Tuesday, September 27, 2011
ပြန်လာမှာလား
တခါတလေတော့လည်း လူတွေကို နားလည်ရခက်တယ် ..
ငါ့ကို မလိုချင်တော့ စွန့်ပစ်သွားတယ်
ဒါတွေ လက်မခံနိုင်တဲ့ငါ ~
ကံကြမ္မာက သူမ ဘက်မှာ ပါနေမှန်းသိရက် ~
ငါ အလွန်အကြူး
ရူးမူးပြီး တိုက်ခိုက်ခဲ့တာ ~
ရှုံးမယ်မှန်းသိရက်
စစ်ပွဲဝင်တယ်ဆိုတာ
ငါ့အချစ်တွေ သိစေချင်ရုံသက်သက်ပါ ~
ခုရော ~
နင် ပဲ စွန့်တယ် ~ နင်ပဲ မသိသလိုရှောင်ထွက်တယ်
ဘာလို့လဲ ~~
ခုကျမှ ခိုးကြောင်ခိုးဝှက်
ငါ့ကို ချောင်တနေရာက ချောင်းခဲ့ပါသလဲ?
ချစ်သူ ~~
ဘာကြောင့်ပဲ ဖြစ်ဖြစ် ~
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ~
ဘယ်လိုကြီး ဖြစ်ဖြစ် ~
ပြန်လာပါ ~~
ငါ့ရင်ခွင်ဆီ ~
ရောက်ရာ အရပ်က ပြန်သာလှည့်ခဲ့
အရင်တခါက
အတိတ်ဆိုးတွေ မေ့ပစ်
နင်နဲ့ငါ အနာဂါတ်သစ်တွေ
တည်ဆောက်လို့ ~~
ငါတို့ဘဝလေး ပိုပြီးတန်ဖိုးထားကြစို့ ~~
Sunday, September 25, 2011
Homecoming court
I didn't get all pic yet .. :D
I never think ..i was be a homecoming court at my new school! :) I really happy but all of my fri was late to came to the homecoming.. whatever I really happy to be a homecoming court on my last year.! Love it and love it .. love so much <3
Homecoming night
Really Happy with my niggas <3 ..I like to hang out with my guys and love to watching school game .. this year is my high school last year .. So i gonna try to get scholarship and doing fun with my guys .. i try the best i can to be a good International Nurse. I don't wanna think about my past. I just start to walking for my future.
Homecoming night .. ရုပ်ကတော့ ဟီဟီ ချမ်းလွန်းလို့ ကြွက်စုတ်ကလေးနဲ့တောင် တူလာသလိုဘဲ ဟီဟီ
 တော်တော်ကြီးကိုပျော်ရွင်ခဲ့ရပါတယ်.. အရာအားလုံးကို ခေါင်းထဲကထုတ်ပြီ စိတ်လွတ်ကိုယ်လွတ်နဲ့ လျှောက်လည်လိုက်တာ ည 12ကျော်မှအိပ်ရောက်လို့ မေမေနဲ့စကားတွေများလဲ ကျမ စိတ်က လုံးဝစိတ်မဆိုးခဲ့ပါဘူး ဟီဟီ
တစ်ချိန်က ချစ်ခဲ့ဖူးသူ
လမ်းခွဲပြီးပြီဆိုမှတော့ ကျန်ခဲ့တဲ့အတိတ်ကိုလွမ်းနေရုံနဲ့ အနာဂါတ်မှာ ပြန်ဆုံခွင့်ကို မမျှော်လင့်ချင်တော့ပါဘူး….။
ချစ်နေခဲ့တုန်းကတော့ မတွေ့ရတဲ့နေ့တွေမှာ
လွမ်းနေရတာ အဓိပါယ်ရှိနေခဲ့ပေမဲ့..
လမ်းခွဲပြီးချိန်မှာတော့ မလွမ်းပဲနေနိုင်ရင်
အကောင်းဆုံးပေါ့….။
မမေ့နိုင်ရင်တောင် မလွမ်းမိအောင်ကြိုးစားပါရစေ…။
ငါ့အနာဂါတ်ကို မျှော်လင့်ချက်တွေပေးပြီး
မချိုးနှိမ်ချင်ပါနဲ့တော့….။
တကယ်ဆို …….
နင်ပိုင်ဆိုင်တဲ့ နင့်ဘဝကို
နင်လိုချင်ခဲ့တဲ့အတိုင်း
နင်ကိုယ်တိုင်ရွေးချယ်သွားခဲ့တာပါ….။
နင့်မှာ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိပါတယ်….။
ဒါပေမဲ့ ………
နင့်ရဲ့ ရွေးချယ်ခွင့်မှာ ငါ့နှလုံးသားကတော့
ရေမျော ကမ်းတင် လွင့်ချင်ရာ လွင့်ပြီး
လေနေခဲ့ရပေါ့…။
ရင်မခုန်ဖူးတော့ ရူးခဲ့ဖူးတယ်….။
နင့်ကိုသာ ချစ်တော့မယ်လို့ ……
မျှော်လင့်ချက်တွေ တပွေ့တစ်ပိုက်နဲ့
အိမ်မက် နန်းတော်ကြီးတည်ဆောက်ခဲ့ဖူးတာပေါ့….။
အချစ်စစ်မှန်ရင် ခရီးလမ်းက မဖြောင့်ဖြူးဘူးတဲ့….။
ဒါပေမဲ့………
ငါ့တို့ရဲ့ ချစ်ခရီးလမ်းကတော့
နင့်အချစ်တွေ မစစ်မှန်ခဲ့လို့
ခလုတ်ကန်သင်းတွေ ပြည့်နေခဲ့ရတာပါ….။
ငါခင်းခဲ့တဲ့ လမ်းက
ငါ့ရင်ကိုနင်းပြီး နင့်ဘဝတိုးတက်ဖို့
လှေကားထစ်အနေနဲ့ အသုံးချဖို့ သက်သက်ဖြစ်ခဲ့တာလား…။
ငါရည်ရွယ်ခဲ့တာ နင်နဲ့နီးစပ်ဖို့ လမ်းသက်သက်ပါ ချစ်သူ….။
နင်လိုရာဆွဲတွေးပြီး နင် နင်းချင်သလို နင်းခဲ့တဲ့
ငါ့နှလုံးသားက ကျောက်တုံးကျောက်ခဲမှ မဟုတ်တာ….။
နင့်ကို အသက်လောက်ချစ်တတ်သလို…..
