ဒီနေ့ငါပင်ပန်းတာအမှန်ဘဲ .. အလုပ်ကို 12 ကြာအောင်လုပ်မိတယ် .. အရမ်းလဲပင်ပန်းတယ် လူတွေကျတော့ ပင်ပန်းတာပေါ့ .. မနက်မိုးလင်းခန်းနီး သူကိုစိတ်ဆိုးထားတဲ့အရှိန်နဲ့ လူက တော်တော်နှုံးနေပြီ ..ဘာမှကိုမလုပ်ချင်တော့တာ အမှန်ဘဲ ..သူငယ်ချင်းကလဲ ပြောတယ်သူက တော်တော်ပွေတာတဲ့ .. သူရည်းစားဟောင်းနဲ့ 3နှစ်တောင် တွဲခဲ့တာတဲ့ သူအချစ်ဆုံးတဲ့ .. ငါအဲစကားတွေကို ကြားလိုက်ရတော့ ငါဘယ်လိုခံစားရမလဲဆိုတာ ဖတ်တဲ့သူတာ ခံစားကြည့်ပေါ့ဟာ .. ငါသူကိုချစ်တာ တော်တော်ချစ်တာ .. ငါသူကို လက်လွတ်လို့မနိုင်တဲ့အထိ ချစ်တာလား or ငါရှုံးမှာကိုကြောက်လို့လား ..ငါသူနဲ့တခါ လမ်းခွဲပြီကတည်းက နောက်တခါသူနဲ့လမ်းထပ်ခွဲရမှာငါမလိုလားတော့ဘူး ငါဆီကိုလာဖို့မကမ်းလှမ်းခဲ့ဘူး .. သူကို အရင်ကချစ်တဲ့စိတ်နဲ့ ကလဲ့စားချေချင်တဲ့စိတ်နဲ့ ပြန်ချစ်မိတာ ငါကတော်တော် ရူးတဲ့မိန်းကလေးပါလား ဆိုတာ ငါတွေးမိခဲ့တယ်..
သူမကြိုက်ဘူးတဲ့ .. သူရည်းစားဟောင်းကို သွားအက်မိလို Facebook မှာ .. ငါစိတ်နာတယ် .. ငါဘာလုပ်ရမလဲ ငါမသိတော့ဘူး .. မှန်ပါတယ် ငါသူငယ်ချင်းပြောသလို ဇင်ရယ် စော်ကြီးက ငါလောက် မလန်းပါဘူးတဲ့ .. ငါသူငယ်ချင်းငါကိုအဲလိုပြောတော့ ငါပျော်မိတယ် မှန်ပါတယ် စော်ကလဲ ငါလောက်မလန်းပါဘူး ဒါမဲ့ သူတို့က 3နှစ်တောင် တွဲပြီပြီဆိုတော့ .. ပြန်မတွဲနိုင်ဘူးဆိုတာ ဘယ်သူပြောနိုင်လဲ .. တခါတလေ ငါစဉ်းစားမိတယ် ငါချစ်သလောက်သူငါကိုချစ်ပ့မလားလို့ .. သူက ငါလောက်မချစ်နိုင်ပါဘူး.. ငါကအရျုံးမပေးနိုင်သလို အနိုင်လဲမလိုချင်ပါဘူး . လိုချင်တာရအောင်ယူတတ်သလို မရရင်လဲရအောင်လုပ်တတ်တဲ့အကျင့်ကငါမှာရှိတယ် .. ငါပျော်တယ်တခုဘဲရှိ သူရည်းစားဟောင်းက ငါလောက်ပုံမလားလို့ဘဲ .. ဟားဟား
ဒါပေ့မဲ့ သူကို တချိန်လုံး သံသရ၀င်မိနေတာအမှန်ဘဲ ..သူကိုအရမ်းချစ်မှန်းသိတယ် အဝေးမှာနေရတော့ တချိန်လုံး သံသရ၀င်မိတာလဲ မဆန်းပါဘူး .. စိတ်တွေအရမ်းညစ်တယ် သူအကြောင်းတွေးမိရင်.. ငိုခဲ့ရတဲ့ရက်ပေါင်းတွေလဲများပြီ လွမ်းရတဲ့ရက်တွေကလဲများပြီ .. အခုဆို သူစိတ်နဲ့ ဘာမှကိုလုပ်လို့မရဘူး သူကိုဖြတ်နိုင်အောင် ကြိုးစားခဲ့တာအကြိမ်ကြိမ်ဘဲ သူအသံသူအပြောနဲံ ငါ ပြန်ပျော့သွားခဲ့ သူတော်တော်စွမ်းတယ်လို့ပြောရမလားဟာာ
No comments:
Post a Comment