနေတဲ့ နိုင်ငံ၇ပ်ခြားကိုပြန်သွားတယ်...ဇင်ဆို မောင်လေးနဲ့မတွေ့၇တော့အ၇မ်းကိုဖျားခဲ့တာပေါ့ ....ဒီလို့နဲ့ဘဲ မောင်လေးက ၂နှစ်ေ၇ာက်တော့ ဇင်က ၁၄နှစ်၇ှိပြီပေါ့ မေမေက သူနဲ့အတူနေဖို့ ဇင်ကိုလာခေါ်တော့တာဘဲ ....အဲတုန်းက ဇင်ကိုအဘွားတို့ မသွားစေချင်ခဲ့ဘူး ...မေမေက ပြောတယ် ဇင်ရဲ့ ပညာေ၇းအတွက်ပါဆိုပြီ ဇင်က မေမေတို့နဲ့ လိုက်လာ၇တယ်..မေမေတို့နေတဲ့နေ၇ာကိုပေါ့ အဲချိန်မှာမေမေနဲ့အတူ ၁နှစ်နေပြီအချိန်မှာပေါ့ မေမေဆီမှာ နောက်ထပ်ကလေးလေး၇ှိနေပြီတဲ့ဇင်မှာပျော်လိုက်တာ အ၇မ်းဘဲ သိလား ဒါပေမဲ့မပျော်တာကမောင်လေးတဲ့ ဇင်က ညီမလေးလို့ချင်တာလေ့ ပြီတော့ ဇင်နဲ့လည်းအသက်အ၇မ်းကွာနေတယ်လေး ..ဇင်မောင်လေးက ၃နစ် ဇင်က ၁၅နစ် အခုမွေးလာမဲ့ မောင်လေးက မွေးကင်းစလေးပေါ့ နော် ....ဇင်က ၁၆နှစ်မှာ မောင်လေး ငယ်ငယ်လေးက ၁နှစ်ဘဲ၇ှိသေးတာပေါ့ ...ဇင်က သူကိုချစ်လွန်းလို့ အပြင်တောင်သိပ်မသွားဘူး....ဒါပေမဲ့ ဇင်ကညီမလေးအ၇မ်းလို့ချင်တာလေး ဇင်က ၁၇နှစ် မောင်လေးလတ်ကလေးက ၅နှစ် မောင်လေး ငယ်ငယ်လေး ၂နှစ်၇ှိပြီပေါ့ .ဇင်ဒီမှာ၇ှိတဲ့ အဒေါ်တွေကမိန်းကလေးဘဲ မွေးထားပေးတော့ ဇင်က မိန်းကလေး တူမလေးတွေကိုအ၇မ်းချစ်၇တာပေါ့နော် မုန်းဖိုးလေး၇၇င် တူမလေးတွေအတွက အကျီင်္ဝယ်ပေး၇တာအမောပေါ့ မေမေကိုလဲ ပူဆာတယ် ညီမလေးမွေးခိုင်းပေါ့... မေမေက ပြောတယ် ညီမလေးမွေးပေးအုန်းမယ်တဲ့ ဇင်ကတော့အ၇မ်းပျော်တာပေါ့နော် ..ဒါပေမဲ့မပျော်ဘူး မေမေကိုပြောလိုက်တယ်....မေမေ၇ယ် မမွေးပေးပါနဲ့တော့ ဇင်လဲ မလိုချင်တော့ပါဘူးလို့ ။။။။ဇင်နဲ့အသက်အ၇မ်းကွာတယ်လို့ပြောလိုက်တော့ မေမေက ပြန်ပြောတယ် ....သမီးမောင်လေးက သမီးကြီးလာ၇င် သူတိုက သမီးကိုကြည့်မှာမဟုတ်ဘူးတဲ့ ...ညီမလေးဘဲကြည့်မှာတဲ့ ဆိုတော့ ဇင်ကလဲ ညီမလေးကိုလို့ချင်လာခဲ့တယ် ..ဇင်မောင်လေးအလတ်ကလေးကတော့ ညီမလေးလို့ချင်တယ်လို့ပြောတယ်.. သူကိုညီမလေးမွေးပေး၇င် သူလိမ်လိမ်မာမာနေတော့မယ်တဲ့ဆို့တော့ မေမေကိုပြောတာပေါ့ ....ဇင်ကလဲ လို့ချင်တယ်လိုပြန်ပြောလိုက်တာပေါ့ ...အခုမေမေဗိုက်ထဲမှာ ညီမလေးလား မောင်လေးလားမသိ ဇင်တို့ အိမ်ထဲကိုလာတော့မယ်တဲ့ ဘယ်လောက်ပျော်ဖိုကောင်းလိုက်တဲ့သတင်းလေးလဲ...
















