Friday, May 11, 2012

ိတိတ်တဆိတ်

တိတ် တဆိတ်တော့နင် ထွက် သွားမယ်ဆိုရင်
ငါ့ ရင် ဘတ် ပေါ်မှာ အလွမ်းခြေရာတွေနဲ့
သံယောဇဉ်..မပေးခဲ့ပါနဲ့ နော်..
ငါတစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့အခါ
အလွမ်းတွေကို တစိမ့်စိမ့် မကြည့်ချင်လို့ပါ
နာကျည်းခြင်း ကြက်ခြေခတ်နဲ့လည်းမခြစ်ခဲ့ပါနဲ့နော်
ငါတစ်ယောက်တည်း နေတဲ့အခါ
အချစ်က အမုန်း ဖြစ် သွားမှာစိုးလို့ပါ....
ဒီအတိုင်းပဲ အဖြူရောင် သံယောဇဉ်လေးကို
အရောင်မဆိုးပဲ ...ထားပီရင်ခုန်တတ်တဲ့
နှလုံးသားတံခါးကို ပိတ် ခဲ့ပါနော်....

No comments:

Post a Comment