Thursday, February 9, 2012

အသဲကွဲဇာတ်လမ်း အပိုင်း 2



အဲလိုနဲ့ ဒီဇင်ဘာနဲ့ မင်းမင်းဟာ ...တိတ်တိတ်ကလေး.. လူမမြင်ကွယ်ရာမှာချစ်နေခဲ့တယ်..
...။ တခါတလေမင်းမင်း မှာတော့စဉ်းစားမိတာပေါ့ .သူ့ ရဲ့ ဘဝကို သူစိတ်တိုတယ်...။ စာဖတ်သူသူငယ်ချင်းတို့ လဲခံစားကြည့်တက်မှာပါ
ဘာလို့ လဲဆိုတော့ .သူသိပ်ချစ်ရတဲ့ ချစ်သူကိုတောင်  သူ့မှာ .လွတ်လွတ်လပ်လပ်ချစ်ခွင့်မရခဲ့ဘူး....ပီးတော့ သူ့ ဘဝရဲ့ မစွန့် လွတ်နိုင်တဲ့ ကောင်မလေးတယောက်မို့ ..သာ သူအရာအားလုံးကိုလက်ခံပြီူတော့ကျေနပ်နေခဲ့တာ...
သူတို့ နှစ်ယောက် သိသာတာ..ချစ်လာတာ .အချိန်ကြာလာပေမယ့် ..တခါမှတော့ စကားမများကြပါဘူး....စိတ်ကောက်စိတ်ဆိုးဖြစ်၇င်တေင်..ဟန်ဆောင် စိတ်ကောက်စိတ်ဆိုးဖြစ်ခဲ့တယ်...ဒါပေမယ့်သူတို့ နှစ်ယောက် ရဲ့  စိတ်ထဲမှာ
ကိုယ်စီအသိတရာတွေရှိထားကြတယ်....တနေ့ တော့ သူတို့ နှစ်ယောက်ဝေးသွားမှာ ဆိုတဲ့ဟာပဲ ....။ ဝေးမှာသိသိကြီးနဲ့  ဆက်တိုးခဲံကြတယ်.....။ အဲဒီအတွက်တော့ ဒီဇင်ဘာမှာ တော့ .... ဘာပြသနာမှမရှိလောက်ပါဘူး...
သူ့ မှာ ..ဘဝအတွက်လုံခြုံမှူ တွေ အစားထိုးပေးမယ်...သူတယောက် သူ့ ဘေးမှာအစထဲကရှိပြီးသား....။ မင်းမင်း ကတော့ သူ့ ဘဝကြီး.စုပ်ပြတ်သွားသလိုဖြစ်သွားတာတောင်မှ   သူမအတွက် ..သူ ပေးဆပ်နေခဲ့တယ်....
မင်းမင်း ရဲ့ အကျင့်က အရာရာကိုလိုက်ပီးတော့ စုံးစမ်းနေတက်တဲ့သူတော့မဟုတ်ဘူ... ဒါပေမယ့် .သူ စုံးစမ်းလိုက်ရင်လဲ ...ရအောင်လုပ်တက်တယ်...။ ဒီဇင်ဘာနဲ့ သူရဲ့  ချစ်သူနဲ့ ချစ်နေကြတာတွေ. ..ပြောနေတဲစကားတွေ..
မင်းမင်းတယောက် မမြင်ချင်မှအဆုံးပဲ ..ဒါပေမယ့် မျက်လုံး ကအမြဲတမ်းပိတ်နေတာမှမဟုတ်တာ..မြင်လာရင်တော့သိသွားတာပေါ့......။ အော်ဒါနဲ့ တခုမေ့ကျန်သွားခဲ့တယ်.....။ ဒီဇင်ဘာတယောက် မင်းမင်းန့ဲ လမ်းခွဲပီးတဲ့နေ့ မှာပဲ
သူ့ မရဲ့  ဖေ့ဘုတ်ပေါ်မှာ ..သူဘဝအတွက်ရွေးချယ်ထားတဲ့သူကို လက်ထပ်ထားခဲ့တယ်လေ....။ အဲသူကတော့ doubleစိုးတဲ့.. သူကတော့ အရာရာ ပြည့်စုံးတဲ့သူတယောက် ပါပဲ ....။ သူက တော့ ဒီဇင်ဘာအတွက် အကောင်းဆုံး.
လူတယောက်ဖြစ်ခဲ့တာပေါ့....။ အဲဒီ စိုး ဆိုတဲ့ကောင်းလေးတယောက်ကလဲ  လိမ်မာပြီးတော့ စိတ်သဘောထားကောင်းတဲ့လူငယ်တယောက်ပါပဲ   ။ပြီးတော့လဲ ..စိုးက ဒီဇင်ဘာကို တကယ်ချစ်ရှာတယ်... ဒီဇင်ဘာကလဲ စိုး  ကို
ပြန်ပြီးတော့ စိတ်ဝင်စားတယ်.... သူ့ ဘဝရဲ့ အကောင်းဆုံးသော လက်တွဲဖော်ဖြစ်ချင်ခဲ့တယ်လေ....။ ဒါတွေ အားလုံးကို မင်းမင်းဆိုတဲ့သူက  သိရဲ့ သားနဲ့  အတင်း ..ဒီဇင်ဘာဘေးမှာ နေခဲ့တယ်....။ သူ ဒီဇင်ဘာကို မသိစိတ်ကနေ
