ငါမင်းကိုမချစ်တော့တာမဟုတ်ဘူး.... ငါ့ရဲ့ ဘဝမှာ မင်းကို အချစ်ခဲ့ဆုံးပဲ
.... ငါ့ရဲ့ အချစ်တွေ နဲ့ မင်းလေးကို ကပ်တွယ်မနေချင်တော့တာ ....။ ပြီးတော့
ငါစွန့်အနေခဲ့တာမဟုတ်ဘူး ... ငါခံစားချက်မဲ့အောင်ကြိုးစားေ
နခဲ့တာ...
ငါ့ရဲ
့ခံစားချက်တွေ မင်းလေးသေချာမသိသေးပါဘူး...။ ပြောပြရင်တောင်..
သေချာနားထောင်ခဲ့ရဲ့ လား.....။ ငါဟာ တွေဝေတက်တယ်...
ဆုံးဖြတ်ချက်ကောင်းကောင်း မချတက်တဲ့ယောက်ကျားတယောက်လို
့မြင်ချင်မြင်လိမ့်မယ်... ။ ဟုတ်တယ်.. ငါမင်းလေးနဲ့ ပက်သက်လာရင် အဲလို
ယောင်ချာချာ ...တွေ ခဏခဏဖြစ်တယ်..။မင်းလေးအတွက်ဆို လုပ်လိုက်တယ်...
ပြီး၇င်.ဘယ်သူမှတောင် မသိသေးဘူး ငါပြန်ဖြတ်ပြစ်တယ်...။ မင်းလေးအတွက်ပါ ...
ငါဆိုတဲ့သူဟာ ..မင်းဘဝအတွက် ..ဘာမှ အရေးမပါတဲ့သူပဲလေ.... ။ ဘာမှမဟုတ်ပဲ နဲ
့မင်းလေးကို ဒုတခ မပေးချင်တော့ဘူး.... ..။ ငါရူးခဲ့ပါတယ်... ရူးတာမှ
လုံးဝရူးသွားချင်စိတ်ထိအောင် ဖြစ်ခဲ့တာ....။ မလွမ်းပဲနေမလား.. သတိမရပဲ
နေမလား.... မတွေ့ ချင်ပဲနေမလား...။ မင်းရဲ့ အစိတ်အပိုင်းတခုထဲမှာ
ငါဖြစ်ချင်နေတာတွေ
မင်း နားမှာ သံမှိုထက်တောင်စွဲကပ်ချင် နေလောက်အောင် ငါဖြစ်ခဲ့တာတွေ .... ။
သိရဲ့ သားနဲ့ ငါ့ကိုယ်ငါ မသိချင်ယောင်ဆောင်ခဲ့တယ်... ။ ခံစားရရဲ့နဲ့ ..
မခံစားရတဲ့ သူတယောက်လို့ ..ငါနေခေဲ့တယ်...။ ငါလဲလူတယောက်ပါပဲ ....
သူများတွေထက်တောင် ခံစားတက်ပါတယ်...။ ငါရဲ့ အချစ်တွေက ခွင့်လွတ် ရင်းနဲ
့ချစ်ခဲ့ခြင်းတွေပဲ ....။ အချစ်က ပုံစံအမျိုးမျိုးကိုပြောင်းလဲစေနိင်တယ်....။
မင်းရဲ့ အနားမှာနေဖို့ အတွက် ... ငါ့ဖြစ်ချင်တဲ့ အချစ်တခုကို ...
လိုက်လျောညီထွေရှိအောင် ပြောင်းလဲပြစ်ခဲ့တယ်...။
ငါစာရေးစရာမဟုတ်တာတော့သေချာတယ်... ဒါပေမယ့် မင်းအတွက် .ရေးခဲ့တဲ့စာတွေ
ကဗျာတွေ ကတော့ အများကြီးပဲ ... မင်းလေးဖတ်ဖြစ်ရဲ့ လားမသိဘူး ..ဒီမေးထဲက
drafts ထဲမှာ အခုတော့ ငါအကုန်ဖျက်ပြစ်ခဲပါပီ... မင်းကိုပြောချင်မိတိုင်း
record လုပ်ထားတဲ့ အသံဖိုင်လေးတွေ .အဲဒါတွေနဲ့ လဲငါမရူးချင်တော့ဘူး...။
