Thursday, May 17, 2012

တိုက်ဆိုင်လို့

အပြင်ကလန်းနေပေမဲ့ ရင်ထဲမှာ ခံးစားနေသူတို့ရဲ့အမူအရာများ..

၁၊ ဟမ်းဖုန်းကို လက်က မချတတ်ဘူး။
၂၊တခါတလေ ရယ်တာတောင် စိတ်မပါတပါနဲ့.... တစ်ခါတလေကျတော့ လုံးဝတိတ်ဆိတ်နေတတ်တယ်...
၃၊လူတွေ တစ်ယောက်ဆီအပေါ်မှာ တစ်မျိုးစီ သဘောထားတတ်တယ်။ လူတိုင်းကို အတူတူ မဆက်ဆံတတ်ဘူး...
၎။ စောင်ကို ဖက်ထားစရာ အဖော်အဖြစ်နှစ်သက်တတ်ကြတယ်...
၅။ကိစ္စတစ်ခုကို သတိရလိုက်တာနဲ့ ရုတ်တရက် မျက်ရည်ကျလွယ်တတ်တယ်...
၆။ လူတစ်ယောက်ရဲ့ စကားကြောင့် အလွယ်တကူ စိတ်ထိခိုက်သွားတတ်တယ်...
၇။ရုတ်တရက် စိတ်ထိခိုက်လွယ်တယ်...ဒေါသဖြစ်တယ်...ရုတ်တရက် ၀မ်းသာတတ်တယ်...
၈။သူငယ်ချင်းကို အလိုရှိတယ်... ဒါပေမဲ့ သူငယ်ချင်းက အနိုင်ကျင့်မှာလဲ စိုးရိမ်ပြန်တယ်...
၉။ ငယ်ငယ်တည်းက သဘောတရားများစွာကို အတွေ့အကြုံယူထားတတ်တယ်... အမှတ်ကြီးတတ်တယ်...
၁၀။အဆွေးသီချင်းတွေကို နားထောင်တာ သဘောကျတယ်
၁၁။ကိစ္စတစ်ခုကြောင့် အကြာကြီး စိတ်ထိခိုက်တတ်တယ်...
၁၂။လူတွေကို နှစ်သိမ့်ပေးတတ်ပေမဲ့... ဘယ်သူမှ ငါ့ကိုကျတော့ မနှစ်သိမ့်ပါလားလို့ ခံစားနေရတတ်တယ်...
၁၃။လက်ကိုင်ဖုန်းကို အမြဲကြည့်နေပြီး... မက်ဆေ့ခ်ျလာမှာကို စစ်နေတတ်တယ်...
၁၄။တခြားသူတွေနဲ့ မိမိနဲ့ ပြောတဲ့ စကားတွေ၊ notification တွေကို facebook နဲ့ chatting တွေမှာ မျှော်နေတတ်တယ်...
၁၅။အတိတ်ကို တမ်းတပြီး... အခုလက်ရှိကို မုန်းတီးတတ်တယ်...
၁၆။စကားတစ်ခွန်းကို သတိရတာနဲ့... အနီးဆုံးနေရာတစ်ခုမှာ ကောက်ရေးလေ့ရှိကြတယ်...
၁၇။သီချင်းကိုရုတ်တရက် ညည်းဆိုတတ်တယ်...
၁၈။တခါတလေ စိတ်ပါလက်ပါရှိပေမဲ့ တခါတလေ တိတ်ဆိတ်ငြိမ်သက်နေတတ်တယ်...

ဟန်ဆောင်အပြုံး












တစ်ယောက်ယောက်ကို သတိရတဲ့ အခါ အထီးကျန်ဆန်မှုကို ခံစားရတယ် ... 
လွမ်းဆွတ်တဲ့အခါ...စိတ်ထဲမှာ နာကျင်ကြေကွဲမှုကို ခံစားရတယ်.... 
တမ်းတခြင်းတွေနဲ့ တစ်စုံတစ်ယောက် ကို 
မျှော်နေရတဲ့ ညတွေဟာ ခါတိုင်းထက် အေးစက်စက်နိုင်လှတယ်...
အထီးကျန်ဆန်နေသူရဲ့ မျက်နှာဟာ ပြုံးရယ်နေပေမဲ့... 
ရင်ထဲမှာတော့ မျက်ရည်ကျနေတယ်လေ...