သေလောက်အောင်လည်း မုန်းတတ်တယ်….။
နာကျည်းတတ်တဲ့ မှတ်ဥာဏ်ကလည်း သံချေးမတက်သေးပါဘူး…..။
“တစ်ချိန်မှာ ပြန်ဆုံနိုင်ခွင့်ကို မျှော်လင့်နေချင်သေးတယ်..” တဲ့လား
ငါက နင်ကစားနေကျ ကျားကွက်မဟုတ်ဘူး….။
နင်ရွှေ့တဲ့ အကွက်တွေကို အဆင်ခြင်မဲ့
ရွေ့နေရလောက်အောင် ငါက
နင့်အမြင်မှာ ဘာမှမသိတဲ့ နလပိန်းတုံးတစ်ယောက်လား….။
အချစ်မှာ Chess ကစားသလို
လိုသလိုရွှေ့လို့ရတဲ့ အကွက်ကလေးတွေမပါဘူး….။
နင်စေခိုင်းသမျှ ရွေ့နေမဲ့ Pawn လေးတွေမရှိဘူး….။
နင်ပေးနိုင်သလောက်ပဲ ပြန်ရမဲ့ နိယာမတွေနဲ့ ပြည့်နေတဲ့
မှန်ကန်ခြင်းတစ်ခုပဲ ရှိနေတယ်ဆိုတာ….
အကွက်ရွှေ့ကောင်းတဲ့နင် သိပါ့မလား…..။
ကိုယ်ပေးသလောက်လည်း ပြန်ရတာမှမဟုတ်တာ ဆိုတဲ့
ဆင်ခြေတွေနဲ့ ကလေးအတွေးတွေ မေ့ထားသင့်ပြီနော်…. ။
အချစ်က ကစားစရာမဟုတ်ဘူး….။
နှလုံးသား ဆိုတာ အပျော်ရှာဖို့သက်သက်ပဲ ဖြစ်တည်နေတာမဟုတ်ဘူး….။
နင်လိုချင်တဲ့ အပျော်တွေ ပဲ ပေးနိုင်တဲ့နှလုံးသားဆိုတာ
နင်ကိုယ်တိုင်လည်း အပျော်တွေပဲ ပေးနေမှ ပိုင်ဆိုင်နိုင်မယ်ဆိုတာ
ရယူလိုမှု တစ်ခုတည်းကိုပဲ နားလည်တဲ့ နင်က သိပါ့မလား….။
နင်လိုအပ်ချိန်တိုင်း ခိုဝင်ပြီး
နင်အလိုမရှိရင် ပြန်ထွက်သွား….
နင်ရှုံးနိမ့်တဲ့အချိန် နှစ်သိမ့်မှုတွေ ခံယူပြီး
နင် အောင်မြင်နေတဲ့အချိန် အမှိုက်တစ်ခုလိုလွင့်ပစ်ရအောင်
ငါ့ရင်ခွင်က ဇရပ်မဟုတ်ဘူး….။
ခွင့်လွှတ်နားလည်ပေးရလောက်အောင်လည်း
ငါ့မှာ ခန္တီပါရမီ မရင့်သန်သေးတော့
နင်နဲငါ
ဒီဘဝ ဒီမျှပဲပေါ့
တစ်ချိန်က ချစ်ခဲ့ဖူးသူရယ်…..။
သံယောဇဉ်
ပြန်လာပါလို့ မပြောချင်ဘူး
သွားတော့လို့လည်း မဆိုလိုပါဘူး
ဆန္ဒတစ်ခုတည်းကိုပဲ အရင်းပြုပြီး
လာရာလမ်းကို ကျောခိုင်းစေခဲ့မိသူ
ရင်ခွင်မှာထွေးပွေ့ထားချင်လည်းပဲ
အနွေးထွေးဆုံးရယ်လို့တော့ အာမမခံရဲသေးပါ...။
အချိန်အခါတွေ နေ့ရက်နှစ်လတွေ အလီလီပြောင်း
အတိတ်ဟောင်းကိုလည်း မေ့မထားရက်နိုင်ဘူး
အသစ်ဘယ်လောက်ကောင်းကောင်း ဆိုပေမယ့်
အဟောင်းကိုလည်း စွန့်လွှတ်ကာမခံစားချင်မိ
ဝေးတသက်သက်ဆိုတာကလည်း ခြောက်လှန့်နေဆဲ
ရင်ခုန်သံရှင်းတမ်းကို မင်းလက်မခံဘူးဆိုရင်
ဘ၀တစ်သက်စာအနမ်းတွေနဲ့ အလွမ်းတွေကို
ချောင်ကျကျတစ်နေရာလေးမှာပဲ
မြေမြှုပ်သိမ်းဆည်းထားလိုက်ပြီပေါ့...။
အချစ်
တိုက်ဆိုင်လို့  ဖြစ်စေ
ကြုံကြိုက်လို့  ဖြစ်စေ
ကိုယ့် ဘဝမှာအချစ်ကပေးတဲ့ 
နာကျည်းခြင်း ကြေကွဲခြင်းတွေ
ယုတ်မာခြင်း ရက်စက်ခြင်း တွေ
ပြည့်နှက်နေလို့ ပါ ။ ။ ။ ။ ။
Wednesday, September 14, 2011
ရင်ခုန်စရာလေဖြစ်မှာပါ
Women MySpace Comment
ကြယ်လေးတွေကမေးတယ်....