ငါကဗျာမဆန်တက်ဘူး .ရိုမလုပ်တက်ဘူး.. ဒါပေမယ့် မင်းလေးကို စကားပြောရင် ငါ
အဲလိုစကားတွေ ငါ ပြောပြောထွက်လာတယ်..ငါ့ကိုငါလဲမသိပါဘူး...။နားလည်အောင်ပြောရင် ကြီးကြီးကျယ်ကျယ်တွေ ..လျောက်ပြောတက်တာပါ...ငါသိပါတယ်..။
ငါ့ရဲ့ အကြောက်ဆုံးက မင်းလေးစိတ်ညစ်နေပီ မပျော်ရွှင်မှာကို
အကြောက်ဆုံး..။ငါ့ရဲ့ အပျော်ဆုံးက တော့ ..အကြောက်ဆုံးရဲ့ ဆန့် ကျင်ဘက်ပဲ
...။ ငါကြိုးစားခဲ့တာက ..မင်းစီက အချစ်ကိုရဖို့ မဟုတ်ဘူး
..မင်းလေးအပေါ်မှာအကောင့်ဆုံးနာလည်ပေးနိုင်တဲ့သူတယောက်ဖြစ်ဖို့ ... ။
ဒါပေမယ့် လုံးဝဖြစ်မလာတာက .... မင်းလေးအပေါ်နားလည်သလိုလိုနဲ
့...ဘာမှနားမလည်ခဲ့တဲ့သူ..း( ။ ငါ့ရဲ့ အတောင်းတဆုံးအရာတခုက
...မင်းလေးဘေးမှာ .မင်းအလိုကျ အားလုံးကို လိုက်ဖြည့်ဆည်းပေးချင်တဲ့
စူပါမန်းဖြစ်ဖြစ်. ..မီခွက်စောင့်လေးဖြစ်ဖြစ်ပေါ့ .... ငါမင်းလေးကို
မပိုင်ဆိုင်ချင်ပါဘူး. ..ဒါပေမယ့် မင်းရဲ့ ဘေးမှာတော့ရှိနေချင်တယ်...ငါအမြဲတမ်းဆုတောင်းမိပါတယ်
... မင်းလေးကို လက်တွေ့ ဘဝမှာ တခါလောက်ဖြစ်ဖြစ် ..မြင်ခွင့်တွေ့ ဆုံခွင့်
ပေးပါလို့ ...။ တခါလောက်တွေ့ ရရင်ကို ကျေနပ်ပါတယ်...။ ငါဘာလို
့အဲလောက်တောင် မင်းလေးကိုစွဲလမ်းသွားလဲ .ငါမသိဘူး
..မင်းလေးကိုငါအရမ်းချစ်သလောက် ငါ့ကိုငါ အရမ်းမုန်းတယ်...း( .။
အားလုံးအတွက် ..ပေါ့..။ ငါဒီနေ့ ကိုမှတ်မိနေတုန်းပဲ ချစ်သူ ...။ တညလုံး
ဒီနေ့ လို ပဲ ငါမအိပ်ပဲနေပြီးတော့ မင်းနဲ့ အတူရှိနေခဲ့တာပေါ့ ....။
ဘာအဓိပ္ပါယ်မှမရှိတဲ့ အထိန်းအမှတ်တနေ့ လို ပါပဲ ...။ ငါ့ရဲ့ မျက်နှာမှာ
.ပြုံးနေခဲ့ပါတယ်.. မင်းလေးဆီက အချစ် အစိတ်အပိုင်းလေးတွေရခဲ့လို့ ...
ရင်ထဲမှာခံစားနေရပါတယ်... အဲဒါတွေဟာ ..ခဏတာပဲဖြစ်ခဲ့လို့ ...။
စိတ်ထဲမှာပျော်ရွှင်နေရတယ် မင်းလေးနဲ့ အတူတူရှိနေတဲ့အချိန်တွေကို
စဉ်းစားမိလို့..။ ဒေါသတွေဖြစ်နေခဲ့တယ်.... ဘာလို့ ကံကြမာ က ငါ့အတွက်
အဲလောက်တောင်ကံ ဆိုး၇သလဲလို့ ....။ ခံစားချက်တခုထပ်တိုးနေတယ်... မင်းကို
အမြဲတမ်းချစ်သွားမယ်လို့ ...။ ငါ့ရဲ့ စိတ်ကို ဘာနဲ့ ပဲဖြေဖြေ ....
