Tuesday, July 26, 2011

ဇင်ရဲ့ ဟောတမ်း.. မှန်လွန်းလို့သိမ်းထားတာ

(7)ဂဏန်းဟာ တနင်္လာဂြိုဟ်ပိုင်တဲ့ (2)ဂဏန်းနဲ့ ဆင်တူတဲ့ အချက်တွေရှိတယ်ဗျ။ အဲဒါက (7)ဂဏန်းသမားတွေဟာ (2)ဂဏန်းသမားတွေလိုဘဲ စိတ်ကူးဉာဏ် ကွန့်မြူးမှု အားကောင်း ကြတယ်ဗျ။ တီထွင်ဖန်တီးတတ်တဲ့ ဦးနှောက်မျိုးရှိတယ်။ တွေးခေါ်မျှော်မြင်မှု အားကောင်းတယ်။ အနာဂါတ်ကို ခန့်မှန်းနိုင်စွမ်းရှိတယ်။ မိသားစုဘ၀ကို မြတ်နိုးပြီး အကောင်းမြင် ၀ါဒလည်း ရှိကြတယ်ဗျ။ (2)ဂဏန်းသမားတွေထက် သာတဲ့အချက်က စိတ်ကူး စိတ်သန်း တွေကို အကောင်အထည်ဖော်တဲ့နေရာမှ (2)ဂဏန်းသမားက နှောင့်နှေးပြီး လေထဲအိမ် ဆောက်ကြတာ ပိုများတယ်။ (7)ဂဏန်းသမားတွေကတော့ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ထက်တယ်ဗျို့။ နောက်ပြီး မဆုတ်မနစ် လုပ်ကိုင် တတ်တဲ့နေရာမှာလည်း (2)ဂဏန်းသမားထက် သာတယ်။ အဲဒီတော့ သူတို့ရဲ့ စရိုက်လက္ခဏာ လေးတွေ ချရေးကြည့်ရအောင်ဗျာ။

= (7)ဂဏန်းသမားတွေဟာ အကောင်းမြင်ဝါဒရှိတယ်။ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်တတ်ကြတယ်။ သွက်လက်ဖြတ်လတ်ကြပြီး အကင်းပါး ကြတယ်။ ဉာဏ်ပညာလည်း ထက်မြက်ကြတာများတယ်ဗျ။ အလုပ်ကို မနားမနေ လုပ်တတ်ကြတယ်။ ထူးခြားဆန်းကြယ်တဲ့ ပညာရပ်တွေအပေါ်မှာ စိတ်ဝင်စားတတ်ပြီး သင်ယူလိုစိတ် ပြင်းပြတတ်ကြ တယ်။ သိပ္ပံပညာရော၊ ၀ိဇ္ဇာပညာမှာပါ ထူးချွန်တတ်ကြတယ်။

= (7)ဂဏန်းသမားတွေဟာ များသောအားဖြင့် ရုပ်ရည် ချောမောသန့်ပြန့်ကြတာ များတယ်ဗျ ။ ဒါပေမယ့် ရုပ်ချောသည်ဖြစ်စေ၊ မချောသည်ဖြစ်စေ သူတို့ဟာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်ဗျ။ ဆန့်ကျင်ဘက်လိင်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိတတ်ကြတယ်။

= (7)ဂဏန်းသမားတွေဟာ များသောအားဖြင့် သဘောကောင်း၊ မနောကောင်းသူတွေဖြစ်ကြပေမယ့် သူတို့ စိတ်ဆိုးဒေါသထွက်မိရင် ကြောက်စရာ ကောင်းလောက်အောင် စိတ်ကြီးတတ်ကြတယ်ဗျ။ အဲဒီနေရာမှာ သူတို့ရဲ့ စိတ်သဘာဝဟာ ပင်လယ်ပြင်ကြီးနဲ့ သွားတူနေတယ်။ ပင်လယ်ပြင်ကြီးဟာ သာမန် အချိန်မှာ ကြည့်လိုက်ရုံနဲ့ ကြည်နူးဖွယ်ရာ ကောင်းသလောက် မုန်တိုင်းကျလှိုင်းထန်လာတဲ့ အခါမှာ ကြောက်စရာကောင်းသလိုပေါ့ဗျာ။

= သူတို့ဟာ လုံးဝသဘောကောင်းတဲ့ လူမျိုးတွေလို့တော့ သတ်မှတ်မရဘူးဗျ။ များသောအားဖြင့် (7)ဂဏန်းသမားတွေဟာ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ လူစားမျိုး တွေလို့ပြောလို့ရမယ်ထင်တယ်။ သူတို့ကို ဒုက္ခမပေးသရွေ့တော့ လူကောင်းတွေပါဘဲ။ သူတို့ကို စိတ်ဆိုးအောင် လုပ်ရင်တော့ ပြန်ပြီး “အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမယ်” ဆိုတဲ့ သဘောထားမျိုးတွေ ရှိတတ်တယ်။ “မာလျှင် သံချောင်း၊ ပျော့လျှင် ဖယောင်း” ဆိုတဲ့ စကားပုံနဲ့လည်း သူတို့စရိုက်ဟာ နီးစပ်ပြန်ပါတယ်။

= (7)ဂဏန်းသမားတွေဟာ ရုပ်ဝါဒီမဆန်ဘဲ နာမ်ဝါဒီဘက်ကို ကိုင်းညွတ်မှု ပိုများတယ်ဗျ။ ဘာသာတရားနဲ့ ရှေးရိုးအစဉ်အလာတွေကို ယုံကြည်လေးစား လိုက်နာကြတယ်။ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို သိရှိစိတ်ပြင်းပြကြတယ်။ သူတို့ဟာ နာမ်လောကကို ယုံကြည်ကြသူများပြီး ဂမ္ဘီရ ပညာရပ်တွေဖြစ်တဲ့ နက္ခတ်ဗေဒင်ပညာ၊ ဆေးဝါး၊ အင်းအိုင်၊ ဂါထာ၊ အဂ္ဂိရတ်ပညာတွေ၊ စိတ်နယ်လွန်ပညာတွေ၊ သဘာဝကုထုံး၊ စိတ်ကုထုံးတွေအပေါ်မှာ ယုံကြည်တတ်ကြသူများဖြစ်တယ်။

= (7)ဂဏန်းသမားအတော်များများဟာ နာမ်လောကနဲ့ ဆက်သွယ်မှု ရှိတတ်ကြတယ်ဗျ။ ဒါကြောင့် သူတို့ဟာ ဘ၀မှာ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေ မက်တာတို့၊ ရှေးပြေးနိမိတ် ဖြစ်တဲ့ အိပ်မက်မျိုးမက်တာတို့ ၊ သိုက်လောကနဲ့ ဆက်သွယ်မှု ရှိတာတို့၊ တစ်ခုခုဖြစ်မှာကို ကြိုသိတတ်တဲ့ စိတ်စွမ်းအားမျိုး ရှိတာတို့ကို တွေ့ရတတ်တယ်။ တစ်ခါတစ်ရံမှာ ကိုယ် အခုလောလောဆယ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုဟာ အရင်တစ်ခါဖြစ်ဘူးခဲ့သလိုမျိုး ခံစားရ တတ်တာတွေ ရှိတတ်တယ်။

= သူတို့ကိုယ်တိုင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ကျွန်တော်ယုံကြည်တာ တစ်ခုက (7)ဂဏန်းသမားတွေမှာ သူတို့ကို စောင့်ရှောက်နေတဲ့ နာမ်လောကက ပုဂ္ဂိုလ် (သို့) စွမ်းအားလို အရာမျိုး ရှိတယ်ဗျ။ ဒါက ကျွန်တော် လေ့လာတွေ့ရှိချက်ပါ။ ယုံတာမယုံတာကတော့ စာဖတ်သူရဲ့ သဘောပါ။ အဲဒီ ပုဂ္ဂိုလ် (သို့) စွမ်းအားဟာ သူတို့ကို အတိုင်းအတာတစ်ခုအထိ စောင့်ရှောက်ပေးမှုရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်ဗျ။

