အချိန်ပြည့် အလုပ်လုပ်တဲ့အချိန်ကစပီ ဇင် ထမင်းမစားခဲ့ဘူး အိမ်က ထည့်ပေးလိုက်တာလို့ ပို့ပေးလိုက်တာကို ကောင်းကောင်းမွန်မွန်မစားခဲ့ဘူး ..အဲဒါကြောင့် ရောဂါဟောင်းက ပြန်ထလို့ မိသားစု ဆရာဝန်နဲ့တွေဖို့ ရက်ချိန်းယူပီ သွားခဲ့တော့ .. မိသားစုဆရာဝန်ကလဲ ဇင်နဲ့ အရမ်းခင်တယ်လေ သူနဲ့ပြတာလဲ တော်တော်ကြာပီဆိုတော့. သူက အကုန်နားလည်ပေးတယ် ဇင် ဘာဖြစ်လဲ ပေါ့ ..အဲဒါနဲ့ သူနဲ့စတွေတာပေါ့
သူက ကိုယ်အပူချိန်တိုင်းတယ် သွေးဖိအားတိုင်းပြီ မေးခွန်းတွေ စမေးလာတော့ပေါ့
အစားစားလားတဲ့ .. စားပါတယ်လို့.(စားတာပေါ့ တခါလာလဲ energy drink & Cheetos..အမှန်ပြောရရင် စားဖို့အချိန်မရှိသလို စားချင်စိတ်မရှိတာပါ)
ဘာတွေစားလဲတဲ့ .. အမှန်ပြောပြလိုက်ပါတယ် မနက်မိုးလင်းတာနဲ့ ရေ1ပုလင်းသောက်တယ် ..ရေမိုးချိုးပီ Energy Drink ကို တပုလင်းယူသောက်ပီ အလုပ်သွားတယ်လို ပြောလိုက်တယ် ဒါက မနက်တိုင်း သောက်ဖြစ်တဲ့ ဟာတွေပါ :(
ဆရာဝန်မ မျက်နှာမကောင်းခဲ့ဘူး.. အဲဒါသောက်တာကောင်းလားတဲ့ .. ဇင်ကလဲ အမှန်ပြောလိုက်ပါတယ် ကောင်းပါတယ် လန်းတယ် ထမင်းသိပ်မဆာဘူး....အမောလဲခံတယ် လို့ .. ပြန်ဖြေလိုက်တယ်
အဲလိုသောက်တာကြာပီလားတဲ့ ... အင်း ကြာပီလိုထင်တာဘဲ ... ကျောင်းမပိတ်ခဲ့ 1လ အလိုကတည်းက စသောက်တာလို့
ဆေးသောက်ချိန်မှာရော အစားစားရဲ့လားတဲ့ .. စားပါတယ်လို.
ဘာစားလဲ့တဲ့ .. Cheetos 2 ထုပ်စားတယ် တခါတလေ ဒိုးနပ်စ့် စားတယ်လို့ ..
ဆရာဝန်မက ဒါဆို ဆေးသောက်ခန်းနီး အဲဒါတွေစားပီ ဆေးသောက်တာပေါ့နော်တဲု့.. အင်း .. လိုပြန်ဖြေလိုက်တယ် ....
အခုအခြေအနေ ဘယ်လိုလဲတဲ့ ဗိုက်က .. ညနေပိုင်းဆိုင် အောင့်လာတယ် ဆေးသောက်ရင် အလွန်ဆုံး 4နာရီဘဲ ခံတယ် ပြီရင်ပြန်နာတယ်.. ပြောလိုက်တယ်
ဆရာဝန်မက အမေပါလား ဘယ်သူနဲ့လာတာလဲတဲ့ .. အဖေနဲ့လာတယ် အပြင်မှာစောင့်နေတယ် လို့ .. ဒါဆို ဇင်ခန အပြင်ထွက် .. အဖေနဲ့စကားပြောမယ်ဆိုပီ ဇင်အပြင်ထွက်လာတယ်
10မိနစ်ကြာတော့ အဖေထွက်လာတယ် မျက်နှာလဲ ကောင်းဘူး .. ဇင်ကလဲ ဘာပြောလဲ ဆရာဝန်က .. အဖေက .. ဘာမှမပြောပါဘူး .. သွားလိုက်အုန်း .. ဆရာဝန်မ စောင့်နေတယ်တဲ့ .. အဲဒါနဲ့ ဇင် ပြန်ဝင်လာခဲ့တယ် ..
