ငါမှာ ချစ်တတ်တဲ့နှလုံးသားရှိသလို သနားတတ်သလို နာကြဉ်တတ်ပါတယ် .
ငါမှာလဲ နှလုံးသားနဲ့ ခံစားတတ်ပါတယ် သို့နည်းလည်းကောင်းပေါ့
မင်းသာ ငါနဲ့ တကယ်တွေ့ဆုံခဲ့မယ်ဆိုရင် ငါဘ၀ဖော်အတွက် ငါ မင်းကိုရွေးချယ်မိမှာဘဲလေး .
မင်းကိုချစ်တယ် ..မဖြစ်နိုင်လို့ နောက်တယောက်ကိုရွေးချယ်ခဲ့တာ ငါမမှားပါဘူး . မင်းကိုလဲ မနာကြင်စေချင်သလို ငါနာကြင်နေတာကိုရော် မင်းသိရဲ့လား ..မင်းသူငယ်ချင်းတွေပြောသလို ငါက အသဲစားဘီလူးမဆိုတာ မှန်ကောင်းမှန်ခဲ့မယ်.. ဒါမဲ့ မင်းအသဲကို ငါမစားခဲ့ဘူး . မင်းခံစားနေသလို ငါလဲခံစားနေရတာဘဲ . မင်းငါအကြောင်းတွေးနေသလို ငါလဲ မင်းအကြောင်းတွေ တွေးနေတာဘဲလေ.. သို့နည်းတူစွာ မင်းကိုသတိရနေတာဘဲ . ငါမှာမရှိမဲ့ရှိမဲ့အချိန်လေးမှာ မင်းနဲ့အတူတူ ငါဖြုန်းတီးနေတာဘဲ .. အဲဒါတွေဘာကြောင့်လဲဆိုတာ မင်းမသိဘူးမလား .. တခါတလေ ငါကိုယ် ငါမလုံသလိုဖြစ်နေတယ် မင်းအပေါ်မှာငါတရားရောတရားရဲ့လား လို့စဉ်းစားမိတယ်.. မင်းနဲ့ဒီအတိုင်းဆက်နေရင် ပိုနာကျင်မလား မင်းပြန်သွားခဲ့ရင်ပေါ့ အဲဒီအကြောင်းတွေကို မင်းပိုသိမှာပါ မင်းဟာငါရဲ့ဘ၀အတွက်မဖြစ်နိုင်ပေ့မဲ့ ငါရဲ့အချစ်တွေကို မင်းရခဲ့တာဘဲ .မင်းပြောသလို မင်းက ငါကိုဘာမှမပေးနိုင်ဘူး ငါကရော မင်းဆီက ဘာတွေတောင်းခဲ့ဖူးလို့လဲ မင်းဆီက ကိုင်တွယ်လို့ရတဲ့အရာတွေကို ငါလိုချင်နေတယ်လို မင်းထင်နေတာလား. အမှတ်တရမှာမရှိခဲ့ဘူးလို့ မင်းထင်နေတယ်မလား မင်းနဲ့တွေ့ဆုံချင်တာ ငါအတွက်အမှတ်တရမဟုတ်ဘူးလား. မင်းနဲ့အတူတူ အချိန်တိုင်းဖြတ်ကျော်ခဲ့တာ ငါအတွက် အဲဒါတွေ အမှတ်တရဘဲလေ .. မင်းတနေ့မင်းပြန်သွားခဲ့ရင်.. မင်းဘေးနားမှာ ၀ိုင်းနေတယ်ဆိုတာ မင်းလဲသိနေမှာပါ .. မင်းပြန်သွားခဲ့ရင် ငါဆိုတဲ့ ကောင်မလေးက မင်းဘ၀မှာမရှိတော့ဘူးဆိုတာ ငါသိတယ်. မင်းမမေ့နိုင်ရင်တောင် မင်းဆက်သွယ်လာနိုင်မှာ မဟုတ်ပါဘူး ငါဆီကို.. မင်းအတွက် ဒီအချိန်မှာထွက်ပေါက်မရှိလို့ ငါအတွက်ပါမင်းပြောနေတာ . တကယ်တမ်းမင်းထွက်ပေါက်ရတဲ့အချိန်မှာ ငါဆိုတဲ့ကောင်မလေးက မင်းရင်ထဲမှာတောင် နေရာမရှိတော့ဘူးဆိုတာ ငါသိနေတယ် ..
မင်းပြန်တဲ့အချိန်မှာ ငါဘယ်လိုနေရမလဲ ..
မင်းမရှိတဲ့ည ငါဘယ်လိုအိပ်စက်ရမလဲ..
မင်းမနိုးပေးတဲ့မနက်ခင်း ငါဘယ်လိုနိုးထမလဲ .
ငါအလိုကျတိုင်းဖြစ်စေခဲ့တဲ့ မင်း .
မင်းမရှိတော့ဘူးဆိုတဲ့ အသိလေးနဲ့
ငါဘယ်လိုရှေ့ဆက်ရမလဲ .
ဘယ်လိုမေ့ပစ်နိုင်မလဲ ..
ဒါတွေကို မင်း ငါအတွက်တခါလောက်တွေးခဲ့ဖူးသလား ..
ငါဆိုတဲ့ကောင်မလေးက ဒီအချိန်မှာ လူ2ယောက်အတွက် သရုပ်ဆောင်နေရတယ်ဆိုတာ မင်းလေးနားလည်ပေးစေချင်တယ် . :(
No comments:
Post a Comment