= (7)ဂဏန်းသမားတွေဟာ ငွေကြေးဓနဥစ္စာထက် ပညာကို ပိုပြီးတန်ဖိုးထားတတ်သူများဖြစ်​ တတ်ကြတယ်။ စီးပွားရေးသမားဖြစ်လျှင်သော်မှ ငွေနောက်ကို တစ်ကောက်ကောက် လိုက်နေသူတွေမဟုတ်ဘဲ အတတ်ပညာ၊ အသိပညာကို ပိုမိုလိုလားတတ်ကြတယ်။ သူတို့ဟာ အရာရာကို သိချင်တတ်ချင် စူးစမ်း လေ့လာနေချင်ကြသူများ ဖြစ်တတ်ကြတယ်။ သူတို့ဟာ ဂမ္ဘီရပညာတွေမှာသာမဟုတ်ဘဲ သိပ္ပံပညာရပ်တွေမှာလည်း ထူးချွန်ပြောင်မြောက် တတ်သူတွေ ဖြစ်ကြတယ်။

= သူတို့ဟာ ခရီးသွားခြင်း၊ အသစ်အဆန်းရှာဖွေခြင်းတို့ကို ခုံမင်တတ်ကြတာမို့ မိမိမွေးရပ်မြေမှာ မနေတတ်ကြဘဲ ရေခြား၊ မြေခြား၊ တိုင်းတပါးတွေကို ရောက်လွယ်၊ ထွက်လွယ် တတ်ကြသူများဖြစ်ကြတယ်။

= (7)ဂဏန်းသမားအတော်များများဟာ (အားလုံးကို မဆိုလိုပါ) ငယ်စဉ်ဘ၀မှာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀မျိုးကို ဖြတ်သန်းခဲ့ကြရသူတွေများတယ်ဗျ။ ဒါပေမယ့် ဒုတိယအရွယ်နဲ့ တတိယအရွယ်မှာတော့ ကောင်းစားတတ်ကြတယ်။

= ဘ၀ အနိမ့်အမြင့်အတက်အကျနည်းတတ်တယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက တစ်ချို့ (7)ဂဏန်းမွေးဖွားသူတွေဟာ လိင်စိတ်ဆန္ဒ အလွန်ပြင်းထန်တတ်ပြီး ကာမဂုဏ် လိုက်စားမှု လွန်ကဲတာကြောင့် နာမည်ဂုဏ်သိက္ခာကျဆင်းပြီး တတိယအရွယ်မှာ အိုဇာတာပါ နိမ့်ပါးသွားတတ်တာ ကိုလည်း သတိထားမိပါတယ်။ အထူးသဖြင့် (25)ရက်မွေးတဲ့ (7)ဂဏန်းသမား တွေ သတိထားရပါမယ်။

= သူတို့ဟာ သဘာဝတရားကြီးရဲ့ လျှို့ဝှက်မှုတွေ၊ လူသားတွေရဲ့ လျှို့ဝှက်မှုတွေကို ဖော်ထုတ်ချင်တတ်ကြတဲ့ “စုံထောက်ဉာဏ်” ရှိသူများဖြစ်ပြီး သဲထိတ် ရင်ဖို လုပ်ကိုင်ရမယ့် အလုပ်တွေကို ၀ါသနာခုံမင်တတ်ကြတယ်။ ကမ္ဘာကျော် ဂျိမ်းစ်ဘွန်းမင်းသားတွေ ဖြစ်ကြတဲ့ “ရှောင်ကွန်နရီ” နဲ့ “ပီးယားစ် ဘရော့စ်နန်” တို့ဟာ (7)ဂဏန်း မွေးဖွားသူတွေ ဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်ဟာလည်း (007) ခေါ်တဲ့ (7)ဂဏန်းဘဲဖြစ်နေတာကို တိုက်ဆိုင်စွာ တွေ့ရပါလိမ့်မယ်။