ဘာဖြစ်လို့ငိုနေတာလဲတဲ့......
လွမ်းလို လို့ဖြေတော့
ဘယ်သူအတွက်နဲ့လဲတဲ့.....
တယောက်ယောက်ပေါ့နော်..
အဲဒီတယောက်ယောက်ကရော ဘယ်မှာရှိတာလဲတဲ့.....
မထင်မှတ်ခဲ့တဲ့နေရာလေးတခုမှာ
တို့နှစ်ယောက်အကြည့်ချင်းဆုံခဲ့ကြတာလေ.....
ထင်ယောင်ထင်မှားနဲ့ငါကယောင်ချောက်ချားဖြစ်နေတာ
အခုညပေါ့....လေပြေညင်းထဲမှာလွင့်လာတာ
နင်အသံထင်ပါရဲ့နော်.....မဖြစ်နိုင်ပါဘူး....
နင်နဲ့ငါက နိုင်ငံခြားနေပြီပဲလေ......
တကယ်ဆို ငါတို့နှစ်ယောက်ကြားမှာ
မာနတံတားတွေ စည်းခြားမဲ့အစား
ချစ်ခြင်းလှေကားထစ်လေးတွေရှိမယ်ဆိုရင်
ငါတို့နှစ်ယောက်အတွက်
ရင်ခုန်စရာဖြစ်မှာပါနော်..........
နင်ကိုချစ်တဲ့ငါအချစ်
ကိုယ်ချစ်တဲ့သူ တစ်ယောက်ကို ပိုင်ဆိုင်ရယူချင်စိတ်နဲ့ ငါမချစ်ချင်ဘူး.. သူုကိုချစ်တဲ့ ငါ့အချစ်တွေကို ငါကြေနပ်နေရင်ပြီးတာပါပဲ.. အနားမှာနင်မရှိလဲ့ နင့်ကို ချစ်တဲ့ ငါ့အချစ်က ရှင်သန်နေတုန်းပဲမို့ ငါပျော်ရွင်နေပါတယ်..ချစ်သူ!!!
LOVE ????( အချစ်ရဲ့ အဓိပ္ပာယ် တဲ့)
  LOVE ????( အချစ်ရဲ့ အဓိပ္ပာယ် တဲ့)
သူတို့ ပြောတာလေးကိုသဘောကျလို့ ရှယ်လိုက်တယ်နော်..
LOVE <>
အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း
သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့
ဝန်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။
အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့်
ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။
Monday, September 12, 2011
halloweenသရဲ
                             ယောင်တတ်တဲ့မောင်လေး ကျမမှာရှိတယ် သူက အိပ်ပီဆိုရင် ပုံမုန် တခါမဟုတ် နှစ်ခါ ယောင်နေကြ .. ယောင်ရင်လဲ ဘာတွေပြောမှန်းကိုမသိတာ .. တချို့ဟာတွေတော့ နားလည်တာပေါ့ .. မေမေ အော်တာတို့ မမ အော်တာတို့ကိုလန့်ပီ ယောင်တာလဲရှိတယ် .. တခုမဟုတ်တခုကို ပုံမုန် ညတိုင်းယောင်တာ မောင်လေး ဓလေ့ဖြစ်နေပီ
                         အဲ့နေည သရဲများနေ့ (Halloween) ..မောင်လေးတွေက "Trick or treat? သွားတောင်းကြတယ် သရဲဝတ်စုံလေးတွေဝတ်ပြီ သွားကြတာပေါ့ သူသူငယ်ချင်းတွေနဲ့ အတူတူ ..သွားတုန်းကတော့အကောင်း ည 10 မထိုးသေးဘူး မောင်လေးက ပြန်လာတယ် လက်ထဲကသကြားလုံးပုံးအပြည့်နဲ့ မေမေက ပျော်လို့ ၀ပြီလားတဲ့ .. မောင်လေးမျက်နာက မအီမသာနဲ့ .. အင်း တလုံးထဲပြောပြီ သူအခန်းထဲ ၀င်သွားတယ် ကျမက လဲ သကြားလုံးစားချင်တဲ့စိတ်တဲ့ သူနောက်ကိုအတင်းလိုက်သွားတယ် ဇေယျ မမ ကို သကြားလုံးကျွေး .မောင်လေးးက သူပုံးကိုပေးပြီ သူအခန်းထဲပြန်ဝင်သွားတယ်
                            ခနနေ သူက ထိုင်ငိုနေတယ် ကျမလဲ စားနေရင်တန်းလန်း မောင်လေးအခန်းကို ဖွင့်ပီ ဘာဖြစ်တာလဲ ဘယ်သူဘာလုပ်ပြန်ပီလဲ မေးတော့ .. မောင်လေး မျက်လုံးက ကျမ မောင်လေးမျက်လုံးနဲ့မတူဘူး ကြည့်တဲ့အကြည့်က .. မောင်လေး ကျမကိုကြည့်တဲ့ အချိန်မှာ ကြက်သီးက ချက်ချင်းကောက်ထလာတယ်.. ကျမလဲ မောင်လေးလက်မောင်းကို မထိရဲထိရဲနဲ့ လှုပ်လိုက်တယ် (ကိုယ်က ကြောက်ပြလို့မဖြစ်ဘူးလေး အကြီးဆိုတော့ ) ဘာလိုငိုနေတာလဲ ပြောလေ အတင်းကိုမေးနေတာ .. သူက I wanna go to the cemetery.. Can u take me there pls? .. ကျမကလဲ အမ် နင်ဘာတွေပြောနေတာလဲ ..(အိမ်မှာဆိုရင် မြန်မာစကားကလွယ်ပြီ ဘာဘာသာစကားမှပြောပိုင့်ခွင့်မရှိပါ) ကျမလဲယောင်ပြီ IF U SPEAK MOTHER LANGUAGE, I WILL LET YOU GO THERE! ကျမလဲ ယောင်ပြီ မေမေနဲ့လှမ်းတိုင်မလိုလုပ်တုန်း .မောင်လေးက I just kidding you! I just make you surprise on this Halloween ! Lol! ဆိုပြီ ထရီတာ ကြောက်စရာကြီး ..
