Sunday, April 8, 2012

ရင်ကိုရင်း..ဖြစ်ခဲ့ပြီ

  •  ခံစားချက်တွေ ပွင့်မထွက်အောင်
  • ငါ ...ဟန်ဆောင်ကောင်းခဲ့တာလား
  • ရိုးသားစွာ ချစ်မိတဲ့
  • နင်ကို လှည့်စားခဲ့လို့ ..
  • နာကြည်းမိသွားတာလား
  • ငါ့ဘ၀ကို ပြန်ရဖို့
  • စွန့်ပြစ်မိတာ လား
  • ငါမသိတော့ဘူး
  • ရှင်းမပြတက်တဲ့ရင်မှာ
  • နင့်ကို .......ချစ်မိလို့
  • အပြစ်ဖွဲ့စရာငါ့မှာ မရှိပါဘူး
  • ဒါပေမယ့်လေ
  • နင်ပြောခဲ့တဲ့
  • ပေါ့ပျက်ပျက် ဟာသတပုဒ်ကြောင့်
  • ငါ့နှလုံးသားလည်း
  • အပြစ်ဒဏ်သင့်ခဲ့ပြီလေ
  • အချစ်ဆိုတာရှင်သန်ဖို့
  • နှလုံးသားရင်းလိုက်ရတာ
  • ငါ့ဘ၀ရှုင်သန်ဖို့တော့
  • မဖြစ်နိုင်တော့ဘူးလေ
  • နင် မသိတဲ့ ရင်မှာ
  • ဒါဏ်ရာတွေ အပြည့်ထိုးသိပ်ပြီး
  • လောက လမ်းပေါ်လျှောက်လှမ်းရမှာ
  • ငါတွေးရင်းကြောက်နေမိပြီ.....
  • အမုန်းတွေလည်းမေ့ချင်နေမိပြီလေ.......

No comments:

Post a Comment