ကိုယ်တိုင်နာကျင်စေသောကိုယ်ပိ
ငါနားမလည်တဲ့ အချစ်တစ်ခု
ငါ့ရင်ကို တမွမွ ချေမွပစ်နေတယ်။
ငါသိချင်တဲ့ အမှန်တရားတစ်ခု
ငါ့အတွေးတွေကို တစ တစ တိုက်စားနေတယ်။
လိုချင်တာမရတဲ့ ကလေးတစ်ယောက်လို
စိတ်ကောက်ပစ်လိုက်ချင်ရဲ့
ဒါပေမဲ့…
ငါ့မာနက တွန်းခံနေပြန်သတဲ့။
တစ်ခါတလေကျ
အရာရာကို ဖွင့်ဟအော်ဟစ်ပစ်လိုက်ချင်ရဲ့
ဒါပေမဲ့…
ထိန်းချုပ်နိုင်လွန်းတဲ့ ငါ့အသိတရားက
တားမြစ်နေပြန်သတဲ့။
တောင်းပန်ပါရဲ့
ငါလိုချင်တာ နင်မသိခဲ့ရင်။
ဆုံးရှုံးမှုတစ်ခုကို မလိုချင်တော့
ပိုင်ဆိုင်မှု ကိုပါ ငါ အလျော်အစားပေးရတာပေါ့။
ငါကျေနပ်သင့်ပါတယ်
ငါ့ရင်ထဲမှာ နာကျင်နေပေမယ့်
ငါ့ရဲ့ ရွေးချယ်မှုပဲလေ။
No comments:
Post a Comment