Tattoo! တဲ့
သူငယ်ချင်းကကျောင်းပိတ်တော့ ချစ် Tattoo သွားထိုးကြအောင်တဲ့ .. ပထမတော့ မကြားမိလိုက်ဘူး သေချာအောင် စားနေတဲ့မုန့်ကိုဘဲ ဆက်စားနေတာ .. ခနနေတော့ ချစ်သူငယ်ချင်းကအကျယ်ကြီးဘဲ ချစ် Tattoo သွားထိုးမယ် ငါပိုက်ဆံပေးပေးမယ်တဲ့ . အမ် စားနေတဲ့မုန့်ကို ဆက်မစားတော့ဘဲ ခနရပ်ပီ ပြုံးပြုံးနဲ့ .. ဘာအရူးထနေတာလဲ နင်က ..နှတ်ခေါင်းဖေါက်မယ်ဆိုတော့ နာတယ်ဆိုလို့ မဖေါက်ဘူးလုပ်နေတာမလား.. အတင်းခေါ်လို့ချော့ပီပြောမှာဖေါက်တဲ့နင်က tattoo ပါထိုးအုန်းမယ် ကြည့်လဲလုပ်အုန်းနော် ငါက မျက်ရည်မျက်ကွက်တွေမကြည့်ချင်ဘူး ဟွန်း ထိုးချင်ရင် နင်ဖာတာထိုး မထိုးဘူး . ငါအမေသိရင် ငါကိုသတ်လိုက်မယ် မလုပ်ဘူး ဘာညာနဲ့ပြောလိုက်ပီ မသိသလိုဘဲ ထသွားခဲ့တယ် သူနားကနေ .. (တကယ်တော့ Tattoo ထိုးတာ ၀ါသနာပါတယ် ဂေါ်လုပ်ရတာ ကြိုက်တယ် အရင်တုန်းကလဲ လုပ်ဖူးတယ် ခက်မိုက်မိုက်လိုလဲ နေခဲ့ဖူးတယ် သူနေရာသူတော့ နေတတ်အောင် နေခဲ့တယ် ငါထိုးချင်တဲ့ Tattoo ကိုထိုးခဲ့လိုက်ရင် ငါမောင်လေးတွေ ငါကိုဘယ်လိုမြင်မလဲ .. ငါကိုအထင်ကြီးကြည့်နေတဲ့ ငါမောင်လေး မျက်လုံးလေးတွေ ဘယ်လိုလုပ်မလဲ . ဆိုတဲ့အတွေးက ခေါင်းထဲ ၀င်လာမိတိုင်း မကောင်းတာမှန်သမျှကို အကုန် မလုပ်ချင်တော့ဘူး .. ဒါကြောင့် ငါ မထိုးတော့ဘူးဆိုတဲ့ အသိနဲ့ အရမ်းချစ်တဲ့ သူငယ်ချင်း ဘေးက ထလာခဲ့တယ်) နောက်နေ့ ငါ အလုပ်သွားတော့ အဲနေ့က အလုပ်ကို 10.30 နရီတောင် အလုပ်လုပ်ရတဲ့နေလေ .. သူငယ်ချင်းက သွားထိုးနှင့်ပီ အလုပ်က ပြန်လာတော့ သူ Text ပို့လာခဲ့တယ် အဲဆိုင်ကို လိုက်လာခဲ့တဲ့ ငါ စိတ်တွေ စိတ်ပူသွားတယ် သူကို မပေးထိုးစေချင်ဘူး အမှန်ဆိုရင် သူကြိုက်တာကို လုပ်တာခွင့်လွတ်ခဲ့တယ် Tattoo ထိုးတာကို လုံးဝသဘောမတူတာ အမှန်ဘဲ .. လိုက်လာဆိုတော့လဲ လိုက်သွားခဲ့တော့ .. သူ ထိုးနှင့်နေပီ.. ပထမတော့ စိတ်မကောင်းဖြစ်မိတယ် ငါစကားကို နားမထောင်ဘူးဆိုပီ .. နောက်တော့ သူ နာနေတာကို ကြည့်ပီ စိတ်မဆိုးခဲ့တော့ဘူး .. သူနားမှာနေပီ သူထိုးတဲ့ပုံကိုကြည့်လိုက် . သူကို စကားတွေပြောခဲ့တယ် တခြားယောကျားလေး သူငယ်ချင်း 2ယောက်ကလဲ သူတို့လက်တွေမှာ ကိုယ်စီ ထိုးထားပီပီ ချစ်သူငယ်ချင်းက ပြောတယ် သူထိုးဖို့လာတာမဟုတ်ဘူး ဟိုကောင်ထိုးဖို့လာတာ သူစိတ်ပါသွားတာတဲ့ .. မှန်ပါတယ် အဲအခန်းကို ၀င်လိုက်တာနဲ့ စိတ်တွေက စိတ်ရိုင်းဖြစ်သွားတယ် လုပ်ရဲလာတယ် ဘာမဆိုပေါ့ .. အဲလိုမျိုးစိတ်ဖြစ်လာတယ် သူထိုးတာကိုကြည့်ပီ စိတ်ထဲမှာတောင် ထိုးချင်တဲ့စိတ်ပေါက်သွားတယ် မနဲထိန်းလာခဲ့တယ် ... ငါစိတ်ကိုတာလျော့ချလိုက်ရင်တော့ ထိုးမိမယ်ဆိုတာ ကြိုသိထားတော့ စိတ်ကို တင်းထားခဲ့တယ် ထိုးပေးတဲ့သူက ဆွဲတယ်တော့.. နဲနဲထိုးချင် သေးသေးလေးတဲ့ လက်မှာပေါ့ ကြယ်ပုံလေး အ၀ါရောင်ရင့်ရင့်ထိုးပေးမယ် ပိုက်ဆံမယူဘူးတဲ့ လေတာပေါ့ စိတ်တင်းထားပါတယ်ဆိုနေမှ အတင်းဘဲ .. ရတယ် မလိုဘူး အမေသိရင် ဆူလိုက်မယ်လို . ငါအမေက အဲလိုမျိုးထိုးတာ မကြိုက်ဘူးလို့ ပြောလိုက်တယ် စိတ်ထဲမှာတော့ တော်တော်တင်းထားရတယ် ဟီဟီ .. ထိုးပေးနေတဲ့သူက မေးပြန်ပီ နင်အသက်ဘယ်လောက်လဲတဲ့ 20 လိုပြောလိုက်တယ် သူက နင်စိတ်နဲ့နင်လုပ်ချင်တာလုပ်လို့ရပါပီတဲ့ .. (စိတ်ထဲကနေ မသာ ငါက နင်နိုင်ငံမှာကြီးလာတာမဟုတ်တော့ နင်လိုစိတ်ဘယ်မွေးလို့ ရမှာတုန်းလို့ ဟွန်း .. ပြောနေမိတယ်).... သူက 15နှစ်ကတည်းက tattoo ထိုးတာတဲ့.. ဆေးချတယ် အကုန်လုပ်တယ်တဲ့ အော်အေးပေါ့ နင်က ယောကျားလေးကို ဘယ်တူမလဲလို မိန်းကလေးနဲ့လို့ (တော်တော်စောက်စကားများတယ် ထိုးပေးစရာရှိတာမထိုးဘူး) နင်ရော ဆေးလိပ် အရက် ဆေး Sex လုပ်ဖူးလာတဲ့ မေးပြန်ပီ .. ငါက နင်လို့ တကယ် ဆေးကြီးကြီးတော့ မချဖူးသေးဘူး .. အရက်သောက်တတ်တယ် ဆေးလိပ်သောက်တတ်တယ် ဒါမဲ့ မဆွဲဘူး .. သောက်တတ်အောင်တော့ သင်ထားတယ် (မသောက်တတ်ဘူးဆိုရင် ငတုံးလို့ အပြောမခံချင်လို့ သေနာရဲ့) . Sex တော့ ငါမလုပ်ဘူး လောလောဆယ်တော့ အပျိုစင် ဘဲ လို့ (အားနာလိုဖြေတာနော် ဟွန်း ) သူက အံသြတဲ့အကြည့်နဲ့ ပြန်ကြည့်ပီ နင်မှာ ရည်းစားမရှိဘူးလား မထားဘူးလားတဲ့ ထားတယ် ရှိလဲရှိတယ် ငါက အဲလိုမှမလုပ်တာ . ငါယူမဲ့ယောကျားကိုဘဲ ငါက နေမှာလို့ ပြောလိုက်တယ် ။။(စိတ်မရှည်လာမှန်း ဟိုကောင်တွေက သိတော့ .. ) သူတို့က .. မင်းသိချင်ရင်ပြောလိုက်မယ် သူက ဒီက ကြီးလာတာမဟုတ်ဘူး .. သူက အရူး သွားမမေးနဲ့တဲ့ .. အဲဒါနဲ့ စကားလမ်းကြောင်းပြောင်းပီ ငါနှစ်သက်တဲ့ နားဖေါက်ဖို့ ပါးစပ်ဖေါက်ဖို့ ငါမေးလိုက်တယ် သူကတော့ ဆိုင်ပိတ်တော့မယ် နင်ဖေါက်ချင်ရင် မနက်ဖြန်လာခဲ့ ငါဈေးလျော့ပေးမယ် နင်က အပျိုစင်စစ်နေတုန်းမို့လို့ ငါက ဈေးလျော့ပေးမှာနော်တဲ့.. (စိတ်ထဲမှာ နင်ဆိုင်မှာတော့ မဖေါက်တော့ဘူး ဒီတသက် ) ချစ်တော့သူငယ်ချင်းကနာလွန်းလို့ သူကြွက်သားတွေ လှုပ်လို့မရလို့ သူကို 3ယောက်သားချီလာရတယ်.. အဲဒါနဲ့ အိမ်ပြန်ရောက်တော့ . သူက အကျီင်္လက်တဖက်ဖြုတ်ပီဝတ်ရတာပေါ့ ..သူအိမ်ရောက်တော့ ဗိုက်ဆာကြတာနဲ့ ခေါက်ဆွဲပြုတ်တဲ့သူက ပြုတ် မု့န်လုပ်တဲ့သူက လုပ်ပီ စားကြသောက်ကြ ရီကြမောကြနဲ့ နောက်ဆုံးတော့ . 12 ထိုး အိမ်ကိုပြန်လာခဲ့တယ် အိမ်ရောက်တော့ အမေက ဖုန်းခေါ်ထားတာ အခါပေါင်း 25 ကြိမ် .. ဖုန်းကိုအသံပိတ်ထားတော့ ဖွင့်ဖို့မေ့သွားတာကို .. အမေက ဒေါသတကြီးနဲ့ ဘယ်ကပြန်လာလဲ ဘာညာနဲ့ .. ရှင်းပြရသေးတယ် စိတ်ကုန် .. အမေက လဲ ဒေါသ လျော့အောင် မနဲချော့ပြောရတာမောတော့ အမေ ၀ယ်ထားပေးတဲ့ လိမော်သီးဘီယာလေးကို မော့ပီ ကိုယ်အခန်းထဲရောက်တော့.. အိတ်ကလေးကို ချပီ ခနလေးမှေးလိုက်တာ မိုးလင်းတဲ့အထိဘဲ .. ဒါဟာ တနေ့တာ . ဖြစ်ပျက်သွားတာ့ Tattoo ပေါ့ မထိုးခဲ့မိတာဘဲ ကျေးဇူးတင်ရမှာပေါ့ နို့မိုဆို ငါတော့ ငါအမေ ပြောနေရိုးနဲ့ ငါအမေအပြောနဲ့ သေလောက်ပီ .. :D
No comments:
Post a Comment