Thursday, March 29, 2012

ဖွင့်မပြောရဲဘူး

  
The distance never destroys what is real.

Ƹ̵̡Ӝ̵̨̄Ʒ . ♥❄♥ Ƹ̵̡Ӝ̵̨̄Ʒ   Ƹ̵̡Ӝ̵̨̄Ʒ . ♥❄♥ Ƹ̵̡Ӝ̵̨̄Ʒ   Ƹ̵̡Ӝ̵̨̄Ʒ . ♥❄♥ Ƹ̵̡Ӝ̵̨̄Ʒ
မင်းဟာ ငါအတွက် ထူးဆန်းလွန်းတဲ့ ကောင်ကလေး 
ဖွင့်မပြောရဲဘူး အချိန်တန် ခံစားရမှာကို ဒီကကြောက်နေပြီ
ငါဘယ်တော့မှလဲ မတွေးချင်ခဲ့ .. 
နောက်တခါလဲ ငါချစ်ချင်တယ် .. 
တသက်လုံးလဲ ငါနင်နဲ့အတူတူချစ်ချင်တယ်... 
လက်လွတ်ရမဲ့အချိန်ရောက်တော့ 
လက်လွတ်ရတော့မှာပေါ့ ကောင်လေးရယ် ... 
ခံစားရမှာကို သိရဲ့သားနဲ့
ကြိုးရှည်ရှည်နဲ့ လှန်းထားသလိုမျိုး မလုပ်ချင်တော့ဘူး 
တခါတရံ မင်းစကားတွေနဲ့ လွင့်မျောသွားတော့.. 
တင်းထားတဲ့ စိတ်တွေ အားလုံးက သဲထဲ ရေသွင်းလိုက်သလိုဘဲ 
ဘာမှကိုမရှိတော့ဘူး 
ငါကျေနပ်နေမှာပါငါ့ဘ၀ကို
နင်အတွက် မြတ်မြတ်နိုးနိုးချစ်တယ်
ချစ်သူ၇ယ်အချစ်ဆိုတာတရားသလား
နင်နဲ့ငါကြားမှာ .. အချစ်ဆိုတာ တရားခဲ့လား .. 
ဘယ်သူကိုအပြစ်တင်သင့်သလဲ  .... 
ငါကိုယ်တိုင်ငါကိုယ်ငါ အပြစ်တင်ရမလား ??
ကံကြမာ ကိုဘဲ အပြစ်တင်ရမလား ..???
နာကျင်မူ့ပြည့်နှက်နေတဲ့နှလုံးသားနဲ့
အတူတူ နင်ကို ငါမေ့ပစ်ရတော့မှာပေါ့ 
နင်ထင်သလို လွယ်လွယ်နဲ့မေ့နိုင်ပါစေ.. 
 အနေမနီးဘူးဆိုပေမယ့်...
ငါ့ရင်ထဲက ချစ်ခြင်းတွေ အခုတော့ ဘာတစ်ခုမှ 
မင်းမသိသလို အရာအားလုံးဟာ မင်းအတွက်.
ငိုကြွေးဝမ်းနည်းပူဆွေးမွန်းကြပ်ခံစားခဲ့
ပျော်ရွှင်ကြည်နူးရယ်မောချစ်ခင်ကြင်နာယုယခဲ့
မင်းနဲ့ဝေကွာခဲ့၇င်အဓိပ္ပာယ်မဲ့ ချေပြီ
အတုံးအရုန်း လဲကျခဲ့ဖူးပြီ ဒီအချစ်ရဲ့
သံယောဇဉ် အပူတွေနဲ့ငါ့ကိုယ်ငါ
သံယောဇဉ်တွေကိုမလောင်ကျွမ်းပါရစေနဲ့ကွယ်.
ငါတို့တွေ ကြိတ်မှိတ်ယုံကြည်နေတဲ့အချစ်
တကယ်တော့နှောင်တွဲတတ်တဲ့ငါ
စွဲလမ်းတတ်တဲ့ငါရုန်းထွက်မရအောင်စွဲလမ်းနေပြိ
ငါ့ရင်ထဲကဒဏ်ရာတွေကိုနင်မြင်ရဲ့လားချစ်သူ
ငါယုံကြည်ဆုတောင်းမိတိုင်းနင်ကငါထားရာနင်နေ
အရုပ်တစ်ရုပ်လိုအကျတိုင်း ချစ်သူုမင်းကို ချစ်ပါတယ်
တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်းငါပြောလိုက်မယ်
"နင့်ကိုငါချစ်တယ်"ထာဝရချစ်သူရယ်..............
   Ƹ̵̡Ӝ̵̨̄Ʒ . ♥❄♥ Ƹ̵̡Ӝ̵̨̄Ʒ   Ƹ̵̡Ӝ̵̨̄Ʒ . ♥❄♥ Ƹ̵̡Ӝ̵̨̄Ʒ   Ƹ̵̡Ӝ̵̨̄Ʒ . ♥❄♥ Ƹ̵̡Ӝ̵̨̄Ʒ


No comments:

Post a Comment