အဆုံးသတ်မှာ


တို့ နှစ်ယောက်ဆုံဆည်းခဲ့တဲ့  အခိုက်အတန့်လေးမှာ... 
အဆုံးသတ်တော့ ဘယ်သူပိုခံစားခဲ့ရတယ်လို့ထင်လဲ....

လူတယောက်ရှိတယ်

 
လူတစ်ယောက်ရှိတယ်...
သင့်ကို ချစ်တတ်အောင် သင်ပေးတယ်...
ဒါပေမဲ့ သူကတော့ သင့်ကို မချစ်ဘူး...

လူတစ်ယောက်ရှိတယ်...
စွန့်လွှတ်တော့မယ်လို့ သင်ပြောတဲ့သူဖြစ်တယ်...
ဒါပေမဲ့ သူမရှိရင် သင်မနေနိုင်ဘူး....

လူတစ်ယောက်ရှိတယ်...
သင် တကယ့်ကို ပျော်စေချင်တဲ့သူဖြစ်တယ်...
ဒါပေမဲ့ သင့်မှာတော့ ၀မ်းနည်းခြင်းတွေနဲ့ နှစ်ပါးသွားရတယ်...

လူတစ်ယောက်ရှိတယ်...
သူသာ စွန့်ခွာသွားရင် သင်ပျော်မယ် ဆိုတဲ့သူဖြစ်တယ်...
ဒါပေမဲ့ သူတစ်ချက်လှည့်ကြည့်တာနဲ့...သင့်မှာ ရှိုက်ကြီးတငင် ငိုမိပြန်တယ်...♥♥♥

ချစ်သူနှစ်ဦး လမ်းခွဲ စကား


ကောင်မလေး။ ။ နင်နဲ့စေ့စပ်ထားတဲ့ ကောင်မလေးက လှတယ်နော် ( ကောင်မလေး စိတ်ထဲကတော့ စဉ်းစားတယ်... သူကငါ့ထက် တကယ်လှတာလား )
ကောင်လေး။ ။အင်း လှတာပေါ့..( ကောင်လေး စဉ်းစားတယ်... ငါသိတဲ့ မိန်းကလေးတွေထဲမှာ မင်းက အလှဆုံးပါပဲ)
ကောင်မလေး။ ။ ငါကြားတာက သူက ပျော်တတ်ပြီး ချစ်စရာကောင်းတယ်နော်....(ဒါတွေအားလုံးငါ့မှာမရှိဘူးလေ... )
ကောင်လေး။ ။ဟုတ်တယ်..(ဒါပေမဲ့ သူက နင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူးဟာ)
ကောင်မလေး။ ။ ငါမျှော်လင့်ပါတယ်.. နင်တို့ထာဝရလက်တွဲနိုင်ပါစေ...(ငါတို့တော့ လက်မတွဲနိုင်ခဲ့ကြဘူး)
ကောင်လေး။ ။နင်လဲ ထပ်တူဖြစ်ပါစေ( နင်နဲ့ ငါတို့နှစ်ယောက်ကို ပြောတာလား ကွယ်...)
ကောင်မလေး။ ။ ကောင်းပြီ ငါသွားတော့မယ်( ငိုချင်နေပြီ)
ကောင်လေး ။ ။ ငါလဲ သွားတော့မယ် (မင်း မျက်ရည်မကျဘူးလို့ ငါမျှော်လင့်ပါတယ်)
ကောင်မလေး။ ။တာ့တာ ( ငါနင့်ကို ချစ်နေဆဲ... တမ်းတနေဆဲပါ)

