Tuesday, February 21, 2012

မင်းအတွက်

တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ မင်း သူမကို ပြန်လိုအပ်လာလိမ့်မယ်...
မင်းအတွက်ပြည့်စုံမှုမရှိဘူးလို့ မင်းသတ်မှတ်ခဲ့တဲ့ မိန်းကလေး ..
မင်းနဲ့ မလိုက်ဖက်ဘူးလို့ မင်းယူဆခဲ့တဲ့ မိန်းကလေး ..
မင်းအတွက်အမြဲတမ်းနာကျင်ခံစားနေ
ခဲ့ရပေမယ့် မင်းနဲ့ အတူရှိနေဖို့ ...ကလွဲပြီး မင်းဆီက တခြားဘာမှမမျှော်လင့်ခဲ့တဲ့ မိန်းကလေး ..
မင်းကိုသူ့ အသက်လောက်ချစ်နေပေမယ့် အချစ်ကလွဲပြီး မင်းကိုတခြားဘာမှ မပေးဆပ်နိုင်ခဲ့တဲ့ မိန်းကလေး ..
မင်းဟာ သူမ မုန်းထိုက်သူတစ်ယောက်မို့  မင်းကိုမုန်းချင်ပေမယ့် ဘယ်တော့မှ မမုန်းနိုင်ခဲ့တဲ့ မိန်းကလေး ..
မင်းကို ပိုင်ဆိုင်သင့်ပေမယ့် ဘယ်တော့မှမပိုင်ဆိုင်ခဲ့ရတဲ့ မိန်းကလေး ..
မင်းကိုယ်တိုင်စွန့် ခွာခဲ့တဲ့ မိန်းကလေး ..

အခု မင်းလိုက်ရှာလို့ ပြန်မတွေ့ နိုင်တော့မယ့် မိန်းကလေးတစ်ယောက်ကိုပေါ့...

No comments:

Post a Comment