Saturday, May 12, 2012

ကျမရဲ့ မေမေ

 
ကျမရဲ့ မေမေ . အမြဲတမ်းစိတ်ဆိုးတာနဲ့ .. ကိုယ်လမ်းကိုလျှောက်ကြတော့ဟေးးးးးး အမြဲတမ်းဆူပူကြိမ်းမောင်းတတ်တဲ့မေမေ
အပြင်သွားတာနဲ့ ဖုန်းကို ခနခန ခေါ်တတ်တဲ့ မေမေ
အလုပ်က နောက်ကျမှပြန်လာရမုန်းသိရဲ့သားနဲ့ မအိပ်ဘဲစောင့်နေတတ်တဲ့ မေမေ ..
မျက်နှာတချက်ပျက်တာနဲ့ ချက်ချင်းသိတဲ့ မေမေ
အခန်းထဲမှာ ခနခန လာလာချောင်းတတ်တဲ့ မေမေ
ကျမ ချစ်တဲ့ချစ်သူကို လက်ခံစကားပြောပေးတဲ့ မေမေ
ကျမ အိမ်က ထွက်သွားမှာကို မလိုလားတဲ့ မေမေ
သူငယ်ချင်းလို့ပေါင်းသင်းဆက်ဆံပေးတတ်တဲ့ မေမေ ..
Idea တွေ လိုချင်လား ချက်ချင်းပေးတတ်တဲ့ မေမေ
ကျမအကြိုက် ဟင်းတွေကိုချက်ကျွေးတတ်တဲ့ မေမေ...
ကျမ ကြိုက်နှစ်သက်တဲ့ အရာမုန်းသမျှကို မှတ်သားပြီ လမ်းကြုံ၇င် ကြုံသလို့ ကျမအတွက် ၀ယ်ပေးတတ်တဲ့ မေမေ ..
အသဲကွဲတဲ့အချိန်မှာ အနားမှာနေပြီ အားပေးနှစ်သိမ့်ပေးတဲ့ မေမေ..
အမှတ်ကျသွားရင် ချက်ချင်းမျက်နှာပျက်ပြီ တွေက၇ာ ခွက်နဲ့ကောက်ပေါက်တဲ့ မေမေ ..
ဘယ်သူတွေဘာပြောပြော သမီးစိတ်ဆင်းရဲမှာကို မလိုလားတဲ့ မေမေ ..
ကျမ စိတ်ဆိုးအော်ပြောမိ၇င် စိတ်မကောင်းစွာနဲ့ ဘာမှပြန်မပြောတော့ဘဲ တိတ်တဆိတ်နေပေးတဲ့ မေမေ ..
သမီးမှားတာရှိရင်ခွင့်လွတ်ပေးပါ မေမေရယ် ။။
မေမေ ကျမကိုချစ်တဲ့အချစ်က ဘယ်သူမှမယှဉ်နိုင်ပါဘူး မေမေရယ် ..

No comments:

Post a Comment