*ငါ လမ်းခွဲပေးပါတယ်*
နှုတ်ဆက်ဖို့လိုလာရင်ပြောလေ
သည်းသည်းလှုပ်အောင်
ချစ်ခဲ့ပေမယ့်……
ထားခဲ့ လှည့်ထွက်ဖို့လည်း ငါ ၀န်မလေးပါဘူး…။
အချစ်တွေ သစ္စာမစောင့်တော့ရင်…
နောက်တစ်ယောက်နဲ့ပဲ နင်ရှေ့ဆက်ပေါ့
တွေတွေဝေေ၀နဲ့
ဘာကြောင့် နင့်ကို နင် နှိပ်စက်
ရင်ခုန်ခြင်းသိပ်မရှိဘဲ
အချိန်တွေ ဆွဲနေချင်သေးတာလဲ……?
သံယောဇဉ် ဟုတ်လား
သွားစမ်းပါ
တစိမ်းနှစ်ယောက်ရဲ့ မေတ္တာဇာတ်လမ်းမှာ
နင်ကြင်မှ ငါကြင်မှာပေါ့…..
ငါအမှားမရှိလို့ နင်ထားရစ်လည်း
ပြန်လာဖို့တော့ ၀ပ်တွားမခယနေဘူး
“တန်ရာ တန်ရာ” ဆိုတဲ့ စကားလည်း ငါကြားဖူးထားတယ်လေ…..။
အစွမ်းကုန်ချစ်တာပေါ့
ရူးလောက်အောင်လည်းလွမ်းရတာပေါ့
ဒါပေမယ့် ထပ်တူမကျခဲ့ရင်
တစ်ယောက်တည်းခံစားရခြင်းက
အနာဂတ်အတွက် ဘယ်လို အထောက်အကူပြုလို့လဲ…..။
ရတယ်
ကာလတွေအလီလီနဲ့ အဲအမှတ်တရတွေကို ငါမငဲ့ဘူး….
အသစ်တွေ့သူကို အချစ်ပေးဖို့ ၀ါသနာမပါတဲ့ငါ….
နင့်လိုလူအတွက် ကျေကျေနပ်နပ် အဖြေရှိတယ်….။ ။
နင့်တစ်ယောက်တည်းချစ်ခဲ့
နင့်အတွက်ပဲ ပေးဆပ်ခဲ့တဲ့
မိန်းမတစ်ယောက်ကို စွန့်လွတ်ဖို့ နင်သတ္တိရှိခဲ့ရင်
ဝမ်းမြောက်စွာနဲ့ ငါ လမ်းခွဲပေးပါတယ်….
နင် နောင်ခါကျတဲ့မျက်ရည်
နောင်တနဲ့တော့ ရောမနေပါစေနဲ့ပေါ့ဟာ……….။
No comments:
Post a Comment