ငါမင်းကိုအရမ်းချစ်တယ်. .စောက်၇မ်းချစ်တယ်... ငါ ခံစားရတာတွေ
မခံစားချင်တော့လို့ ရူးသွားချင်လောက်အောင်ကိုချစ်တယ်..။ငါအချစ်ဆိုတာကို
နားမလည်ဘူး.... ဒါပေမယ့်ငါ့ရဲ့ မသိစိတ်ကတော့ နားလည်မှာပါ ..ငါ့ရဲ
့နှလုံသား ..တစုံဟာ မင်းစီကလာတဲ့ လှိုင်းတွေကြောင့် အက်ကွဲခဲံရသလို
..မင်းစီကလာတဲ့ လေးညင်းလေးတွေကြောင့်ပြန်ပြီးတော့ ရှင်သန်လာစေတယ်... ။
ဘာလို့ လဲ .....ဘာလို့ လဲ .... ဘာလို့ လဲ....ငါကြားချင်နေတယ်.မင်းရဲ
့စကားသံတွေ.... မင်းပြောနေတဲ့စကားတွေငါအရမ်းကြားချင်တယ်...ချစ်သူရယ်....ငါမင်းလေးကို
နေ့ တိုင်းမြင်ခွင့် မင်းငါ့ကို ပေးထားပါတယ်....။ ဒါပေမ်ယ့ ခံစားချက်တွေ
မိုင်ပေါင်းများစွာ ဝေးကွာနေသလို ပဲ .။ ငါ စိတ်တဇ သမားတယောက်လို
ငါအရမ်းတောင်းတနေတယ်.်..ပြီးတော့အရမ်းလဲကြောက်နေတယ်....။ ငါ့စိတ်တွေကို ငါလွတ်ပြစ်လိုက်ရမလား.. လွတ်ပြစ်လိုက်၇င် ငါပျက်ဆီးသွားနိုင်တယ်....ချစ်သူရယ်...။မင်းလေးကြောင့်
ငါ တခုခုဖြစ်တယ်ဆိုပီးတော့ ... မင်းစိတ်မကောင်းစရာဖြစ်မယ့် ကိစ္စကိုတော့
ငါဘယ်တော့မှမလုပ်ပါဘူး....။ ငါ့ဘဝမှာ မင်းလေးနဲ့ ကျမှ ..ဘာနဲ
့မှမတူတဲ့ခံစားချက်တွေ ...ခံစားမှူ့ တွေ .ပျော်ရွှင်မှူ့ တွေ
ငါပိုင်ဆိုင်ခွင့်ရခဲ့တယ်.....။ ဘုရားရှင်ကို ကျေးဇူးတင်တယ်... မင်းလေး ကို
ငါ့ရဲ့ ရင်ခွင်ထဲမှာ ခဏတာ မှေးစက်ခွင့်ပြုလို့ .... အခု ဆိုရင်
မင်းလေးပြန်နိုးနေလောက်ပြီ .....။ နိုးလာခဲ့ရင် ..ငါ့ရင်ခွင်ကနေထွက်
သွားမှာ ငါသိနေတယ်...။ မထခင် လေးမှာ ..မင်းလေးကို ထိုင်ကြည့်နေတာ ..ငါ့ကို
နားလည်ပေးပါ....။ ငါစိုးရိမ်းတယ်.. မင်းလေး ငါ့ရင်ခွင်မှာအိပ်နေတုန်း
.ငါပါလိုက်အိပ်ပျော်သွားလို့ .. ငါပြန်နိုးလာတဲ့ချိန်မှာ ..မင်း
မရှိတော့မှာကို ...။။။း(((((( မသိတော့ဘူး......... ငါ့ရဲ့ အာရုံတွေ
ရီဝေဝေနဲ့ မင်းလေး ကိုအရမ်းလွမ်းတယ် ..မင်းလေးအသံ ကို .ကြားနေချင်တယ်....။
ချစ်သူရယ်.. ငါ့ကိုယ်ငါ မစဉ်းစားတက်တော့ဘူး ..ငါ ဟာ အသဲကွဲနေတာလား....
ခံစားနေရတာတွေက .... ဘာကြီးမှန်းမသိတော့ဘူး ...ဘာအတွက်အဲလိုဖြစ်နေတာလဲ
လဲမသိဘူး...မင်းလေးအကြောင်းကို အိပ်ယာပေါ်မှာ စဉ်းစားမိလိုက်တိုင်း
..ငါ့ခေါင်းအုန်းကို ငါ့ရဲ့ မျက်လုံးတဖက်က မျက်ရည်တစက် ပေးခဲ့တယ်...။
တခြားအချိန်တွေမှာ စဉ်းစားတိုင်း ငါ့ရဲ့ မျက်လုံးကို
..နေရာမျိုးစုံလိုက်ကြည့်နေရအောင် ..မျက်ရည်လည်မိတယ်....။
ငါဘာတွေပြောနေမှန်းလဲမသိတော့ဘူး .... ပင်ပန်းပီး အိပ်ရေးပျက်တာတွေများလို
့..ငါ ကျပ်မပြည့်တော့တာလားမသိပါဘူး... ။
ပင်မြင့်ထက်က အဝေးကပန်းလေးတပွင့်
မမှီနိုင် မခူးစွတ်နိုင် စွတ်နိုင်ရင်တောင် ငါ့အတွက်မဟုတ်တဲ့ ပန်းလေးတပွင့်
အဝေးကနေ ပဲ ဖူးမျှော်ပြီး...ဆုတောင်းနေဆဲ။
ပိုင်ဆိုင်ခွင့်ရမယ့်သူဟာ
အဲ့ဒီပန်းလေးကို ပန်းအိုးလှလှ နေရာလှလှလေးမှာ ..တင်ထားပြီးတော့
ညိုးနွမ်းခြောက်သွေ့ သွားပီး.... နောက်ဆုံး..ပန်းပွင့်ခြောက်ဖတ်လေးတွေကို ပါ ယုယမြတ်နိုး မယ့်သူ နဲ့ တွေ့ ပါစေလို့ ငါသတ်မှတ်ထားတဲ့ ငါ့အတွက် တကိုယ်တော် anniversary နေ့ မှာ ဆုတောင်းပေးးပါတယ်...
No comments:
Post a Comment