= (7)ဂဏန်းသမားတွေဟာ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ အတွေးအခေါ်မြင့်မားခြင်း၊ တီထွင်ဖန်တီးတတ်ခြင်း၊ ဇွဲကောင်းခြင်းများနဲ့ ပြည့်စုံ တတ်သော် လည်း စည်းကမ်းစနစ် ကျနကျသူများ မဟုတ်ဘဲ ကပျစ်ကညစ် နေတတ်ကြသူက များပါတယ်။ သူတို့ဟာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် စွမ်းဆောင် နိုင်သူများ ဖြစ်ကောင်းဖြစ်ကြပေမယ့် ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းလိုစိတ်နည်းပါးကြသူများဖြစ်တယ်။ တစ်ခုအောင်မြင်သွားရင် နောက်တစ်ခုကို ခြေလှမ်းပြင်နေတတ်ကြသူများဖြစ်တ​ တ်ကြတယ်။ သူတို့ အလုပ် လုပ်သွားတာကို ပုံခိုင်းရရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတတ်တယ်။ စီးပွားရေးသမားဆိုရင်လည်း ငွေရှာကောင်းပေမယ့် အဖတ်တင်အောင် မစုဆောင်း နိုင်ကြသူ က များပါတယ်။ ဒါဟာ (7)ဂဏန်းသမားတွေ သတိပြုရမယ့် အချက်ပါ။
ထင်ပေါ်ကျော်ကြားတဲ့ (7)ဂဏန်းသမားတွေကတော့- အမေရိကန် မီလျံနာကြီး ဂျွန်ပီးယားပွန့်မော်ဂန် က (7)ရက်ဖွား၊ နာဇီဝါဒဖြန့်ချိရေးမှူး ဟင်းမလား က (7)ရက်ဖွား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး အလီဂျင်းနား က (25)ရက်ဖွား၊ သိပ္ပံပညာနက္ခတ်ပညာစွယ်စုံရ ပညာရှင် ဆာအိုက်ဇက်နယူတန် က (25)ရက်ဖွား၊ စာရေးဆရာကြီး ဂျော့အော်ဝယ် က (25)ရက်ဖွား၊ အစ္စရေးနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဒေးဗဒ် ဘင်ဂူရီယံ က (16)ရက်ဖွား၊ ကမ္ဘာကျော် လူရွှင်တော်ကြီး ချာလီချက်ပလင် က (16)ရက်ဖွား၊ အမေရိကန် စာနယ်ဇင်းလောကရဲ့ ဘုရင်မကြီး ကတ်သရင်း ဂရေဟမ်(နယူးစ်ဝိခ်) က (16)ရက်ဖွား၊ ဟောင်ကောင် အက်ရှင်မင်းသား အကျော်အမော် ဂျက်ကီချန်း က (7)ရက်ဖွား၊ အဆိုတော် မက်ဒေါနား က (16)ရက်ဖွား၊ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ က (25)ရက်ဖွား၊ နောက် ဂျိမ်းစ်ဘွန်းမင်းသား လက်သစ် ပီးယားစ်ဘရော့စ်နန် က (16)ရက်ဖွား၊ ရုရှားတင်းနစ်အလှမယ် အင်နာကော်နီကိုဗာ က (7)ရက်ဖွား၊ ဟောလီးဝုဒ်မင်းသမီးအကျော်အမော် ကက်သရင်းဇီတာဂျုံး နဲ့ ကလော်ဒီယာရှက်ဖာ တို့က (25)ရက်ဖွားတွေ၊ အိန္ဒိယ ကဗျာနဲ့စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး က (7)ရက်ဖွား၊ မြန်မာအမျိုးသမီးတွေ သိပ်ကြိုက်တဲ့ ကိုရီးယားသရုပ် ဆောင် ဂျင်ဒေါင်ဂန်း(ဒါရိုက်တာ ရင်) က (7)ရက်ဖွား၊ နောက် ကိုရီးယား အဆိုကျော်နဲ့ မင်းသား “ရိန်း” က (25)ရက်ဖွား၊ ဟောလီဝုဒ် နာမည်ကျော်မင်းသား နီကိုလပ်စ်ကေ့ခ်ျ က (7)ရက်ဖွား၊ မကြာခင်ကမှ ကွယ်လွန်သွားတဲ့ ဖိလစ်ပိုင် အမျိုးသမီး သမ္မတဟောင်း ကိုရာဇွန်အကွီနို က (25)ရက်ဖွား၊ ယခုတလော ကမ္ဘာမှာ ရေပန်းစားနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် က (16)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ဗြိတိသျှဗိုလ်ချုပ်ကြီး ဟောင်း လူးဝစ်မောင့်ဘက်တန် က (25)ရက်ဖွား၊ နောက်လုပ်ကြံခံရတဲ့ အီဂျစ် သမ္မတ အန်ဝါ ဆဒတ် ကလည်း (25)ရက်ဖွား၊ စင်ကာပူနိုင်ငံရဲ့ ဖခင်ကြီး လီကွမ်ယူး က (16)ရက်ဖွား၊ သံမဏိသူဌေးကြီး အင်ဒရူးကာနေဂျီ က (25)ရက်ဖွား၊ စာရေးဆရာကြီး ချားလ်ဒစ်ကင်း က (7)ရက်ဖွား၊ ဂရိသင်္ဘော သူဌေးကြီး အိုနာစစ် က (7)ရက်ဖွား၊ စာရေးဆရာကြီး ဆမ်းမားဆက်မွန် က (25)ရက်ဖွား၊ လေယာဉ်ပျံကို တီထွင်ခဲ့တဲ့ ရိုက်ညီနောင် နှစ်ဦးထဲက ၀ီလ်ဘာရိုက် က (7)ရက်ဖွား၊ အန္တာတိကတိုက်သို့ စူးစမ်းလေ့လာရေး ခရီးရှည်ကြီးကို ထွက်ခဲ့သူ ကပ္ပတိန်စကော့ က (7)ရက်ဖွား၊ ဗြိတိသျှ အဲလီဇဘက် ဘုရင်မကြီး က (7)ရက်ဖွားတွေ အသီးသီးဖြစ်ကြပါတယ်။

