Thursday, May 17, 2012

တိုက်ဆိုင်လို့

အပြင်ကလန်းနေပေမဲ့ ရင်ထဲမှာ ခံးစားနေသူတို့ရဲ့အမူအရာများ..

၁၊ ဟမ်းဖုန်းကို လက်က မချတတ်ဘူး။
၂၊တခါတလေ ရယ်တာတောင် စိတ်မပါတပါနဲ့.... တစ်ခါတလေကျတော့ လုံးဝတိတ်ဆိတ်နေတတ်တယ်...
၃၊လူတွေ တစ်ယောက်ဆီအပေါ်မှာ တစ်မျိုးစီ သဘောထားတတ်တယ်။ လူတိုင်းကို အတူတူ မဆက်ဆံတတ်ဘူး...
၎။ စောင်ကို ဖက်ထားစရာ အဖော်အဖြစ်နှစ်သက်တတ်ကြတယ်...
၅။ကိစ္စတစ်ခုကို သတိရလိုက်တာနဲ့ ရုတ်တရက် မျက်ရည်ကျလွယ်တတ်တယ်...
၆။ လူတစ်ယောက်ရဲ့ စကားကြောင့် အလွယ်တကူ စိတ်ထိခိုက်သွားတတ်တယ်...
၇။ရုတ်တရက် စိတ်ထိခိုက်လွယ်တယ်...ဒေါသဖြစ်တယ်...ရုတ်တရက် ၀မ်းသာတတ်တယ်...
၈။သူငယ်ချင်းကို အလိုရှိတယ်... ဒါပေမဲ့ သူငယ်ချင်းက အနိုင်ကျင့်မှာလဲ စိုးရိမ်ပြန်တယ်...
၉။ ငယ်ငယ်တည်းက သဘောတရားများစွာကို အတွေ့အကြုံယူထားတတ်တယ်... အမှတ်ကြီးတတ်တယ်...
၁၀။အဆွေးသီချင်းတွေကို နားထောင်တာ သဘောကျတယ်
၁၁။ကိစ္စတစ်ခုကြောင့် အကြာကြီး စိတ်ထိခိုက်တတ်တယ်...
၁၂။လူတွေကို နှစ်သိမ့်ပေးတတ်ပေမဲ့... ဘယ်သူမှ ငါ့ကိုကျတော့ မနှစ်သိမ့်ပါလားလို့ ခံစားနေရတတ်တယ်...
၁၃။လက်ကိုင်ဖုန်းကို အမြဲကြည့်နေပြီး... မက်ဆေ့ခ်ျလာမှာကို စစ်နေတတ်တယ်...
၁၄။တခြားသူတွေနဲ့ မိမိနဲ့ ပြောတဲ့ စကားတွေ၊ notification တွေကို facebook နဲ့ chatting တွေမှာ မျှော်နေတတ်တယ်...
၁၅။အတိတ်ကို တမ်းတပြီး... အခုလက်ရှိကို မုန်းတီးတတ်တယ်...
၁၆။စကားတစ်ခွန်းကို သတိရတာနဲ့... အနီးဆုံးနေရာတစ်ခုမှာ ကောက်ရေးလေ့ရှိကြတယ်...
၁၇။သီချင်းကိုရုတ်တရက် ညည်းဆိုတတ်တယ်...
၁၈။တခါတလေ စိတ်ပါလက်ပါရှိပေမဲ့ တခါတလေ တိတ်ဆိတ်ငြိမ်သက်နေတတ်တယ်...

ဟန်ဆောင်အပြုံး












တစ်ယောက်ယောက်ကို သတိရတဲ့ အခါ အထီးကျန်ဆန်မှုကို ခံစားရတယ် ... 
လွမ်းဆွတ်တဲ့အခါ...စိတ်ထဲမှာ နာကျင်ကြေကွဲမှုကို ခံစားရတယ်.... 
တမ်းတခြင်းတွေနဲ့ တစ်စုံတစ်ယောက် ကို 
မျှော်နေရတဲ့ ညတွေဟာ ခါတိုင်းထက် အေးစက်စက်နိုင်လှတယ်...
အထီးကျန်ဆန်နေသူရဲ့ မျက်နှာဟာ ပြုံးရယ်နေပေမဲ့... 
ရင်ထဲမှာတော့ မျက်ရည်ကျနေတယ်လေ...

အဆုံးသတ်မှာ


တို့ နှစ်ယောက်ဆုံဆည်းခဲ့တဲ့  အခိုက်အတန့်လေးမှာ... 
အဆုံးသတ်တော့ ဘယ်သူပိုခံစားခဲ့ရတယ်လို့ထင်လဲ....

လူတယောက်ရှိတယ်

 
လူတစ်ယောက်ရှိတယ်...
သင့်ကို ချစ်တတ်အောင် သင်ပေးတယ်...
ဒါပေမဲ့ သူကတော့ သင့်ကို မချစ်ဘူး...

