နင်ယုံရဲ့လား
ပေါ့ပျက်ပျက် ရယ်သွမ်းသွေး လောကကြီးကို အရေး မထားတဲ့ ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက်လေးနက်ခြင်းတွေရှိတယ်
နင်သိရဲ့လား
မထီမဲ့မြင်နဲ့ လောကကြီးအတွက်
ကဗျာမဆန်တဲ့ကောင်မလေးရဲ့ ရင်ထဲမှာ
နင့်အတွက် နှုးညံ့တဲ့ သံစဉ်တွေရှိတယ်ဆိုတာ
နင်ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းသာရှိတဲ့ ကောင်မလေးရဲ့ ရင်ထဲမှာ
နင့်အတွက် လွမ်းခြင်းဆိုတာ ရှိတယ်
နင်မြင်နိုင်လား
မချစ်တက်ဘူးလို့
နင်ထင်ခဲ့တဲ့ ကောင်မလေးရဲ့ရင်ထဲမှာ
နင့်အတွက် ချစ်ခြင်းအပြည့်ရှိတယ်
နင်သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်မှု့ကင်းတဲ့ကောင်မလေးရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ်
အပြင်သွားရင် သတိနဲ့သွား
သတိနဲ့လာပြီး သတိနဲ့စား စိတ်ပူတယ်သိရဲ့လား ငါဘက်ကိုမကြည့်နဲ့ထား
မင်းပျော်ရင်ငါကျေနပ်တယ် သေမလောက်ချစ်တာသိရဲ့လား


No comments:
Post a Comment