ဆရာဝန်မကတော့ ပြုံးပြုံးနဲ့ .. ဇင် က လိမ်မာပါတယ် နောက်ဆို အဲ Energy Drink မသောက်ရဘူးနော် .. ဇင်စိတ်ထဲမှာမကောင်းဘူး အမှန်ပြောရင် ဇင် Energy Drink ကို မသောက်ဘဲ မနေနိုင်သလို အလုပ်လဲ မလုပ်နိုင်ဘူးဆိုတာ ဇင်သိနေခဲ့တယ် ..
ဇင်လဲ ဖြစ်ချင်တာဖြစ်ဆိုပီ အမှန်ပြောလိုက်တယ် .. ဇင် မသောက်လို့ မနေနိုင်ဘူးလို့ .. အဲလို ဖြစ်တယ်လို ပြောပြလိုက်တော့ .. ဆရာဝန်မက ဒါဆို .. ကျမ သတ်မှတ်ပေးတဲ့ Energy drink ကိုသောက်မှာလားတဲ့ .. ဇင်ကလဲ ဇင်သောက်နေကြဟာ နဲ့ တူလားလို့မေးလိုက်တယ် တူပါတယ် ဒါမဲ့ ဇင် ဖျော်ပီ သောက်ရမယ်တဲ့ .. ဒါမဲ့ အစားကတော့ Cheetos. သကြားလုံး ဒိုးနပ့်စ် တွေလောက်တော့ မရဘူးနော်တဲ့.. OK!ဇင် သောက်မယ်လို့ ..
ဆေးကတော့ ပုံမှန်သောက်တယ်မလား .. အင်း. ပုံမှန်သောက်ဖြစ်ပါတယ်လို့ ...
ဇင် နောက်ဆို အဲလိုမျိုးအစားတွေ မစားနဲ့နော် ဆေးသောက်ခန်းနီး .. ဇင်ဗိုက်က ဆရာမ ထင်တာ ပျောက်နေပီထင်နေတာ ကျောင်းတက်တုန်းက နာတာသိပ်မကြားမိဘူးလေ .. အခုပြန်ပေါ်လာတော့ .ဆရာမ စိုးရိမ်တယ်နော် .. အဲလိုထပ်စားရင် ဆေးရုံတက်ရမယ်လို့ ပြောခဲ့တယ် ..
ဒါဆို ဆေးထပ် ပေးလိုက်မယ်နော်.. သွားထုတ်လိုက်နော် .. ဟုတ် လို့ပြောပီထွက်လာခဲ့တယ်
အိမ်ပြန်တဲ့လမ်းမှာ ဖေဖေက စပီမေးခွန်းမေးလာတော့တာဘဲ .. သမီးက ဘာလို့အစားမစားဘဲ Energy drink တွေဘဲ သောက်တာလဲ့တဲ့ .. ဇင်ကပြုံးပြုံးနဲ့ .. ဖေ ကလဲ .. အားရှိတယ် သမီးအဲလို သောက်စားလို့ ၀ိတ်တောင် မကျဘူးတွေလား .. ဘောင်းဘီလေးဘဲ ချောင်သွားတာလို့ ဟီဟီ ... ပြန်နောက်လိုက်တယ် ..
ဖေဖေက ပြန်ပြောတယ် ဖေ ခွင့်မပြုတော့ဘူး သမီးအဲဒါတွေ ဆက်သောက်မယ်ဆိုရင်တဲ့ ..
ဖေ ကလဲ .. ဇင်က သောက်ချင်လို့သောက်တာဟုတ်ဘူး အားရှိအောင်သောက်တာလို့ ..
ဖေဖေပြောတာနားထောင် ထပ်မသောက်ရဘူးတဲ့ .. သမီး မြန်မာပြည် မပြန်ချင်တော့ဘူးလားတဲ့ .. ဇင် စိတ်ထဲမှာတမျိုးလေး ဖြစ်သွားတယ် . ..ပြန်ချင်တာပေါ့ .. 2013ကြရင် ပြန်မယ်ဟုတ် .. ဇင်လဲ လိုက်မယ်နော် . ဇင် ကျောင်းပြီလေ.. ပြန်မယ်လို ပြောမိတယ် ဇင် စိတ်မှာ ငိုချင်တယ် ဖေဖေ အဲလိုပြောလို့ ..