                       ကျမလဲနဲနဲစိတ်သက်သာသွားတယ် အေးဟာ ရီရီသေအောင်ရီ ငါကိုရင်တုန်အောင်လုပ်တယ်ဆိုပီ သူကို တချက်ထုပြီ ကိုယ်အခန်းထဲ ကိုယ်ပြန်ဝင်လာတယ် .. ခနနေ မောင်လေးက အ၀တ်အစားလဲပြီ .. ကျမကိုလာမေးတယ် မမ သားဘယ်လိုလုပ်အိမ်ထဲရောက်နေတာလဲတဲ့ ..
ဘယ်သိမလဲ နင်ဘဲ ပျော်လိုဝပြီဆိုပြီ ၀င်လာတာဘဲ .. ဘာဖြစ်နေတာလဲ အခု ..
မသိဘူးဗျာ လမ်းထိပ်ကအိမ်ဘေးက ပြန်လာကတည်း  သားစိတ်တွေ ဘာဖြစ်မှန်းသိဘူး အဲဒါနဲ့အိမ်ပြန်လာတာဖြစ်မယ် ဆိုပြီ သူဖာတာပြောပြီ အောက်ထပ်ဆင်းသွားတယ် ..
                      ကျမလဲကိုယ်အခန်းမှာ ညနေက ရိုက်ထားတဲ့ ပုံတွေ ဘာတွေပြန်ကြည့်နေရင်နဲ့ မေမေ အော်သံကြားလို့ ပြေးဆင်းသွားတယ်
ဘာဖြစ်လိုအော်နေတာလဲ မေမေလို့.
နင်မောင် ငါကိုမြန်မာလို့မပြောဘူး .. မြန်မာလို့ပြောလို့ပြောနေတာမရလို့ ငါဒေါသထွက်လာပီ
မောင်လေးက I can't speak your language!
အမ် ..Which wrong with you guy?
I would like to go to cemetery!
Stop talking about nonsense!
ခနနေ မောင်လေးက ရီလာပြီ မေမေဘာဖြစ်လဲ .. မေမေကလဲ မေမေမကြိုက်တဲ့အရာတွေ သားမလုပ်ရဘူးနော် မေမေ မကြိုက်ဘူးနော် ..
မောင်လေးက ကြောင်ပြီ ဟုတ်လို့တာပြောပြီ .. မေမေကြော်ထားတဲ့ အမဲသားကို တထိုင်ထဲစားလိုက်တာ အကုန်ကုန်သွားတယ် မေမေက အမလေး ကုန်ပြီ ဘယ်လိုစားလိုက်တာတုန်းတဲ့ ..
သိဘူး စားကောင်းလို့စားလိုက်တာတဲ့ .. မေမေကလဲ အော်ဗိုက်ဆာလို့ စားတာဘဲလေ ဆိုပြီ မပြောတော့ဘူး ..သွားအိပ်တော့ အပေါ်မှာ .. ကျမလဲ စိတ်ထဲမှာသိပ်မသကာင်္ဘူး . ဒီကောင်ဘာဖြစ်နေတာလဲပေါ့ ..                       12ထိုးခန်းနီး ဖေဖေ ပြန်လာတယ် .. ဒါနဲ့ဖေဖေက သူချစ်ဇနီးနဲ့ ရုပ်ရှင်ကြည့်နေတဲ့အချိန် မောင်လေးက အိပ်လို့ဟောက်နေတဲ့အချိန် .. ကျမလဲ ရေချိုးမလို့အခန်းထဲကအထွက် .. မောင်လေးက ကျမအခန်းရှေ့မှာ မျက်တောင်နီနဲ့ ရပ်စောင့်နေတာ မီးကလဲပိတ်ထားတာကို  ကျမလဲ မောင်လေးရဲ့မျက်လုံးနီတာကိုတွေ့တောင် လန်လွန်းလို့အော်လိုက်တာ ..မောင်လေးတောင် ကျမကိုပြန်လန့်သွားတာ
                            မမ ဘာဖြစ်တာလဲ .. နင်ဘာလုပ်နေတာလဲ ငါအခန်းရှေ့မှာ ..သိဘူး သူအလိုလိုရောက်နေတာလဲ .. မေမေကလဲ ကျမတို့မောင်နှမပြောတာကြားတော့ .. အကြီးမ အိပ်တော့လေ နင်တို့တွေအော်နေရိုးရိုးအငယ်ကောင်တွေနိုးလာတော့မယ် ..