                                                                                     




အပျော်တွေနဲ့အတူ မေမေကလေးမွေးခဲ့တယ် ကလေးမွေးတာအစ ဇင် ကြည့်ခဲ့၇တယ် မေမေကလေးမွေးတာကို မေမေကို ဇင်သနားတယ်.. နာပ့်မ က အော်လိုက်ပါတယ် ယောကျားလေးနဲ့ ပထမ က စိတ်ထဲက ထစ်ခနဲ ဖြစ်သွားတယ် ဟာာ အတည်ကြီးဘဲ ယောကျားဆိုတာ ပထမတုန်းကတော့ မယုံပါဘူး .. ယောကျားလေးဆိုတာကို အခုတော့ အတည်ကြီး ထွက်လာတာ ယောကျားလေးပေါ့ . ကလေး၇ဲ့ လည်ပင်းမှာ အချဉ်ကြီး၂ပါတ်လောက် ပတ်နေတယ် ဆ၇ာဝန်လဲ သေချာလုပ်ပေးတော့ သိပ်ပီ ဘာမှမဖြစ်ခဲ့ဘူးပေါ့ ...ကလေးထည့်ထားတဲ့ စဉ် ဆီကို ဖြေးဖြေးလေး လှမ်း ခဲ့တယ် မျက်လုံးလေးနဲ့ ကလေး အဂါင်္လေးကို လှမ်းကြည့်လိုက်တော့ အာာာာာာာားး တကယ်ယောကျားလေးဘဲတဲ့ .. စိတ်ထဲမှ နဲနဲတော့ ပျက်မိတယ် ဒါနဲ့ မေမေေ၇... လို အော်ခေါ်လိုက်တယ် ယောကျားလေးလို့ ခြေလက်အဂါင်္စုံတယ်နော် မေမေ မျက်နာလေးကတော့ သေးသေးလေး ၆ပေါင် ... စိတ်ထဲကနေ မပါသလိုနဲ့ ပြောမိတယ် မေမေကတော့ သိနေပါတယ် ဇင် မလိုချင်ဘူးဆိုတာ .. အငယ်ဆုံးမောင်လေး အသားလေးက ညှိုတယ် မောင်လေးတွေထဲမှာတော့ .. မေမေ အ၇မ်းပင်ပန်းနေပီ ကလေးမွေးနေပီတော့ ဖွားဖွားတာ၇ှိ၇င် မေမေက မပင်ပန်းလောက်ဘူးပေါ့ .. အခုတော့ မေမေက အ၇မ်းကိုပင်ပန်းတာပေါ့... နောက်တော့ ကလေး ငိုသံမထွက်လို့ မေမေ မေးတယ် ဘာလိုကလေးက မငိုတာလဲတဲ့ .. ကလေးလက်ကို အပ်နဲ့ဖေါက်ပီသွေးယူမှာ အသံထွက်တော့ ဇင်၇င်ထဲမှာ တကယ် မိခင်စိတ်အပြည့်နဲ့အ၇မ်းကို သနားပီ ကြင်နာမိတယ် အော် ကလေး၇ယ် တိတ်တိတ် မမ ကလေးကို အ၇မ်းချစ်မယ်နော်လို့ ပြောနေမိတယ် .. ဒါနဲ့ မောင်လေးကို သူတို့က ခေါ်သွားခဲ့တယ် ညနေလောက်တော့ ကလေးကို ပြန်လာပို့တယ် မေမေက ပင်ပန်းတော့ သူနဲ့မသိပ်တော့ဘူး ကလေးအဆောင်မှာသွားထားတာပေါ့ .. ဇင်လဲ ခနခန သွားချောင်းမိတယ် မောင်လေးတွေထဲမှာ ဒီမွေးကင်းစ မောင်လေးက ဇင်ေ၇ှ့မှာ ကိုယ်တိုင်မြင်ပီ မွေးလာတဲ့ကလေးလေးပေါ့ .. ကမ္ဘာသစ်ဆီကိုေ၇ာက်လာတော့ မမက ကလေးကို ကြိုဆိုပါတယ်ကလေး၇ယ် . မောင်လေးကို အဆာင်မှာသွားထားတော့ ဇင်စိတ်က သနားမိတယ် မောင်လေးကို အ၇မ်းဘဲ သူခမျာ မေမေနဲ့အိပ်ချင်မိမှာပေါ့နော် .. မေမေလဲ အ၇မ်းနာနေတယ် မေမေကို ကြည့်ပီ အ၇မ်းလဲ သနားမိတယ် မေမေ ကလေးမွေးတော့ ဖေဖေ မေမေအနားမှာ မနေပေးနိုင်ခဲ့ဘူး .. ဇင် ၇ှိနေခဲ့တယ် မေမေအနားမှာ ..မေမေ အားငယ်မိနေမယ်ဆိုတာ ဇင်သိပါတယ် အ၇င်ကဆို ဖွားဖွား ဦးဦး ဒေါ်ဒေါ်တွေ ၇ှိတော့ မေမေက ပျော်ခဲ့တယ်လေ အခုတော့ မေမေ ပျော်နေပေ့မဲ့ အ၇င်လိုတော့ ဘယ်ဟုတ်မလဲ  ဖေဖေ လာတော့ မေမေ မျက်နှာက အပြုံးတွေကို ဇင်တွေခဲ့တယ် မောင်လေးတွေလဲ မောင်လေးအသစ်ကို ကြိုဆိုကြတာပေါ့ .. ၃၇က်ပြည့်တော့ မေမေ ဆေး၇ုံကနေဆင်းခဲ့တယ် ... မေမေတော့ ပင်ပန်းနေတာပေါ့ ဒေါ်ငယ်ကတော့ မေမေစားဖို့အတွက် အလုပ်က ပြန်လာကတည်းက ချက်ပြုတ်ထားတာကို မေမေလဲ ဆာဆာနဲ့ စားခဲ့တယ် ဇင်အိမ်ထောင်ပြုလို့ ကလေးယူ၇င်မြန်မာပြည်မှာတာ ပြန်ပီ ကလေးမွေးချင်ခဲ့တယ် နာပေ့မဲ့ မိသားစု အမျိုးတွေကြားမှာ ဇင် မွေးချင်တယ်လို စဉ်းစားထားသလို မေမေလဲ အဲလိုဘဲဖြစ်မယ်လို ဇင်ထင်ပါတယ် .. အခုတော့ မောင်လေးအသစ်ကလေးကြီးနေပီ အ၇မ်းလဲ ချစ်ဖို့ကောင်းတယ်.. အပြင်သွားလို့ မောင်လေးအသစ်ကို ချီ၇င် ကလေးအမေလို့ ထင်နေကြတာ ဟီဟီ .. အော် မေမေ မွေးပေးတော့ ယောကျားလေးဘဲဖြစ် မိန်းကလေးဘဲ ဖြစ်ဖြစ် သွေးသား တော်စပ်တော့လဲ ချစ်၇ပြန်ပီ နောက်တယောက်ကို ... ချစ်စ၇ာကောင်းတဲ့ မောင်လေးတွေက ဘယ်လိုထိန်း၇မလဲဆိုတာကိုတော့ မသိတော့ဘူး ..


