Thursday, May 17, 2012

ချစ်သူနှစ်ဦး လမ်းခွဲ စကား


ကောင်မလေး။ ။ နင်နဲ့စေ့စပ်ထားတဲ့ ကောင်မလေးက လှတယ်နော် ( ကောင်မလေး စိတ်ထဲကတော့ စဉ်းစားတယ်... သူကငါ့ထက် တကယ်လှတာလား )
ကောင်လေး။ ။အင်း လှတာပေါ့..( ကောင်လေး စဉ်းစားတယ်... ငါသိတဲ့ မိန်းကလေးတွေထဲမှာ မင်းက အလှဆုံးပါပဲ)
ကောင်မလေး။ ။ ငါကြားတာက သူက ပျော်တတ်ပြီး ချစ်စရာကောင်းတယ်နော်....(ဒါတွေအားလုံးငါ့မှာမရှိဘူးလေ... )
ကောင်လေး။ ။ဟုတ်တယ်..(ဒါပေမဲ့ သူက နင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူးဟာ)
ကောင်မလေး။ ။ ငါမျှော်လင့်ပါတယ်.. နင်တို့ထာဝရလက်တွဲနိုင်ပါစေ...(ငါတို့တော့ လက်မတွဲနိုင်ခဲ့ကြဘူး)
ကောင်လေး။ ။နင်လဲ ထပ်တူဖြစ်ပါစေ( နင်နဲ့ ငါတို့နှစ်ယောက်ကို ပြောတာလား ကွယ်...)
ကောင်မလေး။ ။ ကောင်းပြီ ငါသွားတော့မယ်( ငိုချင်နေပြီ)
ကောင်လေး ။ ။ ငါလဲ သွားတော့မယ် (မင်း မျက်ရည်မကျဘူးလို့ ငါမျှော်လင့်ပါတယ်)
ကောင်မလေး။ ။တာ့တာ ( ငါနင့်ကို ချစ်နေဆဲ... တမ်းတနေဆဲပါ)

No comments:

Post a Comment