နင်သွားအိပ်တော့ .. မမရေချိုးမလို . လစ်တော့ နောက်တခါဒီလိုလုပ်ရင် နင်နာပြီတာမှတ် .. ရေချိုးခန်းရောက်တော့ ကျမစဉ်းစားမိတယ် ခနက သူဟောက်တာ ငါကြားပါတယ် အခုဘယ်လိုဖြစ်တာလဲပေါ့ .. ဒီကောင်မူမမှန်တော့ဘူးဆိုတာ ကျမသိလိုက်ပီ ရေမြန်မြန်ချိုးပြီ              
                        ကျမအခန်းထဲဝင်လာတယ် လုပ်စရာရှိတာလုပ်ပြီ အနောက်က တချက်လှမ်းရိုက်တာ အမလေး .. တကိုယ်လုံးစိမ့်စိမ့်ပြီနာတဲ့အနာမျိုးကို ကျမခံစားရတော့ ချက်ချင်းဒေါသထောင်းကနဲထွက်လာတာ .. လှည့်ကြည့်တော့ မောင်လေးမျက်လုံးမှိတ်ပြီ ငါကို သချိုင်းပို့ပေးတဲ့ .. ကျမကလဲ နင်ရူးနေလား ဒီအချိန်ကြီး နင်နဲ့ဘာဆိုင်လဲသချိုင်းက (ကျမက သူယောင်နေတာအထင်နဲ့ပြန်ပြောနေတာ) ငါအိမ်ပြန်မလို့တဲ့ .
                                  ကျမလဲ သွားသွားသွားအိပ်တော့ .. မောင်လေးကို လက်ကိုကိုင်လိုက်တာ အေးစက်နေတာဘဲ .. ကျမလဲ သေချာပြီ မူမမှန်ဘူးဆိုတာသိတာနဲ့ ချက်ချင်းအောက်ထပ်ကို 2လှမ်းနဲ့ အပြီဆင်းလိုက်တယ် မေမေကိုပြောပြလိုက်တယ် ဖြစ်စုံကို .. အဲဒါနဲ့မေမေကိုပြောတော့ မေမေက လန့်သွားတယ် ချက်ချင်းအဘွားအိမ်ကိုဖုန်းဆက်တယ် (အဘွားအိမ်က တော်တော်ဝေးတာကို အိမ်ဘေးကပ်ရပ်ဘဲ ဟီဟီ) အဘွားလဲ ချက်ချင်းအိမ်ရောက်လာတယ် ရှေးလူကြီးတွေက ပိုသိမှာပေါ့နော် .. အဘွားက မောင်လေးအခန်းကို ၀င်လိုက်တာနဲ့ .. ဟဲ ဟုတ်နေပီတဲ့ ပါးစပ်ကရွတ်လိုက်တယ် ဖေဖေကတော့ အဘွားနောက်မှာ မေမေကအောက်မှာ ဘုရားစင်မှာမီးတွေဘာတွေ ထွန်းနေတယ် ... ကျမကလန့်တော့လန့်တယ် ဒါမဲ့ curious ဖြစ်နေတာ..
                                 အဘွားက မောင်လေးခေါင်းကို ဘုရားရွတ်နေရင်နဲ့ ကိုင်လိုက်တယ် မောင်လေးမျက်လုံးက ချက်ချင်းနီလာပြီ အဘွားလက်ကို ပုတ်လိုက်တယ် .. အဘွားကလဲ ငြိမ်ငြိမ်နေစမ်း .. မောင်လေးက ပါးစပ်မှာရွတ်ချင်တာရွတ်နေတယ် နားမလဲဘူးဘာတွေပြောမှန်း ခနနေငိုလိုက် ခနနေရီလိုက်နဲ့ ငါအိမ်ကိုပျက်စီးတယ် ငါကိုသချိုင်းပို့ပေးလိုအော်ပီရင်အော်နေတယ် ထပ်ခါထပ်ခါ .. မေမေက ပရိတ်ရေနဲ့ပရိတ်ကြိုးယူပြီတက်လာတယ် ဖေဖေက မောင်လေးကို ချုပ်ထားလိုက်တယ် လက်တွေကို အဘွားက မောင်လေးခေါင်းကို ပရိတ်ရေနဲ့လောင်းချလိုက်တယ် နင်လမ်းနင်သွား ကလေးကို ဒုက္ထမပေးနဲ့လို ပါးစပ်ကနေ ပြောပြီ လည်ပင်းမှာ ပရိတ်ကြိုးချည်ပေးလိုက်တယ် ခနနေ မောင်လေးက ငြိမ်သွားတယ် ပြီတော့ အောက်ထပ်မှာ အမဲသားကြော်ထည့်ထားတဲ့ပန်းကန်က ကျကွဲတဲ့ အသံ့ ဒုန်းဆိုပြီ ငြိမ်ကျသွားတယ် ဖေဖေက ပြေးဆင်းပြီ သွားကြည့်တော့ နင် အမဲသားကုန်ပီတဲ့ ကွဲသွားပြီ တဲ့ .. သရဲထွက်သွားပြီထင်တယ်နော် အဘွားတဲ့ .. အေးထွက်သွားပြီ .. ကျမက ပြောလိုက်သေးတယ် ဇင်ထင်တာ မောင်လေးယောင်နေတာမှတ်လို့တဲ့ .. မောင်လေးက ချက်ချင်းခနနေကထလာတယ် သူလဲလူများတော့ လန့်သွားတာနဲံတူတယ် ဘာဖြစ်တာလဲတဲ့ ..
