Sunday, September 4, 2011

အိမ်သာတတ်နေတဲ့သရဲမ



ကျမ သရဲတော့ ကြောက်တယ် မြန်မာပြည်က သရဲကိုပိုကြောက်တယ် ဘာလိုလဲတော့မသိဘူး.. ဒီကသရဲကိုလန့်တာ လန့်အောင်ခြောက်လို့ ကြောက်တာနဲ့လန့်တာတော့ ကွာတာပေါ့နော် ..ဟီဟီ 
ကျမ ကျောင်းပြောင်းတာ 1ပတ်ရှိပြီ ကျောင်းအသစ်ကိုရောက်တော့ အိမ်သာကို တခါမှကောင်းကောင်းမတတ်ဖူးဘူး အခန်းမသိတာဘဲ အခန်းလိုက်ရှာရတာတွေ ဘာတွေနဲ့အလုပ် ရှုပ်နေတဲ့ဘဘောပေါ့ .. အဲနေ့က ကျမက အနွရာယ်ကို လုံးဝ မထိန်းနိုင်လွန်းလို့ ခွင့်တောင်းပီ ထွက်လာလိုက်တယ် .. ကျောင်းက အိမ်သာတွေကများသာ .. နီးတဲ့အိမ်သာကို လှမ်းဝင်လိုက်တယ် ၀င်တဲ့အချိန်မှာ တယောက်မှမရှိတော့ ပိုကြိုက်တယ် အိမ်သာတတ်ရင် အိမ်သာထဲမှာတယောက်မှမရှိလေ ပိုကြိုက်လေဘဲ ကျမကတော့.. ကျမ ခံယူချက်ပါ.. မြန်မာပြည်လို အိမ်သာသွားရင်လဲ အဖေါ်နဲ့မသွားရတော့ .. ကျမက ပိုကြိုက်ပြန်ပီ..စကားပြန်ဆက်မယ် ..အဲဒါနဲ့ ကျမလဲ အိမ်သာတက်ရင်ဒေါင့်ဆုံးကိုမှ ရွေးတတ်တယ် ဘာလိုလဲတော့မသိဘူး .. ကိုယ်ကြိုက်တဲ့ကိုတတ်တာဘဲနော် .. အဲဒေါင့်ဆုံးကို မရောက်ခင်အထိ အိမ်သာတံခါးတွေ ဖွင့်ထားတယ် လှမ်းတောင်ကြည့်လိုက်သေးတယ် နောက် ကျမတတ်မယ် အိမ်သာရောက်တော့ . ကျမ အနွရာယ်ကို ကျမရှင်းနေရင်နဲ့ .. အပြင်က လူဝင်လာတဲ့အသံတော့ ကျမမကြားမိဘူး .. ဒါမဲ့ ကျမဘေးနားကအခန်းကို ၀င်လာတာကိုတော့ ကျမ ကြားတယ်.. ကျမစိတ်ထဲကနေ တောက် ဖီလ်းကောင်းပီဆိုရင် ဒီလူတွေက တော်တော်ရှုပ်တယ် ဟွန်း မြန်မြန်ရှင်းအောင် လုပ်နေတုန်း .. ပါးစပ်ကနေ သူကို မိတ်ဖွဲ့လိုက်တယ် Hi လို့ .. ဟိုဖက်က ပြန်မပြောဘူး .. တော်တော် ဘ၀င့်မြင့်နေတဲ့ ဟာမဘဲ ဟွန်း တင်းလားပီ .. ထပ်မေးလိုက်တယ် Hi fri ..Can I know your grade, Im sophomore form ....high schoo!  ကောင်းကောင်းလေးမေးလိုက်တယ်.. ဟယ်ဘာမှလဲပြန်မပြောတော့ ဒီလောက်တောင် တော်တော်ဘ၀င့်မြင်တဲ့သူဆိုပီ  သူခြေထောက်ကို  မြင်ဖူးသည်ရှိအောင် လမ်းကြုံရင်ခေါ်ပြောဖို့ပေါ့ ကျမငုံကြည့်လိုက်တော့ ဘယ်ဖိနပ် ဘယ်ခြေထောက်မှလဲ မရှိဘူးရော..ချက်ချင်းကိစကိုရှင်းပြီ အပြင်ထွက်လာခဲ့တယ် လက်ကို မြန်မြန်ဆေး .. သူအိမ်သာတံခါးကတော့ပိတ်ထားတယ်နော် ..စိတ်တိုတို ထပ်ငုံကြည့်လိုက်တယ်ဘာခြေထောက်မှ  မတွေဘူး  ကြက်သီးကလဲ ချက်ချင်းကောက်ထလာတယ်  အဲတုန်းကလဲ သရဲမှန်းတော့ ဘယ်ထင်ထားမလဲ .. သူတံခါးကို ချက်ချင်း ကျမ ဆောက်ကန်လိုက်တာ အထဲက ဂါဝန်အဖြူနဲ့ကောင်မလေး ဆံပင်ဖားလားနဲ့ ခေါင်းငုံပြီထိုင်နေတယ်တချက်တွေပီ ချက်ချင်းပျောက်သွားတယ် ကျမလဲ ချက်ချင်းတွေ့တုန်းကတော့ အော်ဖို့မေ့နေတယ် ကြောင်နေတယ် ခန အပြင်က လူတွေဝင်လာပီ ကျမကြောင်ပြီ သရဲမအိမ်သာရှေ့မှာရပ်နေတာတွေတော့ .. သူတို့အတင်း လာပီ ဘာဖြစ်တာလဲ ဘာညာ အတင်းလှုပ်နိုးမှာ ကျမ သတိဝင်လာတယ်. ပါးစပ်ကလဲသရဲ သရဲနဲ့ ဘယ်သူမှမယုံကြဘူး သူတို့က မတွေလို့ ..ကျမသူငယ်ချင်းတွေကိုပြောပြတော့ နှစ်ယောက်ကကြုံတယ် ဒါမဲ့ ဂါဝန်အဖြူမဟုတ်ဘူးတဲ့ အိမ်သာဘေးမှာလာထိုင်တယ် ဘဲလ်တီးလို့မထွက်လာလို့ တံခါးလှမ်းဖွင့်တာ လူလဲမရှိတော့တာတို့ပေါ့ .. နောက်တယောက်ကတော့ လက်ဆေးနေရင် အိမ်သာရေ ကျတာတို့ . တံခါးကိုစောင့်ပိတ်တာတို့ ဖြစ်တယ် .. သရဲကိုယ်ထင်တာကိုတော့မတွေဘူးတဲ့ ကျမက အထင်ကြီးကိုမြင်လိုက်တာ .. သရဲမကလဲ အဲအိမ်သာမှာဘဲနေတာ ကျန်တဲ့အခြားအိမ်သာမှ သူမသွားဘူးထင်တယ် ကျမပြောရင်လဲ လူတွေက မဟုတ်ပါဘူး ဘာညာနဲ့ပြောကြတယ် အမြင်မှားတာ ဘာတို့ညာတို့ဘဲ ပြောကြတယ် ကျမ အထင်ကတော့ ကျမက ကျောင်းသားသစ်ဆိုတော့ အဖြစ်မှန်ကိုမပြောပြချင်တာလား ဒါမှမဟုတ် ကျောင်းနမည်ပျက်မှာဆိုလိုလားတော့မသိဘူး 

ဒါကတော့ ကျမ ကြုံဖူးတဲ့သရဲအကြောင်းပါ

No comments:

Post a Comment