Tuesday, April 19, 2011

တိတ်တခိုးငိုကြွေး




သူရဲ့…..
ချစ်တယ်ဆိုတဲ့…စကားကို
ကျွန်မ ….ဦးနှောက်က…မစဉ်းစားဘဲ
နှလုံးသားရဲ့…အနက်ရှိုင်းဆုံးနေ ရာမှာ
ထာဝရ…သိမ်းထားခဲ့ဘူးတယ်
သူက…ရက်စက်စွာထားရစ်ခဲ့တာတောင်
အပြစ်မမြင်ရက်ဘဲ…တိတ်တခိုး
ကြိတ်ရှိုက်ပြီး…မျက်ရည်ကျခဲ့ဘူးပါတယ်။

အထီးကျန်



ချစ်သူ ရင်ခွင်ထဲမှာနောက်တစ်ယောက်ရှိတယ်ဆိုရင်
ဇင်ရင်ခွင်ကနေ ထွက်သွားနိုင်ပါတယ် ချစ်သူရယ်
ချစ်သူကို အပြစ်မမြင်ရက်ပေမဲ့
ဇင်ရင်ခွင်ထဲမှာ ချစ်သူကလွဲ ပြီ
နောက်တစ်ယောက်ရှိလာဖို့ဆို့တာမဖြစ်နိုင်ပါဘူး ချစ်သူ
ချစ်သူရယ် ထွက်သွားမယ်ဆိုရင်
ဇင်ကိုတစ်ယောက်ထဲ ထားခဲ့ပါချစ်သူ...
အထီးကျန်ဆန်တဲ့ နေ့ကို
ဇင်တစ်ယောက်ထဲ ကျော်ဖြတ်ပါမယ် ချစ်သူ....

Monday, April 18, 2011

ရူးတယ်လို့ပြောရင်လဲ လက်ခံပါတယ်

[ กดเบาๆนะจ๊ะ ][ กดเบาๆนะจ๊ะ ]




ချစ်တယ် ဆိုတဲ့အရာ ကို ဘာနဲ့မှဖွဲ့ဆိုလို့မရအောင်ကို ချစ်တယ်
ဘာနဲ့မှလဲနှိုင်းယှဉ်လို့မရအောင် ချစ်တယ်
တကယ်ပါ ....
ရှူးတယ်လို့ပြောရင်လည်း ခံလိုက်ပါမယ်
ဒါဟာချစ်လွန်းလို့ အပြောခံလိုက်တယ်လို့ဘဲမှတ်လိုက်ပါချစ်သူရယ်
အရာရာတိုင်းဟာ ဇင် အတွက်ပြည့်စုံပေ့မယ်
မတောင်းတဘဲပြည့်စုံမှုကို ဇင်မလိုချင်ဘူး ချစ်သူ
ချစ်သူသာ ဇင်အနားမှာရှိရင်
ဇင်ဘ၀အတွက်လုံလောက်ပါပြီ ချစ်သူရယ် ..

Why you don't give me a chance ?


[ กดเบาๆนะจ๊ะ ]
These was this one boy ....
i really loved his ...so much !
but he......
just didn't gave me a chance =(
i don't know why..... but it hurts so much!
why he didn't gave me chance .....? why?????
may be one day he will realize......how much he hurt me =(
but now i will try to smile again and someday ...i will ....find a boy....who really loves me...like i am ..and ,,, i will try to forget him,.....but ...
it's hard to forget him...because i always had his face in my head...and his smile, his eyes all about him....
i miss him ....but he don't care about that what i felt for him....
i cried so many tears for him....
so today i try to smile....and to forget him!
i hope that one day he will....
Realize...that ....i was the only girl...who.....
really ...Loves him! he will never find a girl like me that ... loves him so ..much !
so these are the last words ...and the last thinking of him!
i try to forget him...

အော် သနားစရာကောင်းတဲ့ ငါအဖြစ်

မခေါ်မှန်းသိပေမယ့်
TELEPHONE သံလေးကိုစောင့်မျှော်နေမိတယ်

မပို့မှန်းသိပေမယ့်

E-MAIL BOX လေးကို မှန်မှန်CHECK ရင်း

ချစ်သူရင်ထဲကစကားတွေကို မှန်းဆကြားယောင်နေမိတယ်

အထီးကျန်တဲ့ရက်တွေကိုကျော်ဖြတ်သန်းနေရတဲ့အချိန်မှာ

ဖြတ်ခနဲ့အရိပ်တွေ့လိုက်တိုင်းကိုယ်ရဲ့ချစ်သူလေးများလားလို့

ပြေးပြေးပြီးကြည့်ရတာကိုယ်မှာအမောပါပဲ....

မင်းကိုလွမ်းတဲ့အချိန်မှာ

ကိုယ်နှလုံးသားရဲ့အလွမ်းဒဏ်ရာတွေကို

ဘယ်အရာတွေကမှမဖြည့်ဆည်းပေးနိုင်ပါလားကွယ်....ချစ်သူရယ် .....

I miss you




When i sad ..... i really need u
when i miss ... i wanna kiss u
When i saw another sweetheart ....i thinking about u ...
when a boy propose to love me .......i gonna to live together with u
When i slept .....i put in my dream u ...
when i saw u ....i saw love...
When u touched me...i felt love....
True love comes only one to a person but i have felt it many times for u
True love is when u love a person with no particular reason
Money is a part of my life....but you are the whole of my life...
Tomorrow of the next life .....
I will love u .....