အဘွားက ညနေက ဘာာတွေလုပ်ခဲ့လဲတဲ့ ။ ဘာမှလုပ်ပါဘူး..
လုပ်ခဲ့ပါတယ် တခုခုပေါ့ .. မောင်လေးက အော် ညနေက ဟိုလမ်းထိပ်ကအိမ်ဘေးမှာထာင်ထားတဲ့ အပေါင်းဒုတ်ချောင်းကိုပြေးကန်မိတယ် ဘေးကအရုပ်တွေကို နေရာရွေ့ခဲ့တယ်တဲ့ ..
အဘွားက ဘာလိုအဲလိုလုပ်ခဲ့တာလဲ .. သားက ပုံစံအသစ်လုပ်ပေးတာလေ .. နောက်ဆို အဲတွေ အရုပ်တွေ ဘာတွေတွေ့ခဲ့ရင် ဘာမှမလုပ်ရဘူးနော် ..အဲနေရာက လူသေလို့ လုပ်ထားတာ ကြားလား ပြောပြီ အဘွားလဲပြန်သွားတယ် ကျမလဲ နင်မှတ်ထား နောက်တခါသွားမလုပ်စေနဲ့ကြားလား  နို့မို့ဆိုရင် နင်အသက်ပါသွားပြီ ....
ဒါက ပထမဦးဆုံးကြုံဖူးတာပါ ..
Sunday, September 11, 2011
For someone!!
I wrote your name in the sky,
but the wind blew it away.
I wrote your name in the sand,
but the waves washed it away.
I wrote your name in my heart,
and forever it will stay.
P.S For someone who can't love me back !
i like the way
I like the way you look at me,
Your eyes so bright and black.
I like the way you make me so happy,
And the ways you show you care.
I like the way you say, I Love You,
And the way you're always there.
I like the way you touch me,
Always sending chills down my spine.
I like that you are with me,
And glad that you are mine.
U BETTER WATCH OUT
When I Lost Something That I Really Want It, I Never Give Up To Brings It Back..!!
No Matter How Hard It Will Be Or How Long It Will Take...!!
N Who Ever That Try To Pull Me Down, "U BETTER WATCH OUT!!"
Especially My Love!! ♥ ♥ Swag Nigger Swag
I'm finally a senior in high school 2011-2012
ကျမရဲ့ပထမဦးဆုံးးးးးးးးးး Senior အကျီင်္လေးပေါ့ 
ဒါကတော့ သူငယ်ချင်းတွေနဲ့အပျော်ရိုက်ထားကြတာလေ
                      ပျော်လိုက်တာ နောက်ထပ် ၂ပတ်ကြရင် Home coming လာတော့မယ်လေ အဲအတွက် Senior အကျီင်္လေးဖြစ်တဲ့ အပြာရောင်လေးကို ၀တ်ပြမယ်နော် ဒါလေးကိုတော့ ဒီလောက်လေးဘဲကြည့်ပေါ့နော်
                              ငယ်ငယ်တုန်းက ကျောင်းတက်တုန်းချိန်မှာဆို ကိုယ်ထက် ကြီးတဲ့ seniorတွေကိုအရမ်းအားကျဖူးတယ် ဘာလိုလဲဆိုတော့ သူတို့အတွက်သီးသန့် အကျီ်တွေကို ပွဲတွေလုပ်တာတွေကို သဘောကျတယ် နောက်ဆုံးနှစ် ကျောင်းသူတွေဆိုတော့ ဘာလုပ်လုပ် သူတို့က အရင်လေ .. အကျီဆိုရင်တော့ .. senior အတွက်က အရင် Game ပွဲအတွက်ဆိုရင် Senior က အရင် Senior ဆိုတာနဲ့ လူတိုင်းက အားကျသလို ဘယ်လိုလေးလဲမသိဘူး ဖြစ်ကြတယ် ကျမလဲဖြစ်ဖူးတယ် စာတွေကတော့ တန်းတူသင်ရပါတယ်
                   ဒါမဲ့ သူနေ့မှာ ဘာဝတ် ဘာဝတ်ဆိုရင် (သောကြာနေဆိုရင် Game ရှိလို့ အကျီင်္အစိမ်းရောင် အခု ကျမ၀တ်ထားတဲ့အင်္ကျီလိုပေါ့) အဲကလိုပေါ့ .....အကျီင်္နောက် Senior ဆိုတာပါတာတွေ့တော့ အို သူတောင်ကျောင်းပီခန်းနီးဘဲ ကော်လိပ် တက္ကသိုလ် သွားရတော့မှာဘဲ လူကြီးဖြစ်တော့မှာဘဲ ဆိုတဲ့အသိတာ ခေါင်းထဲမှာတွေးဖူးတယ် အရမ်းလဲပျော်မိတယ်. လူတိုင်းကလဲ ဂရုစိုက်ကြတယ် အကြီးဆိုပီ အငယ်တွေက သိပ်ပီ မပြောရဲကြဘူးလေ . ဘာလုပ်လုပ် Senior က First .. ကျမ အရမ်းသဘောကျတာက ကျမအကျီင်္နောက်မှာ Senior ဆိုတဲ့စာတန်းကို အရမ်းသဘောကျတယ် ..                                                 
                     အခုလဲကျောင်းတတ်တာမကြာသေးဘူးလေး .. ကျောင်းသစ်လဲဖြစ်တော့ ကိုယ်က နဲနဲရှိန်တာပေါ့ . အခုဝတ်ထားတဲ့ အစိမ်းရောင်အကျီင်္ကလဲ ကျောင်း Game အတွက် Senior ၀တ်ဖို့ထုတ်ထားတာလေ .. ကိုယ်ကျောင်းကို အားပေးတဲ့သဘောပေါ့.. ကျမတော့ ဒီ Senior တနှစ်လုံးကို ကျောင်းအကျီင်္ဘဲဝတ်တော့မယ်လို့ စိတ်ကူးမိတယ် .. ကျမရဲ့ နောက်ဆုံးနှစ်ကို အပျော်ကြီးဖြစ်အောင်လဲ ကျမလဲ လုပ်ဆောင်သွားအုန်းမှာလေ .. လူသစ်စိတ်သစ်ကျောင်းသစ်မှာအင်္ကျီသစ်တွေနဲ့ ကျမကတော့ လန်းတော့မယ်လို သိဒ္ဒန်ချလိုက်ပါပြီရှင် ..