မျှော်လင့် နေခဲ့တယ်....။ မင်းမင်းဘဝရဲ့   လမ်းတလျောက်လုံးမှာ တခါမှ ဒီဇင်ဘာလောက်ဘယ်သူကိုမှ  မချစ်ခဲ့ဘူးဘူး... ။ သူ့ ဘဝရဲ့ အချစ် ဆုံးသူ တယောက် ဖြစ်ခဲ့သလို .နောက်ဆုံးချစ် တဲ့သူတယောက်လဲ ဖြစ်လိမ့်မယ်လို့ 
မင်းမင်းက သူ့ ရဲ့ စိတ်ထဲမှာ တွေးခဲ့တယ်....။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ ... ဒီဇင်ဘာက  စိုး နဲ့ လဲ ...ချစ်နေကြတယ်.... တဖက်က မင်းမင်းနဲ့ လဲ  မသိအောင်ချစ်နေကြတယ်....။ ဘယ်သူနားလည်ပေးနိုင်ကြလဲ
သူတို့ ၃ယောက်ရဲ့ အချစ်ဇတ်လမ်း ကို .....။ မင်းမင်း တယောက်ကတော့ သူ့ ကိုယ် သူ တောင်နားမလည်နိုင်ခဲ့ဘူး.... ဘာအတွက်ကြောင့် ..ဒီလိုတွေလုပ်နေလဲ ဆိုတာကို....။ အချိန်အားလုံကို ဒီဇင်ဘာအတွက်ပေးထားတယ်..
ဒီဇင်ဘာနဲ့ တူတူရှိချင်တဲ့စိတ်ကြောင့် . တညလုံးမအိပ်ပဲ နေခဲ့တယ်... နေ့ ဆိုမှအိပ်တယ်.... အစာအသောက်တွေလဲ ပုံမှန်မရှိတော့ဘူး.... ။တနေ့ ပြီးတနေ့  မင်းမင်းရဲ့ အတွေးထဲမှာ  ဒီဇင်ဘာဆိုတဲ့ကောင်မလေးပဲရှိခဲ့တယ်..
အချိန်ပြည့်သူမ အကြောင်းကိုစဉ်းစားတယ်... မသိမသာလေး..တိတ်တိတ်လေး...ရူးနေခဲ့တာပေါ့...။ နေ့ တိုင်း ဒီဇင်ဘာမရှိတဲ့ချိန်တွေ ဆိုရင်  သူမ ကိုလိုက်ရှာမိတယ်..လိုက်ရှာမိတိုင်းလဲ ... စိုးနဲံဒီဇင်ဘာတို့  ချစ်နေကြတာတွေ
တွေ့ မိပြန်ရော .... မင်းမင်းတယောက် မြင်မိတိုင်း.. ဝမ်းနည်းခဲံ၇ပြန်ေ၇ာ .... ။ မင်းမင်း စိတ်ထဲမှာ .... ဒါမျိုးတွေမလုပ်ချင်ခဲ့တာ အမှန်ပဲ ...မလုပ်ချင်ပေမယ့်လဲ ဒါတွေအားလုံးမစွန့် ပြစ်နိုင်ခဲ့ဘူး ...အသဲ ကွဲ ခံပြီးတော့
မင်းမင်းတယောက် ဒီဇင်ဘာအပေါ်ကို အရမ်းချစ်ခဲ့တယ်....။ အဲလိုနဲ့  မင်းမင်းနဲ့ ဒီဇင်ဘာ ဟာ ညတိုင်း ..လိုလို ..သူတို့ တွေ့ နေကြနေရာလေးမှာ ..ဘာကိုမှမစဉ်းစား ..မတွေးပဲနဲ့ ..တယောက်ကို တယောက်ချစ်တဲ့အကြောင်း
တွေနဲ့ ပဲ ရက်ပေါင်းများစွာကို ကြော်ဖြတ်ခဲ့ကြတယ်.....။ ဒါပေမယ့် မင်းမင်းရဲ့ စိတ်ထဲမှာ ..ဒီဇင်ဘာကို ချစ်ပေမယ့် သူ အမှားကြီးတခုကို ကျူးလွန်ထားတယ်ဆိုတာကို ...သဘောပေါက်ခဲ့တယ်...သူ့ အမှားကို သူသိနေပေမယ့်
မပြင်ခဲ့ဘူး... အဲဒီလမ်းအမှားပေါ်မှာပဲ  ဆက်လျောက်ခဲ့တယ်... ။ ဒါပေမယ့် မင်းမင်း က အဲလမ်းကိုလျောက်ခဲ့တဲ့ အတွက် ...လုံးဝနောင်တရမှာမဟုတ်ခဲ့ဘူး..ဘာလို့ လဲဆိုတော့ ..အဲဒီလမ်းမှာ ..သူရဲ့ ချစ်ဆုံးသူတယောက် ..
ဒီဇင်ဘာနဲ့ ပက်သက်နေခဲ့လို့ ပဲ...။ အဲလိုနဲ့ ..မင်းမင်းတယောက် တချိန်ချိန်မှာ ... ဘာတွေဖြစ်လာမလဲမသိပေမယ့် .... သူ့ ရဲ့ အမှားလမ်းမှာ .ဆက်လျောက်နေ၇င်း...နဲ့ ......

(အသဲကွဲဇာတ်လမ်းအပိုင်း 1)
.http://limkzin.blogspot.com/2012/02/blog-post_05.html

No comments:

Post a Comment