ညနေကမှာ လတ်လတ်ဆတ်ဆတ်သွားဖေါက်ထားခဲ့တယ် အပေါ်က နေရာလေးပေါ့... ဖေါက်ပေးတဲ့သူကလဲ ပြောပါတယ် သိမနာဘူးတဲ့ မဖေါက်ခင်မှာစဉ်းစားမိတယ် ငါဘာလိုဖေါက်မှာလဲလို့ လှဖို့လား ..လိုချင်လိုလား ကြိုက်လိုလားလို့ ကိုယ်ကိုပြန်မေးမိတယ်.. ငါတွေ ရှုပ်ထွေးနေခဲ့တယ် အဲအချိန်မှာ ငါသူငယ်ချင်းက ဇင် နင်လိုချင်နေတာမလား သွားဖေါက်လိုက်လေး . .. ငါတောင် tattoo ထိုးထားတာ နင်မှာမထိုးတာ နင်လိုချင်တဲ့ ဒါကိုတော့ဖေါက်လိုက်တော့ .. ငါဆုံးဖြတ်လိုက်တယ် ဖေါက်မယ်ဟာလို့ ငါ စပီ ခုံပေါ်တက်ထိုင်လိုက်တော့ .. သူက နားကို သန့်ရှင်းပေးတဲ့အချိန်မှာ ငါစိတ်က သူကိုအရမ်းသတိရသွားတယ် သူကပြောလေ့ရှိတယ် ဘာလိုဖေါက်မှာလဲ ဘာမှလဲလှမှာမဟုတ်ဘဲနဲ့.. အသားအနာခံပီတော့ .. ငါကလဲ ပြန်ပြောလိုက်တယ် ငါလိုချင်လို့ဖေါက်မှာဘဲလို့ .. နောက်ဆုံး သူမပြောနိုင်တော့ ဖေါက်ဟာ တကိုယ်လုံးသာဖေါက်လိုက်တော့တဲ့ .. စိတ်ထဲမှာကြိတ်ပျော်ခဲ့တယ် သူငါအတွက်ပူပန်ပေးတာဘဲ ..
ဖောက်ကနဲ့နားထဲမှာကြားလိုက်တယ် နာလိုက်တာ ဖေါက်ပေးတဲ့သူကလဲ အသက်ကိုရှုသွင်းထားတဲ့ .. အပေါ်ကအချွန်ကအောက်ကိုရောက်တော့ အသက်ပြန်ရှုထုတ်လိုက်တဲ့ . သူပြောတဲ့အတိုင်း ငါလိုက်လုပ်တယ် .. နာလွန်းလို့ မူးချင်နေပီ .. ပါးစပ်ကလဲ ပြီပြီလား ပြီပြီလား အခါရွတ်ပီ မေးမိတယ် ငါမလိုချင်တော့တာ တကယ်ဘဲ .. မပြီသေးဘူး နောက်တပေါက်ကျန်သေးတယ်တဲ့ .. စိတ်ထဲမှာ အားကိုတင်းထားတယ် ငါသိတယ် ငါစိတ်လျော့ချလိုက်ရင် မေ့သွားမှာကိုငါသိတော့ အားတင်းထားတယ် .. လိုချင်တဲ့အရာကို အနာခံပီယူစမ်းပါ ဆိုတဲ့စိတ်နဲ့ ငါစိတ်တင်းထားခဲ့တယ် .. နောက်တပေါက်ဖေါက်တော့ . သိပ်မနာခဲ့ဘူး .. အပေါ်ကအပေါက်က တော်တော်ကိုနာတာ .. သူအခန်းက လေအေးပေးထားတာတောင် ငါချွေးတွေ တော်တော်ထွက်နေခဲ့တယ် ဆိုင်ရှင်ကလဲ အဆင်ပြေရဲ့လား .. အဆင်ပြေရဲ့လား .. ငါက ပါးစပ်ကသာအဆင်ပြေတယ်လိုပြောတာ ငါလက်တွေ့ တုန်နေတယ် မူးနေတာတော့အမှန်ဘဲ . သူငယ်ချင်းကိုပြောလိုက်တယ်ငါမူးနေပြီလို့ .. ဒါဆိုခုံမှာခနထိုင်လိုက်တယ် .. ငါစိတ်တွေ ကြွအောင် သူက ပြောရှာပါတယ် နင်နားလေးက အရမ်းလှသွားပီ နင်လိုချင်တဲ့အတိုင်း တပုံစံထဲဘဲ ဘာညာနဲ့ .. အမူးပြေတော့ အိမ်ကိုကားမောင်းလာခဲ့တယ် စိတ်တွေက ငိုချင်နေမိတယ် ငါမှားသွားပီလား ငါဒီလိုဖေါက်မိတာ .. နာတာကိုမခံနိုင်လို့ .....