Monday, May 14, 2012

ငါဆိုတဲ့ငါ

 
ရင်ထဲမှ ဆစ်ဆစ်နဲ့ နာကျင်နေတဲ့ ငါနှလုံးသားလေး
ဟန်ဆောင်မှုတွေနဲ့ပြည့်နက်နေတဲ့ ငါမျက်နှာ
စိတ်မပါဘဲ ပြုံးပြနေရတဲ့ ငါရဲ့အပြုံး ..
လူမသိသူမသိဘဲ ငိုကြွေးပေးနေရတဲ့ ငါမျက်လုံး..
တိုးတက်မှုမရှိဘဲနဲ့ ဖြုန်းပစ်နေရတဲ့ ငါရဲ့အချိန်.
ငါဟာတော်တော်ပြောင်းလဲနေတဲ့ငါ
ပေါ့ပေါ့လေးတွေးတတ်ခဲ့မိတဲ့ ငါ
ဒေါသကိုရှေ့မှာထားတတ်တဲ့ ငါ ..
ငါဆိုတဲ့ငါက
ငါစိတ်ကိုငါမပိုင်
အခုတော့ နောက်ပြန်လှည့်မရ
ရှေ့ဆက်တိုးဖို့အတွက် စိတ်မပါတပါနဲ့
ဆက်လှမ်းရမဲ့ ငါခြေလှမ်း
ကဲ လာထားစမ်း
ငါဘ၀နဲ့ငါရှိပါစေတော့လေ ..


တနေ့တနေ့

 
တစ်နေ့တစ်နေ့..ဒီလိုပဲ ..အိပ်မောကျလိုက်..
လန့်လန့်နိုးလိုက်နဲ့....မဖြစ်သင့်တဲ့..ပန်းချီကား...တစ်ချပ်ကို
ရေးဆွဲမလို့ကြိုးစားတိုင်း..အဆိပ်သင့်တာလား...ဒုန်းခနဲဆို....ငါ့မျက်နှာကိုလာစင်တယ်
ကြည့်လိုက်တော့....အချိန်တစ်ခုနဲ့ မယုံကြည်မှုတစ်ချို့......

ပေးဆပ်ခြင်း

 
“After all this time, after being by your side and always looking after you I failed to make a place for myself deep within your heart.” -Takeuchi Masafumin
မထွက်ပါဘူးဆိုမှ..ကျောက်ခဲရေညှစ်နေသလိုပဲ..အားနာပါးနာနဲ့...ကျောက်ခဲကရေနည်းနည်း
လေးတော့ထွက်ပေးနေတာလား...ရရက်နဲ့ မပျော်နိုင်ပါဘူး....ကြေကွဲနေရသလိုပဲနေ့စဉ်..
ချောင်းလား..မြစ်လား...ရေတော့စီးနေတာပဲ...ငါတို့အချစ်က အဲလိုဖြစ်နေတာလား..ချစ်သူ
ပိုင်ဆိုင်ခွင့်လည်းမရှိသေးလို..ပေးဆပ်ခြင်းဆိုတာလည်းမဆိုစလောက်လေးပဲ....
ဒါပေမဲ့..ချစ်တယ်ဆိုတာသာ.ပေးဆပ်ခြင်းလို့ မှတ်ယူလိုက်ရင်...ငါမင်းအတွက်ပေးဆပ်ခြင်းက
ဆယ်ကမ္ဘာလောက်ရှိနေပြီချစ်သူ......♥♥♥

ဆုတောင်းရင်းနဲ့

 banananyo:

一人遊び
တစ်နေ့ ငါတို့ ပြန် တွေ့ဖြစ်မယ်ဆိုရင်
အဲ ဒီနေ့ က ငါအပျော်ဆုံး ပဲဖြစ် မှာပါ....
ငါ တို့ ပြန် တွေ့ ခွင့် ရ နိုင် မှာပါ.....ငါ ဆုတောင်းနေမယ်..

