ပြန်လာပါလို့ မပြောချင်ဘူး
သွားတော့လို့လည်း မဆိုလိုပါဘူး
ဆန္ဒတစ်ခုတည်းကိုပဲ အရင်းပြုပြီး
လာရာလမ်းကို ကျောခိုင်းစေခဲ့မိသူ
ရင်ခွင်မှာထွေးပွေ့ထားချင်လည်းပဲ
အနွေးထွေးဆုံးရယ်လို့တော့ အာမမခံရဲသေးပါ...။
အချိန်အခါတွေ နေ့ရက်နှစ်လတွေ အလီလီပြောင်း
အတိတ်ဟောင်းကိုလည်း မေ့မထားရက်နိုင်ဘူး
အသစ်ဘယ်လောက်ကောင်းကောင်း ဆိုပေမယ့်
အဟောင်းကိုလည်း စွန့်လွှတ်ကာမခံစားချင်မိ
ဝေးတသက်သက်ဆိုတာကလည်း ခြောက်လှန့်နေဆဲ
ရင်ခုန်သံရှင်းတမ်းကို မင်းလက်မခံဘူးဆိုရင်
ဘ၀တစ်သက်စာအနမ်းတွေနဲ့ အလွမ်းတွေကို
ချောင်ကျကျတစ်နေရာလေးမှာပဲ
မြေမြှုပ်သိမ်းဆည်းထားလိုက်ပြီပေါ့...။
No comments:
Post a Comment