Friday, September 9, 2011
ကျမကိုကျမမုန်းတယ်
ကျမက ခြေသည်းထားတာကို ငယ်ငယ်လေးကတည်းက စိတ်ဝင်စားခဲ့တယ် ကြီးလာရင် ထားမယ်လိုလဲ စိတ်ကူးခဲ့မိတာအမှန်ဘဲ  ဒါမဲ့အိမ်က မထားခိုင်းတာတို့ လမ်းတ၀က်မှာ ယောကျားစိတ်ပေါက်သွားရတာတို့နဲ့ ကျမက တော်တော်နဲ့ ခြေသည်းရှည်ကို မထားခဲ့ဖူးဘူး ..ကျမက ခြေသည်းရှည်ထားတဲ့မိန်းကလေးတွေကို ကျမနှစ်သက်သလို သဘောလဲကျမိတယ်.. ကျမ ခံယူချက်ကမိန်းကလေးဆိုတာ အပြင်က ကြည့်ရင်ကြမ်းချင်ကြမ်းမယ် သူတို့စိတ်တွေက နုတယ်ဆိုတာ ကျမ လက်ခံတယ် ကျမက ငယ်ငယ်ကတည်းက အရမ်းကြမ်းတမ်းတာ ကစားရင်လဲ တော်ရုံမိန်းကလေးလို့မကစားတတ်ဘူး .အိမ်မှာလဲ မိန်းကလေးဆိုလို့ ကျမဘဲ ရှိတာလေ ကျန်တာ ဦးလေးငယ်နဲ့အဒေါ်တွေဆိုတော့ တူမက ကျမတယောက်ထဲ ဖူးဖူးမှုတ်ထားတော့ ကျမက ဘယ်တော့ မနူးညံ့မသိမ့်မွေ့ဘူး .. ဘုရားပန်းလဲဖို့ ပန်းအိုးကိုနောက်ဖေး ယူသွားခိုင်းတာကို ကျမကြမ်းတမ်းရှပ်ပြာမှုကြောင့် ပန်းအိုးကွဲရတယ် ထမီစကပ် ၀တ်နေရင်နဲ့  ကြိုးတန်းလုပ်ထားတဲ့ဘောင်ကို ကျမခုန်ကျော်ရင်နဲ့ အဲထမီစကပ်အသစ် ကလေးလဲ ပြဲသွားတယ် ဒါမဲ့ကျမက အလှအပကလေးတွေကိုတော့ ချစ်တတ်တယ် နောက် ခြေသည်းလှလှရှည်ရှည်လေးတို့ ဆံပင်အရှည်ကလေးတွေကိုလဲ နှစ်သက်တယ်
                              နောက် ကျမ ပြည်ပရောက်တော့ ကျမ ဆံပင်နဲ့ ခြေသည်းကိုစပီ အရှည်စထားခဲ့တယ်  ဘာရယ်လဲမဟုတ်ဘူး စမ်းထားရင်နဲ့ ကျမ ခြေသည်းလေးတွေ ရှည်လာခဲ့တယ် ကျမ ခြေသည်းရှည်တဲ့ပုံက ကျမတို့သူငယ်ချင်းထဲမှာဘယ်သူမှ ကျမကိုမမှီဘူး ခြေသည်းရှည်ထားတားကိုတော့ .. ကျမ Sandal စီးလိုက်တာနဲ့ ကျမ ခြေသည်းကို ငေးပြီကြည့်ရတဲ့သူတွေဘဲ ရှိတယ် နှစ်ခါပြန်ကြည့်အလှပေါ့ ဟက်ဟက် ခြေသည်းကို ကျမအဲလောက် ဂရုစိုက်တယ်ဆိုတာ ယုံတော့ .. ကျမ ခြေသည်းကို မြင်တဲ့သူငယ်ချင်းတွေက ကြည့်ပီ အသဲလဲ ယားကြပီ ဇင်ရယ် ညုပ်လိုက်ပါလားနော် .. အသဲယားလို့ပါ နဲနဲပေးတို လိုက်လဲ နင်လှနေတဲ့ခြေသည်းက လှနေအုန်းမှာဘဲ . ကျမက မရဘူး မညုပ်ဘူး ဆိုပီ နဲနဲပါးပါးဘဲညိုပီ အရှည်ကြီးဖြစ်အောင်ထားတယ် တခါတလေ ကျမခြေသည်းလေးတွေက နဲနဲဖဲတာတို နဲနဲကျိုးတာတို့ဖြစ်ရင် ကျမစိတ်မကောင်းသလို တခါတလေ တိုက်မိလို့နာရင်လဲ နာတာကို ရှေ့မထားဘဲနဲ့ ငါခြေသည်းကျိုးပီထင်တယ် စိတ်တပူပူနဲ့ ကျမဖြစ်မိတယ် ကျမ ခြေသည်းကို အရမ်းလဲချစ်တယ် ..
