ချစ်သူ/ရည်းစား (ကောင်လေး) ကို မပြောသင့်သော စကား(၉)ခွန်း NOTE
(၁)
*“တော်ပြီ… နင်နဲ့ ငါလမ်းခွဲတာပဲကောင်းတယ်”*
ဘယ်လိုအခြေအနေရောက်ရောက်
ကိုယ့်ဘက်က သူ့ကို လမ်းမခွဲနိုင်သေးဘူးဆိုတာသေချာ
ရင်…
ဟန်ဆောင်ပြီး
လမ်းခွဲမယ်ဆိုတဲ့စကားကို မပြောမိပါစေနဲ့… ကိုယ့်ချစ်သူက
ကိုယ့်ကို
တကယ်ချစ်တဲ့သူဆိုရင်… သူတော်တော်ခံစားရပါတယ်… ဒီစကားက
သူမကြားချင်ဆုံးစကားပါပဲ…
ပြီးတော့ ကိုယ်က လမ်းခွဲစကားကို ခဏခဏ
စိတ်ဆိုးတိုင်းပြောနေရင်… သူ့ဘက်က
ကိုယ့်ကို တဖြည်းဖြည်း
အထင်လွဲလာတတ်တယ်…
(၂) *“ကို… ကို့အရင်တယောက်ကို
ဘယ်လောက်ထိချစ်ခဲ့လဲဟင်”*
ချစ်သူရဲ့  အရင်ရည်းစားအကြောင်းကို
ခဏခဏမမေးမိပါစေနဲ့… သူစိတ်ရှုပ်လာတတ်တယ်…
ငါ့ချစ်သူက ငါ့ကို
ဒီလောက်တောင်မယုံဘူးလား… နားမလည်ပေးနိုင်ဘူးလားဆိုပြီး
တွေးလာတတ်တယ်…
သိထားသင့်ရုံလောက်မေးထားသင့်ပါတယ်… ခဏခဏ စိတ်ရှိတိုင်း
လိုက်လိုက်ပြီး
မမေးနဲ့ပေါ့နော်… တော်ကြာကိုယ့်ကြောင့်
သူ့အရင်ချစ်သူအကြောင်းပြောပြရပါများပြီး…
အရင်ချစ်သူကို
ပြန်စိတ်လည်သွားမှ ဒုက္ခ…
(၃) ကိုယ့်ချစ်သူကို
လူ့ရှေ့သူ့ရှေ့မှာ မအော်မိပါစေနဲ့…
မဆူမိပါစေနဲ့…
ယောက်ျားမာနကမသေးဘူးနော်… သူတို့ ဘယ်လောက်မှားနေမှားနေ
မအော်သင့်ပါဘူး…
သူတို့ကို သိက္ခာကျစေပါတယ်… ကိုယ့်ကို စိတ်နာသွားတတ်တယ်…
ပြီးတော့ကိုယ့်ကိုလည်း
အဆင့်မရှိတယ် ချစ်သူလို့ထင်သွားတတ်တယ်… တကယ်က
ကိုယ်တို့က
စိတ်အရမ်းဆိုးသွားပြီးအော်မိကြတာပါ… ဒါပေမယ့်
မကောင်းပါဘူး…
(၄) ကိုယ့်ချစ်သူကျူးလွန်ခဲ့တဲ့ *အရင်က အပြစ်တွေကို ခဏခဏ
ပြန်မပြောမိပါစေနဲ*့…
ကိုယ့်ကိုရော အရင်က အပြစ်တွေ ခဏခဏ ပြန်ပြန်ပြီး
လာပြောနေရင်ကြိုက်မလား…
ဘယ်ကြိုက်မလဲနော်… စိတ်ညစ်တာပေါ့… သူတို့လဲ ဒီလိုပဲ…
ကိုယ်က ပွစိပွစိနဲ့ အရင်က
ဟာတွေပြန်ပြန် ပြောနေရင် စိတ်ညစ်ကြမှာပေါ့…
(၅)
*“ကိုကလဲ ဒါလေးတောင် မသိဘူးလား” (သို့) “ဒီလောက်တော့
လုပ်နိုင်ရမှာပေါ့”*
ကိုယ့်ချစ်သူကို ဘယ်လောက်ပဲ အားမလို အားမရ ဖြစ်ဖြစ်
