သတိရတဲ့ခါ
ဟင့်အင်း…ဖုန်းမဆက်ရဲပါဘူး…
Messages ပို့ခွင့်ရရုံလေးနဲ့ ကျေနပ်မိသူ…။
အွန်လိုင်းပေါ်ဆုံတဲ့ခါ
ဟင့်အင်း.. မ chat ရဲပါဘူး...
သူ့ Account လေး အွန်လိုင်းဖြစ်နေရင်ပဲ ပျော်နေမိသူ…။
လမ်းမှာတွေ့တဲ့အခါ
ဟင့်အင်း နှုတ်မဆက်ရဲပါဘူး…
တိတ်တိတ်ငေးမောခွင့်လေးကိုပဲ ကြည်နူးမိသူ…။
သူ့မှာ ကောင်းကင်ကြီးရှိပြီးသားတဲ့လား
ဟင့်အင်း..စိတ်မပျက်ပါဘူး..
ကြယ်ကြွေချိန်ထိစောင့်မယ့်သူ…။
No comments:
Post a Comment