တိတ်တခိုး ငါ ညည်းရင်


တိတ်တိတ်လေးချစ်ပြီး
မျှော်လင့်တကြီး ရူးသိပ်ခဲ့ဖူးတယ်...
ပြောင်းလဲလို့မရလဲတဲ့ချစ်ခြင်းတခုဟာ
သူအတွက်ဖြစ်တည့်ခဲ့တာတောင်
သူအချစ်ဟာ ငါ့အတွက်မဖြစ်ခဲ့ပါဘူး...
သူချစ်နေတာက တခြားတစ်ယောက်လေ....
ဝမ်းနည်းစရာကောင်းပေမဲ့လည်း
အစကတည်းက တစ်ဖက်သတ်ချစ်သူမို့.....
အပြစ်မမြင်ရက်ပါဘူးလေ.....
ဒါပေမဲ့လည်းရင်နှင်မဆံတော့ခံစားငိုကြွေးခဲ့ရတယ်......
သူသိပါစေလို့မရည်ရွယ်ပေမဲ့ပြောမိတဲ့စကား.....
ရေးမိတဲ့စာ....စပ်မိတဲ့ကဗျာတွေဟာ
သူနဲ့ပတ်သက်ပြီးခံစားရတဲ့
သီးသန့်ဝေဒနာလေးတွေဖြစ်ခဲ့တယ်.....
ပျော်ရွင်မှုတောင် စိတ်လွတ်ကိုယ်လွတ်
ခံစားလို့မရတဲ့ ကိုယ်က
သူနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုတော့
အနိုင်နိုင် အင်အားနဲ့လက်ခံနေတုန်းပဲ
သူအကြောင်းတစ်ခါတွေးတိုင်း
မျက်ရည်တစ်ခါကျတတ်နေတဲ့
ကိုယ်ရဲ့ရင်ကိုခွဲပြလို့ရရင်
ပြလိုက်ခြင်းပါရဲ့.......
ကိုယ်ရဲ့နှလုံးသားတွေခန်းကုန်ပြီလေ.....

ရင်တွင်းဖြစ် အထာ


ဘယ်သူမှမသိခင်ကတည်းက
တိတ်တိတ်ကလေးရှိပြီးသား
ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အချစ်
သူလည်းမသိ ကိုယ်ကိုကိုယ်တောင်
မရေရာခဲ့ပါဘူး......
ခိုးကြည့်ခဲ့ရတဲ့နေတွေ
ငေးမောနွမ်းလျတဲ့ညနေခင်းတွေမှာ
ကိုယ်ဟာ နေမြင့်လေ အရူးရင့်လေနဲ့
မိန်းမသားစကား ဘယ်လိုလုပ်ဖွင့်ပြောနိုင်မလဲကွယ်....
တကယ်ပါ...ချစ်တတ်ကြတာခြင်းအတူတူကို
ရင်ဖွင့်ပြမရနိုင်တဲ့ မိန်းကလေးတွေရဲ့ နှလုံးသားစကားအထာ
မျက်ဝန်းတွေမှာ အဓိပါယ် တွေအပြည့်
ဒါတွေကို မင်းခံစားနားလည်ဖို့
နင်ရဲ့ ရင်ဘတ်တခြမ်းလောက် ငှားခွင့်ပြုပါ ချစ်သူရယ် .....

မာနတံတား

Women MySpace Comment
ကြယ်လေးတွေကမေးတယ်....
ဘာဖြစ်လို့ငိုနေတာလဲတဲ့......
လွမ်းလို လို့ဖြေတော့
ဘယ်သူအတွက်နဲ့လဲတဲ့.....
တယောက်ယောက်ပေါ့နော်..
အဲဒီတယောက်ယောက်ကရော ဘယ်မှာရှိတာလဲတဲ့.....
မထင်မှတ်ခဲ့တဲ့နေရာလေးတခုမှာ
တို့နှစ်ယောက်အကြည့်ချင်းဆုံခဲ့ကြတာလေ.....
ထင်ယောင်ထင်မှားနဲ့ငါကယောင်ချောက်ချားဖြစ်နေတာ
အခုညပေါ့....လေပြေညင်းထဲမှာလွင့်လာတာ
နင်အသံထင်ပါရဲ့နော်.....မဖြစ်နိုင်ပါဘူး....
နင်နဲ့ငါက နိုင်ငံခြားနေပြီပဲလေ......
တကယ်ဆို ငါတို့နှစ်ယောက်ကြားမှာ
မာနတံတားတွေ စည်းခြားမဲ့အစား
ချစ်ခြင်းလှေကားထစ်လေးတွေရှိမယ်ဆိုရင်
ငါတို့နှစ်ယောက်အတွက်
ရင်ခုန်စရာဖြစ်မှာပါနော်..........