မေ့ပစ်

 
ဖြတ်သန်းခဲ့တဲ့အတိတ်တွေကို
မေ့ပစ်ထားပြီးတော့...
ရောက်မလာသေးတဲ့အနာဂတ်ကို
တွေးပူမနေတော့ပါဘူး.....။

နင်ပျော်ပါစေ

 
ငါ နင့်ကြောင့်မငိုဘူးဆိုပြီး အားတင်းထားပေမဲ့
မျက်ရည်အလိုလိုကျမိလာတယ်
နင့် အကြောင်းတွေ မသိချင်ယောင်ဆောင်နေပေမဲ့
ငါ့စိတ်ထဲ အလိုလို ရောက်လာတယ်
ငါကိုယ်တိုင်ဖန်တီးတာမဟုတ်ပဲ
ရောက်လာတဲ့ ကံကြမာကို ငါကိုယ်တိုင်ပြန်လှည့်စားလိုက်ပါ့မယ် 
နင်ပျော်ပါစေဟာ

ထောင်ကျပြီ

 
ဘာတဲ့လဲ
ချစ်တယ်တဲ့လား .
ငါမြင်ရသတဲ့လား
ငါယုံကြည့်ရမှာတဲ့လား

ငါရဲ့ခံစားချက်
မင်းနဲ့ကျမှာထုတ်ဖော်ခွင့်တောင်မရှိတော့အခြေအနေ
မင်းလဲမင်းရဲ့ထင်မြင်ချက်
ငါလဲငါရဲ့ထင်မြင်ချက်
နှစ်ဦးနှစ်ယောက်ရဲ့ထင်မြင်ချက်ကို
ထုတ်ဖော်ခွင့်မရှိ..
နားလည်မှုတွေလွဲ
ဒီလိုနဲ့ရှေ့ဆက်
ဘယ်မှာလဲ ကတိစကားတွေ
ဘယ်မှာလဲ ဆုံစည်းခွင့်
ဘယ်မှာလဲ သစ္စာတရား..
ဘယ်မှာလဲ ဘယ်မှာလဲ 

ငါဆီပြန်လှည့်ပါလို့
မတောင်းဆိုပါဘူး
ငါပြန်လာနိုင်မယ်ဆိုတဲ့
အာမခံချက်က
အလင်းမရှိတဲ့အခန်းထဲမှာ
ထောင်ချခဲ့ပြီ ..

 

Sunday, May 13, 2012

ငှက်ကလေး

 
တကယ်တမ်းစိတ်ကူးယဉ်ဖူးခဲ့တဲ့အိပ်မက်ငှက်ကလေးကို
လက်တွေ့မှာ ဖမ်းဖို့ဆိုတာမလွယ်သလို ရနိုင်ဖို့ဆိုတာလဲ မဖြစ်နိုင်ပါဘူး..
အပြင်မှာပျံနေတဲ့ငှက်ကလေးကိုတာ ဖမ်းပြီ 
စိတ်ကူးယဉ်အိပ်မက်ငှက်လေးတိုင်းဖြစ်အောင် 
အချိန်ယူ ပုံသွင်းရမှာပေါ့.

Saturday, May 12, 2012

love him

အဲလောက်ထိ ဘေ ကို အလိုလိုက်မယ်လို့လဲ မထင်ခဲ့မိဘူး 
ဘေ စိတ်တိုင်းကျ ဖြည့်စွက်ပေးတယ် 
ဘေ ဘဘောအတိုင်း နေပေးခဲ့တယ် 
ဘေ စိတ်ညစ်မှာကို မကြည့်ရက်တဲ့ ကိုကို 
ဘေ မှလွဲပြီ ဘယ်သူကိုမှမချစ်ပါဘူးလို့ပြောတဲ့ ကိုကို 
ဘေ ကိုကိုချစ်ရတာ ကံကောင်းတယ်လို့ ဘေကိုယ်တိုင် ခံစားရပါတယ် ကိုကိုရယ် .. 
ကိုကိုကလွဲပြီ ဘေ ဘယ်သူကိုမှမချစ်တော့ပါဘူး .. 
ဘေ မာနတွေ ကိုကိုနဲ့တွေမှာ အငွေ့ဖြစ်ကုန်ပြီ ကိုကို . 
ရမ်းချစ်တယ်ကွာ..
 