နောက်စိတ်ဝင်စားစရာကောင်းတာက မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနု (ခ)သခင်နု ဟာလည်း (25)ရက်မှာမွေးတဲ့ (7)ဂဏန်းသမား ပါဘဲဗျာ။

**့ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ) **

Friday, July 22, 2011

ဖြစ်ခွင့်မရှိတဲ့ဘဝ

နားလည်နိုင်အောင်ကြိုးစားမယ်

ခွင့်လွတ်နိုင်အောင်ကြိုးစားမယ်

ဥပက္ခာပြုနိုင်အောင်ကြိုးစားမယ် 
ဆိုတဲ့အသိကလေးနဲ့ ငါပျော်အောင်နေခဲ့တယ် 

ဒါပေ့မဲ့ 
ထားသွားတုန်းကလဲ နားလည်နိုင်ခဲ့တယ်
 
နောက်တစ်ယောက်နဲ့ တွဲတာသိလဲ ခွင့်လွတ်နိုင်ခဲ့တယ်
 
ဒါပေမယ့် ဘာဖြစ်လို့ ဥပက္ခာမပြုနိုင်ရတာလဲမသိဘူး  
ဆိုတဲ့အသိကလေးနဲ့ ငါနင့်ကိုနေ့တိုင်း စောင့်မျှော့်နေခဲ့မိတယ် .. 

ငါဘာလုပ်ရမလဲဆိုတာ ငါမသိဘူး 
အမှန်တော့ ငါဟာ 
ဒီလိုဖြစ်နေတာလေ
ငှက်တစ်ကောင်ကိုချစ်မိမှတော့
လွတ်လပ်ခြင်းကိုပါ ငါနားလည်ပေးရတော့မှာပေါ့ ... ♥
ငါမချုပ်ချယ်ပါဘူး မင်းအတောင်ညောင်းရင်
နားခိုအိပ်စက်တတ်တဲ့ သစ်ပင်တိုင်းပဲ
ငါဖြစ်ချင်ခဲ့တာပါ...♥♥♥
 

Sunday, July 17, 2011

I really afraid



I'm afraid I'm never going to love anyone the way that I loved you.

I'm afraid that I gave my whole heart to you, and am never getting it back.

I'm afraid to let anyone else in, that's why I'm still not dating anyone else.

I'm afraid to hurt someone else the way I hurt you.

I'm afraid to get hurt again the way you hurt me.

I'm afraid of being alone, but I'm even more afraid of being in another relationship.

I want to be in love again, but I'm too afraid.