ခဏတာ

Romantic MySpace Comment

ညှိုချက်ပြင်းတဲ့မင်းမျက်ဝန်းတွေထဲ
ငါခဏတာကျဆုံးသွားခဲ့



Friendship MySpace Comment

သူငယ်ချင်းတွေပြောတဲ့စကားကိုလဲ
ငါခဏတာ ယုံကြည့်မိခဲ့






















အခုတော့မင်းရဲ့ ပွေရှုပ်မှုတွေကိုသိတော့




Women MySpace Comment




မင်းအပေါ်ငါထားခဲ့တဲ့ သဘောထားတွေပျက်သုဉ်းခဲ့ပြီပေါ့.....

နင်ပြန်မလာဘူးနော်


[ Click Me ]


မိုးတွေသည်းလွန်းနေတဲ့ညနေခင်းတခု
တီရှပ်အဖြူလေးနဲ့ကောင်လေးတယောက်


































ဝိုင်းစက်နေတဲ့မျက်ဝန်းတစုံ
ထူးဆန်းလွန်းတဲ့အကြည့်တချက်


Passion MySpace Comment
ဖူးငုံနေတဲ့ နှုတ်ခမ်းနှစ်လွှာ
စွဲမက်စေတဲ့အပြုံးလေးတစုံ




Sadness MySpace Comment
တခါတခါမှာ
ငါဘာတွေစဉ်းစားနေတာလဲလို့
ငါ့ကိုယ်ငါပြန်မေးမိတယ်...
ထွက်လာတဲ့အဖြေကတော့

[ Click Me ]
ငါဘယ်သူကိုမှ
ဘယ်တုန်းကမှ မလိုက်လျော
မစွဲလမ်းမချစ်ခဲ့ဖူးတဲ့အချစ်နဲ့
စွဲလမ်းခဲ့ရတဲ့
ချစ်ဦးသူအကြောင်း.......





[ Click Me ]
နောက်ဆုံးတော့
ငါစောင့်နေတာသိရဲ့တာနဲ့
နင် မပြန်လာခဲ့ဘူးနော် .....

[ Click Me ]

Friday, April 15, 2011

အိပ်ပျော်နေတဲ့ ငါနှလုံးသား

အိပ်ပျော်နေတဲ့
ငါနှလုံးသားကို
နင် အမြဲတမ်း
တံခါးခေါက်
လာနိုးနေလို့
နောက်ဆုံး ကြည့်ဖြူစွာ

ဖွင့်ပေးပြီမှာ
ထွက်သွားရတာလဲ။။

မေ့နိုင်ကောင်းပါရဲ့



ငါ့ရဲ့အချစ်တွေကို
လက်နှီးစုတ်တစ်ခုလောက်တောင်
တန်ဖိုးမထားခဲ့တဲ့နင့်ကို
ငါကခုထိရူးရူးမူးမူးချစ်နေမိတုန်းပဲ။

ငါ့ရဲ့သံယောဇဉ်တွေ
ငါ့ရဲ့မေတ္တာတရားတွေကို
နင်သိပ်ကြိုက်တဲ့
စီးကရက်တစ်လိပ်လောက်တောင်
တန်ဖိုးမထားခဲ့တဲ့နင့်ကို
ငါကခုထိ တမ်းတနေမိတုန်းပဲ။

ငါ့ရဲ့အရေးတယူရှိမှုတွေကို
နင်ဆော့ကစားနေကျ
ဂိမ်းကစားနည်းတစ်ခုလောက်တောင်
အလေးအနက်မထားခဲ့တဲ့နင့်ကို
ငါကခုထိလွမ်းဆွတ်တမ်းတနေမိတုန်းပဲ။