ဒီလိုပြောလိုက်ရင်
သူစိတ်ထိခိုက်သွားလိမ့်မယ်… သူ့ကို ဘယ်နည်းနဲ့ဖြစ်ဖြစ်
အထင်သေးတဲ့ စကားမျိုး
မပြောမိပါစေနဲ့… ကိုယ်သူ့ကို တကယ်ချစ်တယ် ဆိုရင် သူ့ကို
တန်ဖိုးထားပြီး
လေးစားသင့်တာပေါ့နော်…
(၆) ပြီးတော့ ကိုယ့်ချစ်သူကို
ဘယ်လောက်ပဲ ဒေါသဖြစ်နေနေ မဆဲမိပါစေနဲ့…
ရှေ့မှာ ပြောခဲ့သလိုပဲ
တကယ်ချစ်ရင် တန်ဖိုးထားသင့်တာပေါ့… သူကတချိန်ချိန်မှာ
ကိုယ့်ရဲ့ 
အိမ်ထောင်ဦးစီး ဖြစ်မှာလေ… (ရည်ရွယ်ထားရင်ပေါ့…) ဒီတော့ တယောက်ကို
တယောက်
လေးလေးစားစား ဆက်ဆံတာ အကောင်းဆုံးပေါ့…
(၇) *“ကိုနဲ့ ချစ်သူဖြစ်ပြီးကတည်းက
ချစ်မှာ သူငယ်ချင်းကို သိပ်မရှိတော့ဘူး …
အဲဒါကို့ကြောင့်…”*
တကယ်တမ်းက
သူနဲ့ ချစ်သူဖြစ်ပြီး သူ့ကို ချစ်တော့ သူ့အတွက်ပဲ
အချိန်တွေပေးဖြစ်ပြီး ကိုယ်က
သူငယ်ချင်းတွေနဲ့ အဆက်အဆံကြဲသွားတတ်ပါတယ်…
အဲဒါကိုယ့်ချစ်သူကြောင့်လို့
အပြစ်မတင်သင့်ဘူး ဘာလို့လဲ ဆိုတော့ သူ့ကို
ချစ်လို့ ကိုယ်ပြောင်းလဲသွားတာလေ… သူက
အတင်း သူငယ်ချင်း ဖြတ်ခိုင်းတာဆိုရင်တော့
တမျိုးပေါ့နော်…
(၈)
ကိုယ့်ချစ်သူရဲ့  *ဆွေမျိုးတွေ မိဘတွေ မကောင်းကြောင်း
ဘယ်တော့မှ
မပြောမိပါစေနဲ*့
… တကယ်မကောင်းလို့
ပါးစပ်ကနေထုတ်ညည်းချင်တယ်ဆိုရင်တောင်
သူ့ရှေ့မှာမညည်းမိပါစေနဲ့… သူ့ဆွေမျိုး
သူ့မိဘကို ကိုယ့်ဆွေမျိုး
ကိုယ့်မိဘလိုပဲ သဘောထားလိုက်ပါ…
(၉) *“ကိုက
ချစ်စိတ်ကို ချစ်သူငယ်ချင်းတွေလောက်တောင် နားမလည်ပါလား”*
ကိုယ့်ချစ်သူကို
ကိုယ့်ရဲ့  သူငယ်ချင်းတွေနဲ့လဲ မနှိုင်းနဲ့ ကိုယ့်သူငယ်ချင်းရဲ
့
ရည်းစားတွေနဲ့လည်း မနှိုင်းနဲ့… ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ
မနှိုင်းပါနဲ့…
ကိုယ့်ချစ်သူကလည်း ကိုယ့်ကို အတတ်နိုင်ဆုံး အလိုလိုက်နေတာပဲ…
ချို
့ယွင်းချက်လေးတွေတော့ရှိမှာပေါ့…
(အလိုမလိုက်တဲ့ချစ်သူဆိုရင်တော့
တမျိုးပေါ့နော်…) ကိုယ်က သဘောထားကြီး
နိုင်သလောက်ကြီးပေးထားပါ…
အတိုင်းအတာတစ်ခုအထိပေါ့…