မင်းကိုမုန်းတယ် 

ကျမရဲ့ မေမေ

 
ကျမရဲ့ မေမေ . အမြဲတမ်းစိတ်ဆိုးတာနဲ့ .. ကိုယ်လမ်းကိုလျှောက်ကြတော့ဟေးးးးးး အမြဲတမ်းဆူပူကြိမ်းမောင်းတတ်တဲ့မေမေ
အပြင်သွားတာနဲ့ ဖုန်းကို ခနခန ခေါ်တတ်တဲ့ မေမေ
အလုပ်က နောက်ကျမှပြန်လာရမုန်းသိရဲ့သားနဲ့ မအိပ်ဘဲစောင့်နေတတ်တဲ့ မေမေ ..
မျက်နှာတချက်ပျက်တာနဲ့ ချက်ချင်းသိတဲ့ မေမေ
အခန်းထဲမှာ ခနခန လာလာချောင်းတတ်တဲ့ မေမေ
ကျမ ချစ်တဲ့ချစ်သူကို လက်ခံစကားပြောပေးတဲ့ မေမေ
ကျမ အိမ်က ထွက်သွားမှာကို မလိုလားတဲ့ မေမေ
သူငယ်ချင်းလို့ပေါင်းသင်းဆက်ဆံပေးတတ်တဲ့ မေမေ ..
Idea တွေ လိုချင်လား ချက်ချင်းပေးတတ်တဲ့ မေမေ
ကျမအကြိုက် ဟင်းတွေကိုချက်ကျွေးတတ်တဲ့ မေမေ...
ကျမ ကြိုက်နှစ်သက်တဲ့ အရာမုန်းသမျှကို မှတ်သားပြီ လမ်းကြုံ၇င် ကြုံသလို့ ကျမအတွက် ၀ယ်ပေးတတ်တဲ့ မေမေ ..
အသဲကွဲတဲ့အချိန်မှာ အနားမှာနေပြီ အားပေးနှစ်သိမ့်ပေးတဲ့ မေမေ..
အမှတ်ကျသွားရင် ချက်ချင်းမျက်နှာပျက်ပြီ တွေက၇ာ ခွက်နဲ့ကောက်ပေါက်တဲ့ မေမေ ..
ဘယ်သူတွေဘာပြောပြော သမီးစိတ်ဆင်းရဲမှာကို မလိုလားတဲ့ မေမေ ..
ကျမ စိတ်ဆိုးအော်ပြောမိ၇င် စိတ်မကောင်းစွာနဲ့ ဘာမှပြန်မပြောတော့ဘဲ တိတ်တဆိတ်နေပေးတဲ့ မေမေ ..
သမီးမှားတာရှိရင်ခွင့်လွတ်ပေးပါ မေမေရယ် ။။
မေမေ ကျမကိုချစ်တဲ့အချစ်က ဘယ်သူမှမယှဉ်နိုင်ပါဘူး မေမေရယ် ..

