Wednesday, July 6, 2011

အေးချမ်းတဲ့အချိန်ကလေးပေါ့




ဒီနေ့ အလုပ်ကပြန်လာတော့ ဘုန်းကြီးကျောင်း တချက်ဝင်ခဲ့တယ် စိတ်တွေအရမ်းညစ်တာနဲ့ တရားလေးဘာလေးထိုင်အုန်းမှဘဲ ဆိုပီ တရားဝင်ထိုင်လိုက်တယ် စိတ်တွေလေတာတွေပျောက်အောင်လို့ပေါ့ မထိုင်တာလဲ တော်တော်ကြာပီလေ .. အဲဒါနဲ့ ၀င်ထိုင်တဲ့အချိန်မှာ စိတ်တွေကို ဘယ်လိုမှ ချုပ်ထိန်းလို့ကို မရဘူး တရားလဲ ဘယ်လိုမှမှတ်လို့မရဘူး .. စိတ်တွေက ဟိုရောက်လို့ ဒီရောက်လိုက် ဟိုတွေးလိုက်ဒီတွေးလိုက်နဲ့ ဘယ်လိုနည်းနဲ့မှ ထိုင်လို့မရမှန်းသိတော့.. ထလာလိုက်တယ် .. အဲအချိန်မှာ အသိတယောက်က မထိုင်တော့ဘူးလားတဲ့ .. အင်း မထိုင်တော့ဘူး စိတ်တွေကို ဘယ်လိုမှ စုစည်းလို့မရဘူးလို့ .. ပြီတော့ တစုံတဦးကိုလဲ အရမ်းသတိနေတယ်လို့ .. ပြန်တော့မယ်လို .. အသိတယောက်လဲ ဒီအတိုင်းပြန်လို့ရော ပြီသွားမှာလား တဲ့ .. မသိဘူး စိတ်တွေ ပြန်ကောင်းလာအောင်တော့ လုပ်ရမှာပေါ့လို့ .. ကဲလာ မှတ်လို့ရအောင် သင်ပေးလိုက်မယ် တခုခု ခေါင်းမှာပေါ်လာရင် စိတ်ထဲကနေ ပေါ်လာတဲ့အကြောင်းအရာကို မှတ် အကယ်ရူ် သတိရရင် .. သတိရတယ် သတိရတယ်လိုမှတ် .. ရှုသွင်းရှုသုတ်တဲ့ လေတွေကို စိတ်ထဲမှာမှတ်ထား .. တဲ့ .အဲဒါနဲ့ ဇင်လဲ ထိုင်လို့ရအောင် သွားထိုင်မယ်ဆိုပြီ သွားထိုင်လိုက်တယ်.. ခုနက အသိပြောသလိုတော့ ချက်ချင်းဘယ်ရမလဲနော် .. ခုနနေတော့ သူပြောတဲ့အတိုင်း စိတ်တွေကို ရှူထုတ် ပုံမှန်လိုက်လုပ်ရင်နဲ့ .. စိတ်ငြိမ်ခဲ့တယ် .. ဘယ်လောက်ကြာကြာထိုင်မိလိုက်တယ်မသိဘူး .. ဇင် စိတ်တွေ အရင်လို့ မညစ်တော့ဘူး ပျော်လာခဲ့တယ် .. သတိဝင်လာနဲ့ အိမ်ပြန်ရတော့မှဘဲဆိုပီ ဆက်မထိုင်ဘဲ ထ လာခဲ့တယ် စိတ်တွေ က အရမ်းကို ပေါ့ပါးလာခဲ့တယ် တော်ရုံတန်ရုံ ကိစ္စ တွေကို သိပ်ပီ ခေါင်းထဲမှာမရှိတော့ဘူး သူကြောင့်ညစ်နေတာလဲ တော်တော်လေ ပေါ့သွားတယ် အိမ်ရောက်တော့ ရေမိုးချိုးပီ အမေကို ဈေးလိုက်ခဲ့တယ် ဇင်ရဲ့ မျက်နှာပေါ်က အပြုံးတွေ သိပ်မတွေတာ ကြာနေပီတဲ့ ကျောင်းပိတ်ခန်းနီးက စပီတော့တဲ့ အခု အပြုံးက တော်တော်လေးကြည့်လို့ကောင်းတယ်လို မေမေ က ပြောခဲ့တယ်.. ပျော်ပါတယ် ကုသိုလ်လဲရ . စိတ်ညစ်စိတ်လေတာတွေလဲ ပျောက်အောင်လို့ပေါ့ . အသိပြောသလိုပေါ့ .. ကိုယ်အရိပ်ကို လိုက်ဖမ်းနေရင် ဘယ်တော့မမိဘူးတဲ့ .. ကိုယ်အနားမှာနေစေချင်ရင် လွတ်ထားလိုက်တဲ့ .. လွတ်ထားလိုက်ပါပီ .. အခုလွန်ခဲ့တဲ့ နေ့တွေထက် နေရသာ တမျိုးလေးဘဲ တရားထိုင်ပီတဲ့အချိန်ကစပီပေါ့ .. အချိန်အားရင်လဲ သွားထိုင်အုန်းမယ် .... .... ဒီလိုအေးချမ်းတဲ့ အချိန်လေးကို ရှာနေတာကြာပီ ..

No comments:

Post a Comment