သတိရခွင့် ရှိသလောက် သတိရနေလေရဲ့။ ခဏတာ အခိုက်အတန့်လေးမှာ အားလုံး ပြီးစီးသွားခဲ့တာတောင် .. ငါ့သက်ပြင်းတွေ မြေပြင်ပေါ် ခုန်ချ တမ်းတ ချင်ပြီကွယ်။
ငါ့ အထီးကျန်မှုတွေ ဘယ်သူက သိမှတဲ့လဲ?
တွေးမိတဲ့ အခါတိုင်း ငါရင်ထဲ ဝင်ရောက်လာတာ ဝေဒနာတွေပေါ့။
ငါ့မြင်ကွင်းကို တုန်လှုပ်စေတာ နင့်အရိပ်တွေပါ။
ဒါကြောင့် .. ညင်သာတဲ့ ခြေလှမ်းနဲ့ တိတ်တဆိတ်စိုးမိုးတဲ့ နင့်မျက်နှာလေးကို ရှက်ရွံ့စွာနဲ့ပဲ သိမ်းဆည်းလိုက်ပါပြီ။
သစ်ပင်စိမ်းအောက် အိပ်မက် မက်နေတဲ့ ငါ့ကို နင် လှောင်ပြုံး ပြုံးလိုက်ပါ။ အားလုံး ဆိတ်ငြိမ်သွားတဲ့အခါမှာ
ငါ .. နင့်ကို တိတ်တဆိတ် နှတ်ဆက်လိုက်ပါရစေ။
ဝမ်းနည်းမှု ကမ်းခြေတခု မှာ ဒါတွေ အားလုံး ၁ကိုယ်ကောင်းဆန်သူရဲ့ အနားသတ်မျဉ်းပဲ ဖြစ်ပါရစေကွယ်။
No comments:
Post a Comment