Friday, May 11, 2012

နားခိုရာတခု


မင်းနဲ့ငါ

 
ရင်ထဲမှာ မီးတောက်သွားခဲ့တယ်
သိလိုက်ရပြီ မင်းမှာနောက်တယောက်ရနေပြီဆိုတာကို .
ချက်ချင်းစဉ်းစားလိုက်မိတာက
ငါ သူကို control ရမလား .. စိတ်တွေက ဂယောင်ဂချားဖြစ်နေတုန်းမှာ
ငါဘေးမှာရှိနေတယ် (သူသိနေတဲ့ ငါချစ်သူ) ငါကို ယုယစွာနဲ့ချစ်နေတဲ့ ငါချစ်သူမျက်နှာကိုမြင်လိုက်ရတော့
ငါစိတ်ကို ငါဖြေမိတယ်.. အော်မင်းလဲ မင်းအတွက် မင်းရှာထားပြီပြီဆိုတော့ ..
ငါလဲ မင်းအတွက် မဖြစ်နိုင်တော့ဘူးဆိုတာ မင်းလက်ခံခဲ့ပြီလေ .
ငါ မင်းကိုဘာမှာထပ်မပြောချင်တော့ဘူး .. ဘာဆိုဘာမှမမြင်ချင်တော့လို့ . မင်းပေးခဲ့တဲ့အကောင့် တွေ အားလုံးကို ငါ ဖျက်ပစ်ခဲ့တယ်
ငါမမှားဘူး .. ငါရွေးချယ်ဖို့ပြင်ဆင်ချိန်မှာ မင်းကိုငါသတိရခဲ့တယ် မင်းဘာများလုပ်နေလဲဆိုတဲ့အသိလေးနဲ့ ငါဝင်ကြည့်ခဲ့တယ် ငါကိုပြောခဲ့ဖူးတဲ့ အပြောနဲ့ မင်းလုပ်နေတဲ့အလုပ်တွေက ငါစိတ်ကို နာစေတယ် ..
မင်းလဲမင်းလျှောက်တတ်နေပြီဆိုတဲ့အသိနဲ့ . ငါချစ်သူ (မင်းသိနေတဲ့ ငါချစ်သူ)လက်ထပ်ခွင့်တောင်းခဲ့တယ်..
ငါ မင်းရဲ့ နောက်တယောက် ရတာကို ငါမမြင်ခဲ့ရင် ငါချစ်သူတောင်းဆိုတဲ့ လက်ထပ်ခွင့်ကိုငြင်းဆန်မိမှာအမှန်ပါဘဲ . ဒါမဲ့ မင်းရဲ့လုပ်ရပ်က ငါကို ဟားတိုက်နေသလိုခံစားရလို့ .. ငါကိုယ်တိုင် လက်မခံချင်တဲ့ လက်ထပ်ခွင့်ကို လက်ခံလိုက်ပြီ .. ငါသူကို မချစ်အောင် နေခဲ့ငါနှလုံးသားလေးကို ငါပေးလိုက်ပြီ ငါသူကို မင်းအစား ငါချစ်သူကို ငါချစ်ပြစ်လိုက်ပြီ ..
ငါအရမ်းစိတ်နာတယ် မင်းကိုလဲ ငါမုန်းတယ် . ငါကိုပြောခဲ့တဲ့မျှော့်လင့်ချက်တွေ မင်းအပြော မင်းအမူအယာတွေက ငါအတွက် ရူးခဲ့စေတယ် .. မင်းအကြောင်းကိုဘဲစဉ်းစားနေတဲ့ ဦးနှောက်ကို ဆေးကြောပစ်လိုက်ပြီ . မင်းပျော်ရွင်ပါစေ . မင်းလိမ်ညာပြီပြောခဲ့တဲ့စကားတွေကိုအားလုံးအတွက် ကျေးဇူးတင်ပါတယ် . မင်းလဲ ငါကို စွန့်လွတ်လိုက်ရလို့ ၀မ်းမနဲပါနဲ့. မင်းလက်ရှိတွဲနေတဲ့ကောင်မလေးလဲ မင်းကို ငါထက် ပိုချစ်နိုင်မယ်လို့ မျော့်လင်ပါတယ် . ..

မဆိုင်တော့တဲ့သူတယောက်အတွက် ..

လက်တစုံ

 
ငါ မျှော်လင့်မိ တဲ့လက် တစ် စုံ..
ဘယ်တော့ များ လဲ...
သူ့ အတွက်ပဲ ပူပန် နေရ..
သူနဲ့ဝေးရာ မှာနေရင်း..မတွေ့ရ ချိန် တိုင်း
မင်း အကြောင်းလေး အမြဲ တွေး တောနေမိတယ်
မဖြစ် သင့်တာကို ငါ လုပ် မိခဲ့တယ်ဆိုရင်
မင်းကိုချစ်တဲ့ အချစ် အတွက် ငါ နောင်တရ မှာမဟုတ်ဘူး..
မင်းကို ပိုင်ဆိုင် ခွင့်မရတဲ့ ဒီ ဘ၀ အတွက်တော့....
ဒီ အတိုင်းလေး အဝေးက ချစ်နေရုံပါ.