အိမ်ရောက်တာနဲ့ ငါဆေးသောက်ပြီ အိပ်မဲ့အချိန်မှာ မင်းခန့်က စာပို့လာတယ် သူခံစားရတယ် သူကောင်မလေးနဲ့ ဘာညာပေါ့ ॥ စိတ်တိုတိုနဲ့ ပြန်ပြောလိုက်မိတယ် နင်ပြောသမျှကို ငါနားထောင်ပေးတယ် ဒါမဲ့ ဒီအချိန်မှာ ငါကိုဘာမှလာမပြောနဲ့ နင်အတွက်လဲ ငါမခံစားပေးနိုင်ဘူး॥ငါအတွက်ဘယ်သူမှလာခံစားပေးတာမဟုတ်ဘူးလို့ ॥ ငါပြောမိတယ် မင်းခန့်က ချက်ချင်းဘဲ နင်ဘာဖြစ်နေတာလဲ ငါကိုပြောပြ ॥ ဘာညာအတင်းမေးတော့ ငါပြောပြမိတယ် စိတ်ညစ်တယ်ဟေးးးးးးးးးး စိတ်ညစ်လို့ဖေါက်တာ စမ်းသလားဟာာ॥ စိတ်ဆိုးပီ ပြောလိုက်မိတယ် ॥ ငါအိပ်ပီ ॥ ဆေးသောက်ထားတဲ့အရှိန်နဲ့ သိပ်စိတ်ကြည်နေတာမဟုတ်ဘူးလို့ပြောပီ သူနဲ့ စာထပ်မပို့ဖြစ်တော့ဘူး॥
ခနနေအိပ်မလို့လုပ်တော့ ကိုနဲ့တွေတယ် ကြိုက်တာလုပ်တော့တယ် ဘာမှမပြောတော့ဘူး ॥ ဆေးသောက်အိပ်အုန်းတယ် မနာဘူးလား ဘာညာနဲ့ ॥ ကိုစိတ်ပူတာလေးကို တော်တော်လေးပျော်မိတယ် ॥ ကို အပြောလေးကြောင့် နာတဲ့ စိတ်တောင် ဘယ်ပျောက်သွားလဲတော့မသိဘူး ॥ ဘာဘဲ ပြောပြော ကိုရဲ့ ဂရုစိုက်မှုကို လိုချင်တာအမှန်ဘဲ ॥ ကို နဲ့ ခန ပြောပီတော့ ကိုက အိပ်တော့လေ ॥နားက နာနေတယ်မလား ॥ အိပ်တော့ နောက်မှတွေမယ်နော်တဲ့ ॥ ငါလဲ အော် သူအိပ်စေချင်လို့ ॥ အိပ်ရမှပေါ့ဆိုပီ အိပ်ခဲ့တယ် । ဒါမဲ့အိပ်လို့မပြောဘူး ॥ နာလွန်းလို့လေ .....ဟိုလိမ့်ဒီလိမ်နဲ့ ....... နားက ကိုက်လာတယ် သွေးတွေလဲ ထွက်လာတော့... အမေဆီကိုပြေးမိတယ် မျက်ရည်လေးဝဲပြီတော့ ॥ နောင်တလဲ ရမိတယ် ...... မေမေက အိပ်ဆေးပေးတယ် ဆရာဝန်က ငါဗိုက်အောင့်လို့ အိပ်မပျော်ရင် သောက်ဖို့ ပေးခဲ့တဲ့ အိပ်ဆေး က တခါမှ မသောက်မိဘူးဖူး... အခုမှ သောက်ဖူးတာ...နာတာမခံနိုင်လွန်းလို့ ॥ မေမေက ဆေးအညွန်းနဲ့ တိုက်ပြီ အိပ်လိုရခဲ့တယ် ॥ မနက်ကြတော့ သွေးတော့ နားမှာအပြည့်ဘဲ ..... ဆေးတွေသောက် ॥နားကို သန့်ရှင်းရေးလုပ်ပေးတော့ သိပ်တော့မနာတော့ဘူးပေါ့ ॥

No comments:
Post a Comment