                                 ကျမ ဂရုစိုက်နေတဲ့ကြားတာ ကျမရဲ့ပထမဦးဆုံးခြေသည်းကျိုးတာက စတာဘဲ  နဲနဲပါးပါးကျိုးရင် ကျမ ခံသာပါတယ် အခုတော့ ကျိုးသွားတဲ့နေရာက အရင်းထိဆိုတော့ ကျမ စိတ်မကောင်းလို့ နေတောင်မကောင်းဖြစ်တဲ့အထိဘဲ နွေရာသီဆိုရင် ကျမစီးဖို့ဝယ်ထားတဲ့ ဖိနပ်လဲကျမ သိမ်းထားရပီ ကျမအမြတ်တနိုးဝယ်ထားတဲ့ အရောင်တွေလဲ သိမ်းထားရပြီ ကျမအရမ်းနှမြောတဲ့ ကျမရဲ့ခြေသည်းလေးက လူသေအတိုင်းဘဲ ဘာမှကိုလုပ်လို့ကိုမရတဲ့အထိဖြစ်သွားတယ် ကျမ အရမ်းစိတ်မကောင်းဖြစ်တယ်.. အဲခြေသည်းလေးကြောင့် ကျမ နူးညံ့သိမ့်မွေ့ခဲ့တယ် ပြီတော့ ကျမ မိန်းကလေးပီသခဲ့တယ် အခုတော့ ကျန်တဲ့တဖက်က သူနဲ့အတူတိုအောင် လုပ်ပေးလိုက်ရတော့ ကျမ အရမ်းစိတ်ဓါတ်ကျတယ် ကျမပျော်အောင်နေခဲ့တယ် ဒါမဲ့ မပျော်ဘူး အခုဆိုရင် ကျမခြေသည်းလေးတွေကိုမတွေမိစေအောင် ကျမအမြဲတမ်းခြေအိတ်ကိုမကျွတ်တမ်းဝတ်ခဲ့မိတယ် ကျိုးအောင်လုပ်မိတဲ့ကျမကိုယ်ကျမမုန်းတယ် ..စိတ်မကောင်းဖြစ်တဲ့ကျမကို မေမေက အားပေးခဲ့တယ် တချို့ကျမအမျိုးတွေက over ဖြစ်လွန်းတယ်တဲ့ ကျမကို အဲလိုပြောရမလားဆိုပီ ရန်ဖြစ်ခဲ့တယ် နောက်တခါ ကျမတန်ဖိုးထားတဲ့အရာတွေအမှတ်မထင်ပျက်စီးပျောက်ပျက်သွားမယ်ဆိုရင် ကျမ အသက်များဆုံးရှုံးသွားနိုင်မယ်လို့တောင်ထင်ခဲ့မိတယ် .. ပြောကြပါတယ် ကျမက မိုက်ရူးဆန်တယ်တဲ့ .. ဟုတ်တယ် ကျမက မိုက်ရူးဆန်တယ် ကျမ မိုက်ရူးဆန်တာသူတို့အပူပါတာကြနေတာဘဲ .. စိတ်ညစ်တယ် ကျမ ခြေသည်းလေး ကျိုးတဲ့အတွက် :o(
Monday, September 5, 2011
စိတ်နာ
ဒီသီချင်းက တော်တော်ကိုကောင်း တော်တော်လဲ တိုက်ဆိုင်တယ် နားထောင်ရင်နဲ့ စိတ်နာတယ် .. ဟူးးးးးးးးးးးးးး မောတယ်
သရဲကိုကားတိုက်မိလို့
                    ညက ကျမ 12နရီကျော် အိမ်ပြန်ရတယ်လေ ကားကိုတယောက်ထဲမောင်းလာရတာပေါ့ ..သီချင်းလေးဖွင့်ပီ တီးလုံးလေးအတူမြူးနေတာ လမ်းပေါ်မှာလဲ ကားတွေက တစီးစ နှစ်စီးစ လောက်ဘဲ မောင်းနေကြတာကို လူအိပ်ချိန်ဆိုတော့ အပြင်မှာလူတွေသိပ်မတွေရဘူးလေး .. ကျမ ကားမောင်းနေရင်နဲ့
                           ဒုတ်..ကနဲ့ တခုခုကို ပြင်းပြင်းထန်ထန်နဲ့ ကျမ ၀င်တိုက်မိလိုက်တယ် ကျမထင်လိုက်တာ သမင်လား ဒါမှမဟုတ် တောကြောင်လား တိရစ္ဆာန် တကောင်ကောင်ပေါ့နော် . နောက်ကြည့်မှန်နဲ့ ကျမက ကားရပ်ပြီလှမ်းကြည့်လိုက် လူတယောက်က ကုန်းရုံပြီ ထပြီလမ်းလျှောက်သွားရင်နဲ့ပျောက်သွားရော ..ကျမလဲ အဲဒါကိုမြင်ပြီ မောင်းလာတာ တချိုးထဲ အိမ်အရောက်ကို မိုင် 50နှုန်းမောင်းလာတဲ့အထိဘဲ .. မနက်ကြတော့ ကျမကားနဲ့တိုက်မိတဲ့ အရှေ့က မီးမှန်ဘေးနားကိုပြန်ကြည့်တော့ ဘာမှမဖြစ်ဘူး အရင်အတိုင်းဘဲ ..
ကျမစိတ်ထဲမှာတော်တော်ထူးဆန်းသွားတာအမှန်ဘဲ တခါမှမကြုံဘူးဖူး .. :)