ိတိတ်တဆိတ်

တိတ် တဆိတ်တော့နင် ထွက် သွားမယ်ဆိုရင်
ငါ့ ရင် ဘတ် ပေါ်မှာ အလွမ်းခြေရာတွေနဲ့
သံယောဇဉ်..မပေးခဲ့ပါနဲ့ နော်..
ငါတစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့အခါ
အလွမ်းတွေကို တစိမ့်စိမ့် မကြည့်ချင်လို့ပါ
နာကျည်းခြင်း ကြက်ခြေခတ်နဲ့လည်းမခြစ်ခဲ့ပါနဲ့နော်
ငါတစ်ယောက်တည်း နေတဲ့အခါ
အချစ်က အမုန်း ဖြစ် သွားမှာစိုးလို့ပါ....
ဒီအတိုင်းပဲ အဖြူရောင် သံယောဇဉ်လေးကို
အရောင်မဆိုးပဲ ...ထားပီရင်ခုန်တတ်တဲ့
နှလုံးသားတံခါးကို ပိတ် ခဲ့ပါနော်....

Thursday, May 3, 2012

မကြာခင်

 
 မကြာခင်ပြန်တွေ့မှာပါနင့်ကိ
နင့်နှလုံးသားကိုငါကိုယ်တိုင် ဆေးချယ်ခွင့်ပေးပါ 
ငါနဲ့မကြာခင်ဆုံတဲ့အခါကြရင်ပေါ့

ဝမ်းနည်းတယ်

 

 

ငါဝမ်းနည်းတယ်
ငါမပြောဘူး ငါနာကျင်နေတယ် ငါဖုံးဖိထားတယ် ငါပေါက်ကွဲနေတယ် ငါအပြုံးနဲ့ နင့်ကိုပေးထားတယ် ငါ့ကို ငါ ဟန်ဆောင်မူတွေ များအောင်လည်းသင်ယူနေမိတယ်

အသည်းခွဲမိတာလဲ ?


ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ညာတာဟာ
ဘယ်သူမှအသည်းမခွဲဘဲ ကိုယ်ကိုယ်တိုင် ပြန် အသည်းခွဲတာပါတဲ့
ငါဘာလို့ ကိုယ့်ကိုယ် ကို အသည်းခွဲမိတာလဲ ?
 

ငါမှာတာ မမေ့နဲ့နော်

 
ငါမရှိရင် နင်ပျော်မှာပါ အရာတစ်ခုကို အနိုင်င်လိုချင်စိတ်နဲ့
ပြိုင်ငြင်းမဲ့ ငါမရှိတော့ဘူး ဆိုခဲ့ရင် နင် မျက်ရည်ကျမှာ မဟုတ်ပါဘူး
ဘာလိုလည်းဆိုတော့ နင် ငါ့ကို အရမ်းချစ်လို့လေ
ငါမရှိရင်ပျော်အောင်နေဆိုပြီး ငါ မှာခဲ့တာ နင်မမေ့ပါနဲ့ :')

 Sometimes, tears can express feelings easier than words. 'Cause you can't lie with the tears.


စိတ်ပူတယ်

It would be the same for me without you

 ဂရုမစိုက်ဘူး ဂရုမစိုက်ဘူးဆိုတာရဲ့ နောက်မှာ
ခပ်ပါးပါးလေး နင့်ကို ဂရုစိုက်နေပါတယ်
ဘာလုပ်လုပ် နင့်အတွက် စိတ်ပူနေတယ်

 

တိတ်တိတ်လေး

 

အတိတ်ကို ငါ့လက်မှာ ဆုပ်ကိုင်ခွင့်မှမရှိတာ
ငါကျေနပ်ပါတယ် နင်ပြောခဲ့တယ်လေ
အတိတ်မှာပဲ ငါပျော်ခဲ့တယ်ဆိုတာကိုပေါ့
ငါထွက်သွားရင်တောင် တိတ်တိတ်လေးပဲ ထွက်သွားမှာပါ

2.21

 
ခွဲထွက်သွားဖို့ ငါမပြောခဲ့သလို
လမ်းမခွဲပါနဲ့လို့လည်း ငါမတောင်းဆိုခဲ့ဘူးနော်

မထားရက်ခဲ့ဘူးနော်

 girl, sad, hurt
မေ့ဖို့ကြိုးစားပြီးလားလို့ နင်မေးတယ် ဖြေရှင်းချက်ကွဲလွဲနေတဲ့
အဖြေကို ငါ လက်ခံဖို့ မဖြစ်နိုင်ဘူး ဒါ့ကြောင့် ငါ နင့်နားက ခွဲထွက်သွားပါတယ်
အရာရာကို မသိခင်တုန်းက နင့်ကိုချစ်လွန်းလို့ ခေါင်းညိတ်ခဲ့ပါတယ်
အရာရာကို သိလာပြန်တော့လည်း နင့်ကို မစွန့်လွှတ်နိုင်လို့ ထပ်ပြီး နင်ကို နာကြဉ်းအောင်လုပ်ခဲ့မိတယ်
ဒါတောင် နင် က ငါအနားက ခွဲမထွက်သွားရက်ဘူးနော်