ဒီတော့အတွင်းမှာ နားအများဆုံးထောင်တဲ့သီချင်းလေးတပုဒ်ပေါ့


ပျင်းတာနဲ့ သီချင်းရှာပီနားထောင်ရင် ဒီသီချင်းကိုအ၇မ်းကြိုက်သွားတာလေ ..ခံစားချက်နဲ့လဲ တိုက်ဆိုင်တော့ အလုပ်သွားအလုပ်ပြန် အခန်းထဲမှနေရင် ဆက်တိုက်နားထောင်ခဲ့မိတယ် ......စာသားလေးကို ရှာပီသိမ်းထား .. သီချင်းကို ဒေါင်းပီ ဖုန်းနဲ့ipop ထဲမှာ သွင်းထားမိတယ်
အမှန်ပြော၇၇င် .. ဒီလိုသီချင်းတွေကိုသိပ်မကြိုက်သလို နားမထောင်မိဘူး .. မကြိုက်လို့လဲမဟုတ်ပါဘူး မခံစားတတ်လို့ .. ဒါမဲ့ တကယ်တမ်းအရမ်းခံစားလာရတဲ့အချိန်နဲ့ တိုက်ဆိုင်ရင်တော့ ဒီသီချင်းလေးထဲက အတိုင်း ကိုယ်ရဲ့ Feeling နဲ့ တော်တော် တိုက်ဆိုင်တော့ အရမ်းကြိုက်သွားတယ် .. သူရဲ့ခေါင်းစဉ်လေးကတော့

Do you ever?  ဆိုတဲ့သူကတော့ Tynisha Keli က ဆိုထားတာလေ . ဒီစော်ကိုတော့မကြိုက်ဘူးအရင်က အသံက ကလေးအသံနဲ့တူလို့ .. အခုမှကြိုက်သွားတာလေ


No I don't believe in love anymore
I know now it aint real
Cause Ive heard people say no matter what true love concurs all
And it hurt so bad

im here alone

No I don't believe in love anymore
You said you'd always be here And now you're gone away
And I can't heal this pain in my heart
And it hurt so bad

I need to know

Do you ever think of me, ever think of me, ever since we said its over?
Are you ever missing me, ever missing me?
Baby did you even love me?
Don't even know why I wait up anymore

There's no one coming back here
I miss you more each day and I can't even give you a call
And it hurt so bad

Where did we go

I don't pray of waking up anymore
But in the life that I live I wish my dreams would stay It's the only world where I'm in your heart
And it hurt so bad

I need to know

Do you ever think of me, ever think of me, ever since we said its over ?
Are you ever missing me, ever missing me?
Baby did you even love me?
Do you ever wonder what we could have been?

I thought the love would last forever
You turned into my best friend
No one living knows me better
There's nothing I can do but try to make it through
So baby could you please let me know

Do you ever think of me, ever think of me, ever since we said its over ?
Are you ever missing me, ever missing me?
Baby did you even love me?
Do you ever think of me, ever think of me, ever since we said its over ?

Are you ever missing me, ever missing me?
Baby did you even love me?
(Ever since we said its over) no I don't believe in love any more

Thursday, July 14, 2011

နင်အတွက် နောက်ဆုံးငါအမှားလက်ဆောင်

 ငါမရူးပါဘူး .. စိတ်ညစ်တော့ လုပ်ချင်တာ လုပ်တာ  .. စိတ်ပြေတာပေါ့ ... အရမ်းလွမ်းတယ် .. မနာလောက်ပါဘူး ...

ကိုကြောင့် ပြောင်းလဲနေပီ ဇင်က

ကိုရေးးးးးးး။

အပြင်မထွက်တတ်တဲ့ ဇင်က အခု အပြင်ထွက်ရတာကို တော်တော်ကြိုက်နေပြီ ဆိုတာ ကိုသိရဲ့လား ....
ဇင်က အရမ်းဆိုးလို အပြင်ထွက်တယ်လို မထင်ပါနဲ့နော် .. အိမ်မှာနေရင် ကိုကို့လွမ်းတဲ့စိတ်တွေ ရပ်လို့မရလိုပါ .. လွမ်းတဲ့စိတ်တွေ ပျောက်အောင် ဇင်အပြင်သွားရင်နဲ့ စိတ်ဖြေနေရတာပါ ကို ..

ကိုရေးးးးးးးးးးးးးး
ကို မကြိုက်တဲအရာတွေ ဇင် မလုပ်ပါဘူး.. ဇင်ကြိုက်တဲ့ အရာတွေ ဇင် လုပ်တတ်နေပီ ကို ..
အရမ်းသတိရတယ် .. ကိုကို့ လွမ်းတဲ့ စိတ်တွေကြောင့် . ဇင်အခန်းကိုတောင် ပုံစံပြောင်းလိုက်ပီဆို ကိုသိရဲ့လား ကို  ..
ကိုကို့ လွမ်းတဲ့ စိတ်ကလေးနဲ့တင်

ဇင် ဘိလိယက်ထိုးတတ်သွားပြီ..