အိမ်ရောက်တော့ မေမေက ဘယ်လိုလဲ အခြေအနေ ..ကောင်းတယ် ဘာမှမဖြစ်ဘူး ဆေးပေးလာတယ် အရင်ထပ် 2လုံးဘဲ ပိုသောက်ရမယ် အစားကအရင်ထက် ပိုစားပေးရမယ် တဲ့ ..
ဇင်လဲ ကိုယ်အခန်းထဲ ကိုယ်ပြန်လာတယ် ...
ခနနေကြာတော့ ဖေ က အလုပ်သွားပီ ဇင်က အောက်ဆင်းလာတယ် .. မေမေ မျက်နှာမကောင်းဘူး.. မေ့ ဘာဖြစ်လဲ မျက်နှာလဲ မကောင်းဘူး .. ဖေ့ နဲ့ စကားများပြန်ပီလားလို့ ..မေ့ကလဲ ဖေ့ အလုပ်သွားခန်းနီး လျောက် လျှောက်မပြောနဲ့ .. ဖေ့ ပင်ပန်းမှာပေါ့လို့ .. ပြောပီ ရေခဲသေတ္တာထဲ့ . အအေးယူဖို့ ကြည့်လိုက်တော့ .. Energy Drink အကဒ် လိုက် ပျောက်နေတယ် .. ပါးစပ်ကလဲ လွတ်ခနဲ.. မေ့ အအေးတွေရော .. ပစ်လိုက်ပီတဲ့ .. ဘာလိုလဲ နှမျောစရာကြီး .. ဇင်လဲ နှမျောတဲ့စိတ်လေးနဲ့ ချက်ချင်း အမှိုက်ပုံးကိုဖွင့်ပီရှာတော့တာပေါ့ ။
မေ့က မျက်ရည်ကျတာတွေတော့ ဇင်စိတ်မကောင်းဘူး .. သမီး နင်ဘာလို့ အဲလောက် မိုက်ပြီ တခုခုဆိုရင် ရွဲတတ်ရတာလဲ .. မေ့ က မေ့သမီးကို အရမ်းချစ်တာ .. မေ့ ထည့်ပေးလိုက်တဲ့ ထမင်း သမီးမစားဘူးဆို . အိမ်ပြန်ခန်းနီး အလုပ်က အမှိုက်ပုံးမှာ လွင့်ပစ်တယ်ဆို. ဘာလိုလဲ .. မေ့ ကိုပြောစမ်း . ဇင်စိတ်က စိတ်ရှုပ်ထွေတာနဲ့ . မေ့က ဖေ့အတွက် အကုန်ပြင်ဆင်ပေးတယ် သမီးကိုတော့ မေ့ က နောက်မှ လာပို့ပေးတယ် သမီးလဲ ဆာတာပေါ့ ... မေ့က ဖေ့နဲ့ မောင်လေးတွေကိုဘဲချစ်တာကို .. သမီးကိုမှာမချစ်တာာ.. တခါလာလဲ.. လုပ်ချင်တာလုပ် .. ဆို .. ဖေ့ မောတော့ မေ့က ဖေ့အတွက် အကုန်ဆုံးလုပ်ပေးတယ် .. သမီး မောပီပင်ပန်းတော့ .. မေ့ ဘာမှမလုပ်ပေးဘူး .. မေ့ က သမီးကိုတော့ မစိုးရိမ်ဘူးလို့ ....
