skip to main |
skip to sidebar
တန်ပြန်သက်ရောက်မူ့

ငါမညာချင်ဆုံးသူက နင်ပါ.
ငါအယုံချင်ဆုံးသူကလည်း နင်ပါ.
နင်ကညာခဲတယ်..ငါကယုံခဲ့တယ်.
နင်ကိုငါ စိတ်မဆိုးပါဘူး..ဒါပေမဲ့ ခွင့်မလွတ်နိင်ဘူး.
နင်ကိုငါ မမုန်းပါဘူး..ဒါပေမဲ့ မချစ်ရဲ့တော့ဘူး.
နင်ကိုငါ သတိရနေတုန်းပါပဲ..ဒါပေမဲ့ ငါမေ့ပစ်မယ်.
ငါနင့်ကို တမ်းတဆဲပဲ..ဒါပေမဲ့ ငါစွန့်လွတ်မယ်.
ငါ့မှာမျော်လင့်ချက်တွေ ကျန်နေတယ်..
ဒါပေမဲ့ ငါမခံစားနိုင်တော့ဘူး..
နင်အသဲမကွဲပါဘူး..ဒါပေမဲ့ ငါအသဲကွဲခဲ့တယ်.
နင်မရက်စက်ခဲပါဘူး..ဒါပေမဲ့ ငါနာကျင်ခဲ့ရတယ်.
နင်ကိုငါ မယုံတောဘူး..
ဒါပေမဲ့ ငါမိုက်မိုက်ကန်းကန်းနဲ့ ယုံချင်နေမိတယ်.
နင်တော်ပါတယ် ငါ့ဦးနောက်ထဲကဆန့်ကျင်ဘက်ခံစားချက်တွေ ရိက်သွင်း
ပေးနိုင်ခဲတယ်....ရှုံးထွက်အနေနဲ့
ဆန္ဒပဲနော် သက်ရောက်မူတိုင်းမှာ
တန်ပြန်သက်ရောက်မူ့ ဆိုတာရှိတယ်..
No comments:
Post a Comment