Friday, May 11, 2012

မင်းနဲ့ငါ

 
ရင်ထဲမှာ မီးတောက်သွားခဲ့တယ်
သိလိုက်ရပြီ မင်းမှာနောက်တယောက်ရနေပြီဆိုတာကို .
ချက်ချင်းစဉ်းစားလိုက်မိတာက
ငါ သူကို control ရမလား .. စိတ်တွေက ဂယောင်ဂချားဖြစ်နေတုန်းမှာ
ငါဘေးမှာရှိနေတယ် (သူသိနေတဲ့ ငါချစ်သူ) ငါကို ယုယစွာနဲ့ချစ်နေတဲ့ ငါချစ်သူမျက်နှာကိုမြင်လိုက်ရတော့
ငါစိတ်ကို ငါဖြေမိတယ်.. အော်မင်းလဲ မင်းအတွက် မင်းရှာထားပြီပြီဆိုတော့ ..
ငါလဲ မင်းအတွက် မဖြစ်နိုင်တော့ဘူးဆိုတာ မင်းလက်ခံခဲ့ပြီလေ .
ငါ မင်းကိုဘာမှာထပ်မပြောချင်တော့ဘူး .. ဘာဆိုဘာမှမမြင်ချင်တော့လို့ . မင်းပေးခဲ့တဲ့အကောင့် တွေ အားလုံးကို ငါ ဖျက်ပစ်ခဲ့တယ်
ငါမမှားဘူး .. ငါရွေးချယ်ဖို့ပြင်ဆင်ချိန်မှာ မင်းကိုငါသတိရခဲ့တယ် မင်းဘာများလုပ်နေလဲဆိုတဲ့အသိလေးနဲ့ ငါဝင်ကြည့်ခဲ့တယ် ငါကိုပြောခဲ့ဖူးတဲ့ အပြောနဲ့ မင်းလုပ်နေတဲ့အလုပ်တွေက ငါစိတ်ကို နာစေတယ် ..
မင်းလဲမင်းလျှောက်တတ်နေပြီဆိုတဲ့အသိနဲ့ . ငါချစ်သူ (မင်းသိနေတဲ့ ငါချစ်သူ)လက်ထပ်ခွင့်တောင်းခဲ့တယ်..
ငါ မင်းရဲ့ နောက်တယောက် ရတာကို ငါမမြင်ခဲ့ရင် ငါချစ်သူတောင်းဆိုတဲ့ လက်ထပ်ခွင့်ကိုငြင်းဆန်မိမှာအမှန်ပါဘဲ . ဒါမဲ့ မင်းရဲ့လုပ်ရပ်က ငါကို ဟားတိုက်နေသလိုခံစားရလို့ .. ငါကိုယ်တိုင် လက်မခံချင်တဲ့ လက်ထပ်ခွင့်ကို လက်ခံလိုက်ပြီ .. ငါသူကို မချစ်အောင် နေခဲ့ငါနှလုံးသားလေးကို ငါပေးလိုက်ပြီ ငါသူကို မင်းအစား ငါချစ်သူကို ငါချစ်ပြစ်လိုက်ပြီ ..
ငါအရမ်းစိတ်နာတယ် မင်းကိုလဲ ငါမုန်းတယ် . ငါကိုပြောခဲ့တဲ့မျှော့်လင့်ချက်တွေ မင်းအပြော မင်းအမူအယာတွေက ငါအတွက် ရူးခဲ့စေတယ် .. မင်းအကြောင်းကိုဘဲစဉ်းစားနေတဲ့ ဦးနှောက်ကို ဆေးကြောပစ်လိုက်ပြီ . မင်းပျော်ရွင်ပါစေ . မင်းလိမ်ညာပြီပြောခဲ့တဲ့စကားတွေကိုအားလုံးအတွက် ကျေးဇူးတင်ပါတယ် . မင်းလဲ ငါကို စွန့်လွတ်လိုက်ရလို့ ၀မ်းမနဲပါနဲ့. မင်းလက်ရှိတွဲနေတဲ့ကောင်မလေးလဲ မင်းကို ငါထက် ပိုချစ်နိုင်မယ်လို့ မျော့်လင်ပါတယ် . ..

မဆိုင်တော့တဲ့သူတယောက်အတွက် ..

No comments:

Post a Comment