မေ့ ဇင်ကို စိုက်စိုက်ကြည့်လို့ .ဇင် မေ့ မျက်လုံးချင်လွဲလိုက်တယ် မေ့က မေ့ သမီးကို ပစ်ထားတာမဟုတ်ပါဘူးသမီးရယ် .. မေ့ သမီးကိုချစ်ပါတယ် မေ့ သမီးကို ပြန်ဂရုစိုက်မယ်နော် . အဲ Energy Drink တွေ မသောက်နဲ့တော့နော် ..တဲ့ .. ဇင်လဲပြန်ပြောလိုက်တယ် ဇင် မသောက်ရင် မနေနိုင်တော့ဘူးလို့ .. မေ့က အတင်းဖြတ်ခိုင်းလဲ ရမယ်မထင်တော့ .. နဲနဲချင်ဖြတ်ရမှာပေါ သမီးရယ်နော် .. မေ့ စကားနားထောင်နော် .. သမီးအဲလိုလုပ်ရင် ဆေးရုံတက်ရမယ်နော် .. တယောက်ထဲ ဆေးရုံမှာ သွားနေရမယ်နော် ..ဇင်က ဆေးရုံက ဆေးထိုးအပ်ကို ကြောက်တော့ မေ့ က ပြောတော့တာပေါ့..အင်းအင်း မသောက်တော့ဘူးလို့ ..2013 ကြရင် ပြန်မယ်လို ကတိပေးထားတယ် မေ့ .. အေး ပြန်မယ်တဲ့ .. ဇင် ပျော်သွားတယ် ဒါဆို သွားအိပ်လိုက်အုန်းမယ် ခနနေ အလုပ်သွားရမယ်လို့ .. အပေါ်တက်လာခဲ့တယ် .. အခန်းထဲရောက်တော့ . သီချင်းနားထောင် ဟိုလုပ်နေရင်နဲ့ .. မေ့က ဇင်က ကြိုက်တဲ့ .. ပုဇွန်ကြော်ပေးနေတဲ့ အနံကို ရလာတော့ ဗိုက်ကဆာလာတာနဲ့ .. အောက်ဆင်းသွားတော့ ..စားဖို့ ထမင်းတွေ ထည့် .. မေ့လဲ ဟင်းပြင်ပေးတော့ .. မေ့က ဟင်းမပြင်ပေးတာ တော်တော်ကိုကြာခဲ့ပါပီ .. ဇင်ရင်ထဲမှာ သီးနေတယ် ထမင်းကို မျိုချလို့မရဘူးဖြစ်နေတယ် .. ရေမျောချရတယ် .. ဇင် ထမင်းထည့်လာတာ အများကြီး.. ဇင် ၃..၄ လုတ်စားပီ ဗိုက်ပြည့်ခဲ့တယ် .. ထူးဆန်းနေတယ်ဆိုတာ ဇင် သိခဲ့တယ် .. မေ့က တော်ပီလာတဲ့ .. အင်း တော်ပီလို့ .. ထလာလိုက်တယ်။။
မေ့ ဇင်ကို စိုးရိမ်တာ ဇင် သိတယ် .. မေ့ရယ် ဇင်ကို မစိုးရိမ်ပါနဲ့ ဗိုက်အောင့်တာလေနဲ့ မသေလောက်ပါဘူး .. အမှန်ပြောရင် ဗိုက် ဘာလို အောင့်လဲဆိုတာ .. ဇင် လဲ မသိဘူး .. ..နောက်ဘာဖြစ်မလဲဆိုတာ သေချာတော့မသိဘူး ..
လောလောဆယ်ဒီနေ့က Energy Drink မသောက်ခဲ့ရတော့.. စိတ်တွေ ညစ်နေတယ် အလိုမကျဖြစ်နေတာတော့အမှန်ဘဲ .. တခုခုကို နာကျဉ်အောင် လုပ်ချင်နေခဲ့တယ် အမှန်ဘဲ .. စိတ်တွေ သိပ် မကြည်ဘူး အလုပ်သွားတော့လဲ Customer တွေနဲ့လဲ ခနခန ရန်ဖြစ်နေရတယ် ။ ပြန်လာခန်းနီးလဲ ကားက တိုက်မိသလိုဖြစ်နေတယ် အခု အိမ်ရောက်တော့.. စိတ်တွေ ညစ်လို့ အိပ်မယ်လုပ်တော့ အိပ်လို့မရခဲ့ပြန်ဘူး .. အခု ဒီစာကို ရေးတာတော့ တော်တော်ကို ရှည်နေပီ .. မရေးချင်တော့ဘူး ကွာာာ ဒီမှာဘဲ ရပ်တော့မယ် နော်
No comments:
Post a Comment