Saturday, June 25, 2011

ချစ်သူသိစေဖို့

 
*ချစ်သူသိစေဖို့*

တမ်းတမှုတိုင်းကို ချစ်သူသိအောင်လို့
အကြိမ်ကြိမ်ပြောနေပေမဲ့လည်း..
အချည်းနှီးသာဖြစ်ခဲ့ရတယ်....ချစ်သူရယ်
မေ့လိုမရအောင် စွဲလန်းလွန်းလို့
လွမ်းဆွတ်ခြင်းတွေကို ငါရခဲ့တယ် ချစ်သူရယ်
*ချစ်တယ်* လို့နှုတ်ကဖွင့်ပြောချင်ပေမဲ့
မိန်းကလေးတစ်ယောက်အဖို့ အားအင်မရှိခဲ့ပြန်ပါဘူး..
ချစ်သူရဲ့..လှုပ်ရှားမှုတိုင်းကို
အဝေးကဘဲ ကြည့်နေခွင့်ရခဲ့မယ်ဆိုရင်
တို့ ရင်ထဲကဖြစ်ပေါ်နေခဲ့တဲ့ ဆန္ဒတွကို
ချစ်သူတစ်ယောက်သာ သိနိုင်လိမ့်မယ်ဆိုရင်
ချစ်သူရေ........
နင့်ကိုချစ်ခဲ့မိတာ အပြစ်လို့မှတ်ယူရင်း..
အဲဒီအပြစ်ကို ကျေကျေနပ်နပ်နဲံ
လက်ခံလိုက်မှာပါ....ချစ်သူရယ် ♥♥♥♥♥
 
 

No comments:

Post a Comment