နင့်ကိုအမြဲစိတ်ပူပြီး
စိုးရိမ်ပူပန်နေတတ်တဲ့ငါ့ကို
နင့်ရဲ့သူငယ်ချင်းမလေးလောက်တောင်
အရေးတယူမဆက်ဆံခဲ့တဲ့နင့်ကို
ငါကခုထိခွင့်လွှတ်ချင်နေတုန်းပဲ။

ချစ်သူ
ခုချိန်မှာတော့
နင်ပေးခဲ့တဲ့ဝေဒနာတွေကို
ပွေ့ဖတ်ရင်းနဲ့
နင့်ကိုတမ်းတလွမ်းဆွတ်နေမိပေမဲ့လည်း
တစ်နေ့နေ့မှာတော့
နင့်ကိုငါမေ့နိုင်ကောင်းပါရဲ့
မေ့နိုင်ကောင်းပါရဲ့။

မုန့်လက်ဆောင် နဲ့ ငါးချဉ်

ဟီဟီ ရေးတော့မယ် ဟာသ ပေါ့ ဇင်ရဲ့အဖြစ်အပျက်ပေါ့.....ဘာရေးရင်ကောင်းမလဲ..အော် သိပြီ
ဇင်ကငယ်ငယ်ကဆိုအရမ်းအစားမက် အအိပ်မက် ကစားမက်တဲ့ ကောင်မလေးပေါ့.. ဘာလောက်ထိမက်လဲဆိုတော့ မနက်နိုးလိုမရရင် မုန့်နဲ့နိုးတာ ဘယ်လို့နိုးလဲဆိုတော့ ပအို့မ(အိမ်မှာဆို ပအို့မ လို့ဘဲခေါ်တယ်လေ)အတွက် မုန့်ချန့်ထားအုန်းလေး အကုန်မစားနဲ့လေ မုန့်ကုန်သွားပြီလား ..အဲလိုလေးဘဲ ကြားလိုက်တာနဲ့ အိပ်ရာကနေ ခုန်ြပီထတာ...အတင်းဘဲ ဘယ်မှာလဲ မုန့် ဘယ်မှာလဲ လို့အတင်းကိုမေးတာ မုန့်မြင်မှာ မျက်နှာသစ်တာ ..မုန့်မမြင်ရင်ပြန်အိပ်တယ် ဟီဟီ အဲဂလိုပေါ့ .......ဇင်ရဲ့ဦးလေးက အမြဲနောက်တတ်တယ် ......

အဲညက ဇင်အစောကြီး အိပ်ရာဝင်တယ် ....ဇင့်ဦးလေး ကို အလုပ်ကပြန်လားတော့ သူမှာ မုန့်ပါတယ်ဆိုတဲ့ အသံကိုတော့ကြားလိုက်တယ် အိပ်ရာကနေ ..

(.ဇင်မှာ ဦးလေးငယ်ရှိတယ် သူနာမည်က လင်းလင်း ...ဇင်ထက် ၂နှစ်လောက်ဘဲကြီးတယ် )

ဘာမုန့်လဲတော့မသိ ...ဇင်ဦးလေးကြီးက ဇင်ကိုနောက်ချင်တော့ ပြိုင်တူသူတို့ညီအကိုအတိုင်အဖောက်ကို ညီနေတာဘဲ ..လင်းလင်း မုန့်လက်ဆောင်ကို ကုန်အောင်မစားနဲ့နော် ..ပအိုမအတွက်ချန်ထားအုန်းတဲ့ ..လင်းလင်းကလဲတစ်ထုပ်ဘဲစားမယ်တဲ့ ပအိုမအတွက်တစ်ထုပ်ချန်ထားတယ်တဲ့ ... ချက်ချင်းကို ထပြီဘယ်သူကိုမှမကြည့်ဘူး ရေခဲသေတ္တာကိုဖွင့်ပြီး အထဲမှာတွေ့နေတဲ့  အဖြူရောင်အထုပ်ကို ဖြည်ပြီ ပန်းကန်ထဲကို ထည့်လိုက်ပြီ အိပ်ချင်မူးတူးနဲ့ပေါ့ ...ဟာ မုန့်လက်ဆောင်ကလည်းအရည်လဲမပါဘူး ရေခဲသေတ္တာကို ပြန်ဖွင့်ပြီထက်ရှာလိုက်တယ် ..မစားရသေးဘူး အားလုံးအိမ်ရှေ့မှာ တီဗီ ကြည့်နေတော့ လှမ်းမေးလိုက်တယ် မုန့်လက်ဆောင် ဘာလို့အရည်မပါတာလဲ ဘာလို့အဖတ်ပါရှိတာလဲလို့ အော်ပြီမေးလိုက်တော့ အိမ်က ဦးလေးကြီးရော အဘွားရော အဒေါ်ရော နောက်ဖေးကို ပြေးလာပြီ ကြည့်တယ် အားလုံးက အားရပါရကိုဇင်ကိုကြည့်ကြည့်ပြီ ရီနေကြတာ ဘာလို့ရီတာလို့တောင် ပြန်အော်လိုက်သေးတယ် ...နင်နိုးရဲ့လား..ဇင်ကလည်းနိုးပါတယ်လို့ ပြန်ပြောလိုက်တယ် ....ဘယ်သူမုန့်လက်ဆောင်ဝယ်လားလိုလဲ ကျဲ့ကျဲ့ဝယ်လာတာမဟုတ်ဘူးလား