အိမ်မှာနေရင် ကိုကို့လွမ်းတတ်တဲ့စိတ်ကြောင့် အိမ်ပြန်ထမင်းမစားဘဲ အပြင်မှာစားတဲ့ရက်တွေ များလားပြီ ဆိုတာ ကိုများသိပါမလား ကိုရယ် ..

ကိုရေးးးးးးးး
ကိုကြောင့် စိတ်ညစ်လို့ .. ညစ်တဲ့စိတ်တွေပျောက်အောင် အလုပ်မှာတချိန်လုံးအချိန်ဖြုန်းနေခဲ့မိတယ် ကို .. 

ပင်ပန်းတဲ့ စိတ် .. ကိုကို့လွမ်းတဲ့စိတ် .. ညစ်နေတဲ့စိတ်တွေကို . ဇင် စိတ်ထင်ရာ လုပ်တတ်နေပြီ ကို .ဒါကိုလဲ ကိုသိရဲ့လား .
ချစ်တယ် ကိုရယ် ..
အရမ်းလဲသတိရတယ် ..
ဖြစ်နိုင်ရင် ကိုနဲ့ အရမ်းတွေချင်တယ် ..
ဇင်ရင်ခွင်ဆီကို ပြန်လာပါလို့ ဇင် မပြောရဲဘူး ကိုရယ် ..  ..
ဆုတခုတာ တောင်းလိုပြည့်မယ်ဆိုရင် ..
ကိုနဲ့ ဘယ်တော့ ထပ် မဝေးပါစေနဲ့လိုတာ ဇင် တောင်းမိမယ် ကိုရယ် ..ဒါကိုလဲ ကို သိများသိပမလား ကိုရယ် ..

အရာရာတိုင်းဟာ ကိုသာ ပြောင်းလဲ လို့မရဘူးထင်တဲ့အရာတွေကို ကို မပြောင်းလဲပစ်ပါနဲ့နော် ..
ဇင်သာ ပြောင်းလဲ လို့ ရမယ်ထင်တဲ့အရာတွေကို ဇင် ဖာတာ ပြောင်းလဲ ပြီ စိတ်တွေ ကိုဆီမရောက်အောင် ထင်ရာလုပ်တော့မယ်ဆိုတာ ကိုသိပါစေကိုရယ်.......

Wednesday, July 13, 2011

ကျမချစ်တော့ ကျမရဲ့ တဦးတည်းသော ကို အတွက်



ကျမချစ်တော့ ကျမရဲ့ တဦးတည်းသော ကို



ကိုရေးးးးးး
ညတိုင်း ညတိုင်း ကိုရဲ့မြင်ကွင်းရှေ့မှာ
အိပ်ရမှ အိပ်ပျော်တတ်တဲ့ ဇင် ...
အခု ညတိုင်းညတိုင်း ကိုရဲ့မြင်ကွင်းရှေ့မှာ
မအိပ်ရတဲ့ရက်ပေါင်းက များလားပြီနော်.


ကိုရေးးးးးး
အွန်လိုင်းက ရည်းစားတွေ
ဘယ်လောက်များများ ထားတတ်ပေ့မဲ့ ..
ကိုကလွဲပြီ ဇင် မချစ်တတ်တော့တာ ယုံပါ ကို

ကိုရေးးးးးးးးးးးးးးးး
ကို နဲ့ ဆုံတွေတဲ့အချိန်
ကိုနဲ့ စကားပြောရတဲ့အချိန်
ကိုရဲ့ အလိုလိုက်တဲ့အမူအယာတွေ
ဘယ်သူတွေနဲ့မှ အစားထိုးပြီ လုပ်ပြနေလဲ
 ကိုလောက်ဘယ်သူမှ မမှီဘူး ကိုရယ်....

ကိုရေးးးးးးးးးးး
ဘယ်သူတွေ ဘာပြောပြော
ဘယ်သူတွေ  ဘယ်လောက်ဇင်ကို ဆူပူကြိမ်းမောင်းပါစေ
ကိုက လွဲပီ
ဇင် နောက်ထပ် အွန်လိုင်းက ယောကျားလေးတွေနဲ့
ဇင် ထပ်ပီမချစ်နိုင်တော့သလို ..
ဇင် ထပ်ပီ မရှုပ်တော့ဘူးဆိုတာ
ကိုယုံထားပေးပါကိုရယ် ....