ငိုခဲ့မိ

 window, anime, depressed, sad, alone, solitude, girl
ခခယယ တောင်းပန်ဖို့ မစဉ်းစားဘူး
နူးနူးညံ့ညံ့ နဲ့ ရှင်းမပြချင်တော့ဘူး
ဒါပေမဲ့ နင့်ကို ကျောခိုင်းပြီး
ငါ့အခန်းငါပြန် ငိုပစ်လိုက်တာ ပိုကောင်းသွားမယ်ထင်တယ်
နင်ခွင့်လွှတ်ဖို့မတောင်းဆိုပါဘူး ငါနင်အပေါ်မှာအမှားတွေလုပ်ခဲ့တာကို  
  

You saying to me : "I'll never leave you alone." *-*


တိတ်တိတ်လေး


မသွားပါနဲ့လို့ မတားပါဘူး အရာရာကို ဆုံးရှုံးဖို့ ကြိုတွေးထားပါတယ် ပြဿနာတွေဖြစ်လာမှာကိုလည်း သိခဲ့တယ် ပျက်ကွက်တာတွေ များလာလို့ နင်ငါ့ကို စိတ်တိုတဲ့ အခါ ငါ တောင်းပန်ပါတယ်ပြန်ပြောနေမိတယ် စိတ်ထဲမှာတိတ်တိတ်ကလေးပြောလိုက်တာကတော့ လမ်းခွဲမသွားပါနဲ့နော်.............. ဆိုတဲ့
တောင်းပန်စကားလေး တစ်ခုတည်းပါ......... :(

နင်ကို

 love is pictures

###နင့်ကို နေကောင်းလား မေးတာ
ငါ့မှာ စကားပြောဖော်မရှိလို့မဟုတ်ပါဘူး♥♥

###နင့်ကို ချစ်တယ်ပြောတာ
ငါ့ အချစ်တွေ လေလွင့်လာလို့မဟုတ်ပါဘူး♥♥

###နင့်ကို လွမ်းတယ်ပြောမိတာ
ငါ့အလွမ်းတွေ မြေခ လာလို့မဟုတ်ပါဘူး♥♥

###နင်အသုံးပြုတတ်တဲ့ (ဂျီမေလ်း) နေရာမယောင်မလည်လာကြည့်မိတာ
ငါ့ လက်တွေက ခေါ်ဆောင်လာလို့မဟုတ်ပါဘူး♥♥

###နင့်ကို ဂရုတစိုက်လုပ်နေတာ
ငါ့အချိန်တွေပိုနေလို့ မဟုတ်ပါဘူး♥♥

###နင်နဲ့ပါတ်သက်ရင် ငါကသာ ခံစားရတာပါ
ငါပြောခဲ့သမျှတွေကိုတော့ နင်လိမ်နေတယ်လို

နင်ထင်နေတယ်မလား..
♥♥

_________အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ

ငါမှားလား

 love you picture
နင်က ငါ့၇ဲ့ ပထမဆုံးချစ်သူမဟုတ်ပေမဲ့ နင့်ကိုငါချစ်ပါတယ်
ချစ်တယ်ဆိုတဲ့စကားကို အပြင်မှာ ငါမပြောဖူးဘူး
နင့်ကိုတွေ့ရင်တော့ ငါ အဲ့စကားလေးပြောချင်တယ်
နင့်ကိုချစ်တာ မှားတယ်ဆိုရင်တောင် အဲ့ အမှားကို ငါတန်ဖိုးထား မြတ်နိုးမိမှာပါ  ♥