(ကျဲ့ကျဲ့ကဇင်ဦးလေးကြီးကိုခေါ်တာပါ မွန်လို့မျိုးခေါ်တယ်လေ လင်းလင်းကငယ်ငယ်တုန်းက
ခေါ်တော့လိုက်ခေါ်တာ အကျင့်ဖြစ်သွားတယ်ဟီဟီ မြန်မာလိုဆို ကိုကိုကြီးပေါ့ တရုတ်မှာဆို မမပေါ့ ဟီဟီ)....

နင်ထည့်ထားတဲ့ မုန့်ပန်းကန်ကို ပြန်ကြည့်လိုက်အုန်း မျက်လုံးကို ကြီးကြီးဖွင့်ပြီကြည့်...အေးပေါ့ သူတို့ပြောတဲ့အတိုင်းကြည့်တာ ပေါ့ မမြင်ရမှာဆိုလို ပန်းကန်ကို ကိုင်ပြီ မျက်နှာနားလောက်ကို တိုးပြီကြည့်လိုက်တော့ ဟွန်းအနံက တမျိုးဘဲ ဘာလဲမသိဘူးဆိုပြီထပ်ကြည့်တယ်...ကြည့်ရင်းကြည့်ရင်း ဒါတောင်မမှတ်မိသေးဘူး ကိုယ်ဘာကိုင်ထားတယ်ဆိုတာ .ဟီဟီ မုန့်ငမ်းချက်က ကမ်းကုန်တယ်.......မုန့်လက်ဆောင် နဲ့ ငါးချဉ်ကို မှားရတယ်လို့ .....အဲလိုငမ်းတာမုန့်ကို အိမ်က ပြောတယ် နင်အဲဒါဖွင့် တာ အနံမရဘူးလားတဲ့ ဖွင့်တုန်းက အနံမရမိဘူး တကယ်လဲ မရဘူး ...အဲလောက်ငမ်းတာ ကျဲ့ကျဲ့ က နင်အကြောင်းသိလို့ နောက်လိုက်တာ တကယ်ထမယ်လို့တောင် မထင်ဘူး .....အခုထိ ငါးချဉ်စားရင် မုန့်လက်ဆောင်ကို သတိရတယ် ...ဟီဟီ ကိုယ် ပြောနေရင်တောင် ရီရလွန်းလို့ ဗိုက်အောင့်လာပြီ လူများရီရလားမရီရလားတော့မသိ ဇင်တော့ ပြန်ဖတ်ပြီ ရီနေတုန်းဘဲ ...သူတို့က ငါးချဉ်ဝယ်လာရင် ပအိုမကို မုန့်လက်ဆောင်ကျွေးလိုက်အုန်းဆိုတာကို အမြဲနောက်တော့တာဘဲ .....တအိမ်လုံးက အဲဂလိုပြောတာ ငါတို့ ရာဇ၀င်မှာ အဲလိုမျိုးမကြုံခဲ့ဖူးဘူး...နင်ကြမှာဘဲမကြုံဖူးတာတွေ ကြုံဖူးတော့တယ် ...ဟားဟား ငတ်ချုက်က ကမ်းးကုန်တယ်..