Monday, May 14, 2012

ငါဆိုတဲ့ငါ

 
ရင်ထဲမှ ဆစ်ဆစ်နဲ့ နာကျင်နေတဲ့ ငါနှလုံးသားလေး
ဟန်ဆောင်မှုတွေနဲ့ပြည့်နက်နေတဲ့ ငါမျက်နှာ
စိတ်မပါဘဲ ပြုံးပြနေရတဲ့ ငါရဲ့အပြုံး ..
လူမသိသူမသိဘဲ ငိုကြွေးပေးနေရတဲ့ ငါမျက်လုံး..
တိုးတက်မှုမရှိဘဲနဲ့ ဖြုန်းပစ်နေရတဲ့ ငါရဲ့အချိန်.
ငါဟာတော်တော်ပြောင်းလဲနေတဲ့ငါ
ပေါ့ပေါ့လေးတွေးတတ်ခဲ့မိတဲ့ ငါ
ဒေါသကိုရှေ့မှာထားတတ်တဲ့ ငါ ..
ငါဆိုတဲ့ငါက
ငါစိတ်ကိုငါမပိုင်
အခုတော့ နောက်ပြန်လှည့်မရ
ရှေ့ဆက်တိုးဖို့အတွက် စိတ်မပါတပါနဲ့
ဆက်လှမ်းရမဲ့ ငါခြေလှမ်း
ကဲ လာထားစမ်း
ငါဘ၀နဲ့ငါရှိပါစေတော့လေ ..


No comments:

Post a Comment