လူတစ်ယောက်ရှိတယ်...
စွန့်လွှတ်တော့မယ်လို့ သင်ပြောတဲ့သူဖြစ်တယ်...
ဒါပေမဲ့ သူမရှိရင် သင်မနေနိုင်ဘူး....

လူတစ်ယောက်ရှိတယ်...
သင် တကယ့်ကို ပျော်စေချင်တဲ့သူဖြစ်တယ်...
ဒါပေမဲ့ သင့်မှာတော့ ၀မ်းနည်းခြင်းတွေနဲ့ နှစ်ပါးသွားရတယ်...

လူတစ်ယောက်ရှိတယ်...
သူသာ စွန့်ခွာသွားရင် သင်ပျော်မယ် ဆိုတဲ့သူဖြစ်တယ်...
ဒါပေမဲ့ သူတစ်ချက်လှည့်ကြည့်တာနဲ့...သင့်မှာ ရှိုက်ကြီးတငင် ငိုမိပြန်တယ်...♥♥♥

ချစ်သူနှစ်ဦး လမ်းခွဲ စကား


ကောင်မလေး။ ။ နင်နဲ့စေ့စပ်ထားတဲ့ ကောင်မလေးက လှတယ်နော် ( ကောင်မလေး စိတ်ထဲကတော့ စဉ်းစားတယ်... သူကငါ့ထက် တကယ်လှတာလား )
ကောင်လေး။ ။အင်း လှတာပေါ့..( ကောင်လေး စဉ်းစားတယ်... ငါသိတဲ့ မိန်းကလေးတွေထဲမှာ မင်းက အလှဆုံးပါပဲ)
ကောင်မလေး။ ။ ငါကြားတာက သူက ပျော်တတ်ပြီး ချစ်စရာကောင်းတယ်နော်....(ဒါတွေအားလုံးငါ့မှာမရှိဘူးလေ... )
ကောင်လေး။ ။ဟုတ်တယ်..(ဒါပေမဲ့ သူက နင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူးဟာ)
ကောင်မလေး။ ။ ငါမျှော်လင့်ပါတယ်.. နင်တို့ထာဝရလက်တွဲနိုင်ပါစေ...(ငါတို့တော့ လက်မတွဲနိုင်ခဲ့ကြဘူး)
ကောင်လေး။ ။နင်လဲ ထပ်တူဖြစ်ပါစေ( နင်နဲ့ ငါတို့နှစ်ယောက်ကို ပြောတာလား ကွယ်...)
ကောင်မလေး။ ။ ကောင်းပြီ ငါသွားတော့မယ်( ငိုချင်နေပြီ)
ကောင်လေး ။ ။ ငါလဲ သွားတော့မယ် (မင်း မျက်ရည်မကျဘူးလို့ ငါမျှော်လင့်ပါတယ်)
ကောင်မလေး။ ။တာ့တာ ( ငါနင့်ကို ချစ်နေဆဲ... တမ်းတနေဆဲပါ)

Monday, May 14, 2012

ငါဆိုတဲ့ငါ

 
ရင်ထဲမှ ဆစ်ဆစ်နဲ့ နာကျင်နေတဲ့ ငါနှလုံးသားလေး
ဟန်ဆောင်မှုတွေနဲ့ပြည့်နက်နေတဲ့ ငါမျက်နှာ
စိတ်မပါဘဲ ပြုံးပြနေရတဲ့ ငါရဲ့အပြုံး ..
လူမသိသူမသိဘဲ ငိုကြွေးပေးနေရတဲ့ ငါမျက်လုံး..
တိုးတက်မှုမရှိဘဲနဲ့ ဖြုန်းပစ်နေရတဲ့ ငါရဲ့အချိန်.
ငါဟာတော်တော်ပြောင်းလဲနေတဲ့ငါ
ပေါ့ပေါ့လေးတွေးတတ်ခဲ့မိတဲ့ ငါ
ဒေါသကိုရှေ့မှာထားတတ်တဲ့ ငါ ..
ငါဆိုတဲ့ငါက
ငါစိတ်ကိုငါမပိုင်
အခုတော့ နောက်ပြန်လှည့်မရ
ရှေ့ဆက်တိုးဖို့အတွက် စိတ်မပါတပါနဲ့
ဆက်လှမ်းရမဲ့ ငါခြေလှမ်း
ကဲ လာထားစမ်း
ငါဘ၀နဲ့ငါရှိပါစေတော့လေ ..


တနေ့တနေ့

 
တစ်နေ့တစ်နေ့..ဒီလိုပဲ ..အိပ်မောကျလိုက်..
လန့်လန့်နိုးလိုက်နဲ့....မဖြစ်သင့်တဲ့..ပန်းချီကား...တစ်ချပ်ကို
ရေးဆွဲမလို့ကြိုးစားတိုင်း..အဆိပ်သင့်တာလား...ဒုန်းခနဲဆို....ငါ့မျက်နှာကိုလာစင်တယ်
ကြည့်လိုက်တော့....အချိန်တစ်ခုနဲ့ မယုံကြည်မှုတစ်ချို့......